
မေ ၈ ရက်နှောင်းပိုင်းတွင် ထိုင်းရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးရလဒ်များအား ထုတ်ပြန်ခဲ့အပြီး၌ စစ်အစိုးရကျော ထောက်နောက်ခံပြုပါတီသည် အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာအား ဝန်ကြီးချုပ်အဖြစ် အာဏာဆက်လက်ချုပ်ကိုင်ခွင့်ပေးနိုင်ရန်အတွက် လုံလောက်သော အမတ်နေရာများရရှိနိုင်ရန် မဟာမိတ်ပါတီအ နည်းငယ်၏ ထောက်ခံမှုသာ လိုအပ်တော့ကြောင်း သိရသည်။
စစ်အစိုးရနှင့်ဆက်နွှယ်သော ပါလန် ပရာချရတ်ပါတီသည် အောက်လွှတ်တော်တွင် အမတ် ၁၁၅ နေရာအထိရရှိခဲ့ရာ စစ်အစိုးရခန့်အပ်ထားသည့် အထက်လွှတ်တော် အမတ် ၂၅၀ နှင့် ပေါင်းပါက ပါလီမန်တွင် အမတ်နေရာအများစုရရှိနိုင်ရန် အမတ် ၁၁ နေရာသာ လိုအပ်တော့သည်။
၂၀၁၄ ခုနှစ်တွင် စစ်ဘက်အာဏာသိမ်းမှုအပြီး ပထမဆုံးအကြိမ် ရွေးကောက်ပွဲအား မတ် ၂၄ ၌ ကျင်းပခဲ့ပြီးနောက်တစ်လကျော် အကြာတွင် နောက်ဆုံးရလဒ်များကို ထုတ်ပြန်ခဲ့ရာ စစ်အစိုးရဆန့်ကျင်သည့် ပြိုင်ဘက်ပါတီများက ချက်ချင်းစိန်ခေါ်ခဲ့ကြသည်။
ပါလန်ပရာချရတ်ပါတီခေါင်းဆောင် ဥတ္တမဆာဗာနာယာနာက ထိုရလဒ်များထွက် ပေါ်ခဲ့အပြီး ပါတီသည် အလုပ်လုပ်ရန်အသင့်ရှိနေပြီး ပြည်သူများထံပေးထားသည့် မူဝါဒများအတိုင်း ရှေ့ဆက်သွားမည်ဟု Facebook တွင် ထုတ်ပြန်ခဲ့သည်။ ကြိုတင်ရရှိသည့် အသာရမှုများရှိသော်လည်း စစ်အစိုးရလိုလားသည့်ပါတီသည် မဟာမိတ်ပါတီများထံမှ အကူအညီအနည်းငယ် လိုအပ်ဦးမည်ဖြစ်သည်။
အထင်ရှားဆုံး ဖြစ်နိုင်ခြေပါတီများမှာ အောက်လွှတ်တော်၌ အမတ်နေရာ ၅၀ ကျော် ရရှိထားကြသည့် Bhumjaitai နှင့် Democrat Party တို့ဖြစ်ကြသည်။ သို့သော် မည်သည့်ဆုံးဖြတ်ချက်မျှ မချရသေးကြောင်း ထိုပါတီနှစ်ရပ်စလုံးက မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုရွေးကောက်ပွဲသည် စစ်အစိုးရ ကျောထောက်နောက်ခံပြုပါတီနှင့် ဖြုတ်ချခံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ဆက်နွှယ်သည့် မဟာမိတ်များအကြား အားပြိုင်မှုဟု ရှုမြင်ခံခဲ့ရသည်။ ပါလီမန်ကို ၁၅ ရက်အတွင်း ခေါ်ယူချိန်တွင် ပါတီ ၂၇ ခုမှ အမတ်များက တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သည်။ မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရလဒ်များကြောင့် ခက်ခက်ခဲခဲညှိနှိုင်းရခြင်း၊ အပေးအယူလုပ်ရခြင်းနှင့် စိန်ခေါ်ခြင်းများကို ကြုံရနိုင်ခြေရှိသည်။
ဥပဒေကို အလွဲသုံးစားပြုမှု
သက်ဆင်ရှင်နာဝပ်နှင့်ဆက်နွှယ်သည့် ဖြူထိုင်းပါတီက အောက်လွှတ်တော်တွင် အမတ် ၁၃၆ နေရာအထိရရှိခဲ့ရာ ဝန်ကြီးချုပ်ဖြစ်လာရန် ကြိုးပမ်းနေသော ပရာယွတ်အတွက် တရားဝင်မှုဆိုင်ရာ အကျပ်အတည်း ရင်ဆိုင်ရစေမည်ဖြစ်သည်။ အမတ်နေရာရေတွက်ရန် အသုံးပြုသည့်နည်းအား ဥပဒေကြောင်းအရ စိန်ခေါ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည့် ဖြူထိုင်းပါတီက ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်သည် ဥပဒေအား ရည်ရွယ်ချက်ရှိရှိ အလွဲသုံးစားပြုမှုဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆန့်ကျင်မှုဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
လူထုထောက်ခံမဲရရှိမှုတွင် တတိယအများဆုံးဖြစ်ခဲ့ပြီး အမတ်နေရာ ၈၀ ရရှိခဲ့သော လူငယ်ထုအခြေပြု ဘီလျံနာထာနာ သွန်းဂျူအန်ဂရွန်းဂရူအန်ကစ် ဦးဆောင်သော Future Forward ပါတီအပါအဝင် အခြားပါတီခြောက်ခုနှင့်ပူးပေါင်း၍ ဖြူထိုင်းက အောက်လွှတ်တော်တွင် မဟာမိတ်ဖွဲ့ထားသည်။ ဒီမိုကရေစီစနစ်ကို ရှေ့ဆက်နိုင်ရန် ပရာယွတ်အား ဝန်ကြီးချုပ်နေရာအတွက် မထောက်ခံသည့် မည်သည့်ပါတီနှင့်မဆို ဆွေးနွေးရန်အသင့်ရှိသည်ဟု ထာနာသွန်းက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်