Top News

လူသားများကြောင့် ကမ္ဘာ့အရှည်ဆုံးမြစ်များ၏ သုံးပုံနှစ်ပုံခန့် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့ဟု လေ့လာမှုတစ်ခုက ဖော်ပြ
24htopnews | December 11, 2024 8:12 PM CST

ဆည်များ၊ ရေလှောင်ကန်များနှင့် လူသားတို့လုပ်ဆောင်သည့် အခြားဆောက်လုပ်ရေးများကြောင့် ကမ္ဘာ့အရှည်ဆုံးမြစ်များ၏ သုံးပုံနှစ်ပုံနီးပါးခန့်သည် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး ကမ္ဘာပေါ်ရှိ အရေးအကြီးဆုံး ဂေဟစနစ်အချို့သည်လည်း ပြင်းပြင်းထန်ထန် ပျက်စီးခဲ့သည်ဟု သုတေသနပညာရှင်များက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရ ဂြိုဟ်တုအချက်အလက်နှင့် ကွန်ပျူတာဆော့ဖ်ဝဲတို့ကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ကီလိုမီတာများစွာရှည်သည့် မြစ် ၁၂ သန်း၏ ဆက်စပ်မှုကို လေ့လာဆန်းစစ်ခဲ့ပြီး ကမ္ဘာ၏ ရေကြောင်းများအပေါ် လူသားများက အကျိုးသက်ရောက်မှုနှင့်ပတ်သက်သည့် ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာအကဲဖြတ်မှုကို ထုတ်ပြန်ပေးခဲ့သည်။

ကီလိုမီတာ ၁ç၀၀၀ (မိုင် ၆၀၀) ကျော် ရှည်သည့် မြစ် ၉၁ စင်းအနက် ၂၁ စင်းမျှသာ မြစ်ဖျားခံရာနေရာနှင့် ပင်လယ်အကြား တိုက်ရိုက်စီးဆင်းနိုင်ဆဲဖြစ်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။

အရှည်ဆုံးမြစ် ၂၄၂ စင်း၏ သုံးပုံတစ် ပုံ (၃၄ ရာခိုင်နှုန်း) ကျော်သာလျှင် အတားအဆီးမဲ့စီးဆင်းနေကြောင်း၊ ယင်းသို့စီးဆင်းမှုသည် ကမ္ဘာ၏ ဇီဝမျိုးစုံအတွက် ကြီးမားသော သက်ရောက်မှုရှိကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ကျန်ရှိနေသေးသည့် အတားအဆီးမဲ့ စီးဆင်းနေဆဲ မြစ်အများစုသည် အာတိတ်၊ အမေဇုန်နှင့် ကွန်ဂိုမြစ်ဝှမ်းများ၏ ဝေးလံသည့်ဒေသများတွင် စီးဆင်းနေသည်ဟု ယင်းလေ့လာမှုတွင် ဖော်ပြခဲ့သည်။

မေ ၈ ရက်တွင် Nature ၌ ဖော်ပြခဲ့သည့် လေ့လာမှုတွင်မူ လူသားတို့၏ လုပ်ဆောင်မှုကြောင့် မြစ်များအပေါ် စိုးရိမ်ဖွယ်အကျိုးသက်ရောက်မှုရှိသည်ကို အသေးစိတ်ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ စုစုပေါင်းဆည်အရေအတွက် ၂.၈ သန်းအနက် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေသည့် ၁၅ မီတာထက်မနည်း ရှည်သောမြစ်များတွင် ကြီးမားသည့် ဆည် စုစုပေါင်း ၆၀ç၀၀၀ ရှိသည်ဟု ယင်းလေ့လာမှုတွင် ခန့်မှန်းဖော်ပြခဲ့သည်။

လတ်တလောတွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် ရေအားလျှပ်စစ်စီမံကိန်း  ၃,၇၀၀ ကျော်ကိုလည်း ယင်းလေ့လာမှုတွင် ဖော်ပြခဲ့သည်။

ရေအားလျှပ်စစ်သည်  ရေနံ၊ သဘာဝဓာတ်ငွေနှင့် ကျောက်မီးသွေးတို့ထက် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုတွင် သိသိသာသာ သန့်စင်သော်လည်း ဆည်များ၊ ရေလှောင်တမံများပါဝင်သည့် ဧရာမရေအား လျှပ်စစ်စီမံကိန်းများသည်  ကြိုတင်မခန့်မှန်းနိုင်သော အပျက်သဘောဆောင်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်ဟု သုတေသနပညာရှင်များက အလေးအနက်ထား ပြောကြားခဲ့သည်။

Ref ; AFP


READ NEXT
Cancel OK