Top News

ကောက်ပဲသီးနှံကြွယ်ဝမည်ဟု ဟောကိန်းထုတ်သော လယ်ထွန်မင်္ဂလာပွဲကို ထိုင်းဘုရင်သစ် ကြည့်ရှု
24htopnews | December 11, 2024 8:12 PM CST

နန်းတက်စ ဘုရင်မဟာဝိဇယလောင် ကွန်းတက်ရောက်ကြည့်ရှုခဲ့သော နှစ်စဉ်ပြုလုပ်နေကျ ရိုးရာပွဲတစ်ခု$ မြင့်မြတ်သော နွားဖြူတစ်ရှဉ်းက မြက်နှင့်ဆန်တို့ကို တမြုံ့ မြုံစားကာ နွားတို့ကို ရေဖြန်းမင်္ဂလာပြုခဲ့ပြီးနောက် ဗေဒင်ဆရာတို့က ကောက်ပဲသီးနှံကြွယ်ဝမည်ဟု မေ ၉ ရက်တွင် ခန့်မှန်းခဲ့ကြသည်။ ထိုင်းနိုင်ငံ၏ ကံကြမ္မာကို အမှတ်အသားပြုနေသော တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားကို ဘုရင်နှင့် မိဖုရားသစ် သုသီတာတို့က ကြည့်ရှုခဲ့ကြသည်။ ဟိန္ဒူဗြဟ္မဏပုဏ္ဏားနှစ်ဦး ဦးဆောင်သော အရောင်အသွေးစုံလင်လှသည့်ပွဲ၌ တံပိုးခရာသံဖြင့် နွားဖြူတစ်ရှဉ်းက လယ်ကွင်းဆီလျှောက်သွားသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုင်းရိုးရာဝတ် စုံကိုဝတ်ဆင်၍ စံပယ်ပန်းထည့်ထားသော လင်ဗန်းများကိုင်ထားသည့် အမျိုးသမီးများသည် အနီရောင်ဝတ် ဂီတပညာရှင်များ တီးခတ်သည့် စည်တော်သံဖြင့် နွားများ၏နောက်မှ လိုက်သွားခဲ့ကြသည်။ ၁၃ ရာစုကတည်းက စတင်ခဲ့သော အခမ်းအနားသည် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သော ထိုင်းနိုင်ငံအတွက် စိုက်ပျိုးရာသီအစကို ကိုယ်စားပြုသည်။ တော်ဝင်ဗေဒင်ဆရာတို့သည် လယ်ထွန်ပြီးနောက် နွားတို ့ရွေးချယ်စားသုံးသော အစားအစာများကိုမူတည်၍ ခန့်မှန်းချက်များ ထုတ်ကြသည်။ နွားတို့ကို ငှက်ပျောရွက်ဖြင့် ထုတ်ထားသော ဆန်၊ ပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ အရက်၊ ရေ၊ မြက်တို့ကို ကျွေးထားသည်။ ခုနစ်မျိုးကျွေးထားသည့်အနက် နွားတို့သည် ယခုနှစ်တွင် ထမင်း၊ မြက်နှင့် ရေတို့ကိုစားရန် ရွေးချယ်ခဲ့ကြသည်ဟု စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး မီဆက်ပက်ဒီကွန်က ဘုရင်နှင့် မိဖုရားတို့ကို လျှောက်ထားခဲ့သည်။       Ref ; AFP


READ NEXT
Cancel OK