Top News

တောင်ကိုရီးယားသမ္မတအား ဒုတိယအကြိမ်မြောက် စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲဆုံးဖြတ်မှုကို ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်မည်
24htopnews | December 12, 2024 1:12 AM CST

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုအား ဒုတိယအကြိမ်မြောက် လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲဆုံးဖြတ်မှုကို ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်သွားမည်ဟု အတိုက်အခံပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျိုဆန်လဲ့က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး ယွန်းအား ပထမအကြိမ် စွပ်စွဲပြစ်တင်ရေးအဆိုကို ဒီဇင်ဘာ ၇ ရက်ညပိုင်းက လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက သပိတ်မှောက်ခဲ့သဖြင့် လုံလောက်သည့်ထောက်ခံမဲမရခဲဘဲ ယွန်းသည် စွပ်စွဲပြစ်တင်ခံရမည့်အရေးမှ လွတ်မြောက်ခဲ့သည်။

ထို့နောက် အတိုက်အခံများက ယွန်းအား နောက်တစ်ကြိမ် စွပ်စွဲပြစ်တင်ရန် ကြိုပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲဆုံးဖြတ်မှုကို ဒီဇင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်” ဟု အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဂျိုက ပြောကြားခဲ့သည်။


READ NEXT
Cancel OK