
ဟောင်ကောင်တွင် တရုတ်အစိုးရ၏ ထိန်းချုပ်မှုများ မြင့်တက်နေချိန်တွင် ပြီးခဲ့သည့်နှစ်အတွင်း ထိုင်ဝမ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ဟောင်ကောင်ဒေသခံအရေအတွက်မှာ စံချိန်သစ်တင်ခဲ့သည်ဟု ထိုင်ဝမ်က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များတွင်ဖော်ပြခဲ့သည်။
ထိုင်ဝမ်သည် အိမ်ငှားခများမြင့်တက်နေပြီး ပရမ်းပတာဖြစ်နေသည့် ဟောင်ကောင် မှ ပြောင်းရွှေ့လိုသူများအတွက် ယခင်ကတည်းက ဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်ခဲ့သည်။သို့သော်လည်း ၂၀၁၉ ခုနှစ်က ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် အစိုးရအ တိုက်အခံများကို နှိမ်နင်းရန် တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေချမှတ်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ပြောင်းရွှေ့ခဲ့သည့် ဟောင်ကောင် ဒေသခံအရေအတွက်မှာ အဆမတန်မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်တွင် နေထိုင် ခွင့်ရရှိခဲ့သည့် ဟောင်ကောင်ဒေသခံအရေအတွက်မှာ ၁၃၀၀၀ နီးပါးရှိခဲ့သည်ဟု ထိုင်ဝမ်၏ အမျိုးသား လူဝင်မှု အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
၎င်းတို့အနက် ၁၁၁၇၃ ဦးမှာ ကာလတို နေထိုင်ခွင့်ရရှိခဲ့ကာ ၁၆၈၅ ဦးမှာ အမြဲတမ်း နေထိုင်ခွင့်ရရှိခဲ့သည်ဟု ဆိုုသည်။
၂၀၂၀ ပြည့်နှစ်တွင် ထိုင်ဝမ်၌ ကာလတို နေထိုင်ခွင့်ဗီဇာရရှိသည့် ဟောင်ကောင် ဒေသခံ ၁၀၈၁၃ ဦးရှိခဲ့ပြီး ယင်းအရေအတွက်သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆမြင့်တက်ခဲ့သည်။
ယခင်က ထိုင်ဝမ်သို့ စံချိန်တင်ပြောင်းရွှေ့ခဲ့သည့် ဟောင်ကောင်ဒေသခံ အရေအတွက်မှာ ၇၅၆၀ ဦးဖြစ်ပြီး ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသည် ့umbrella လှုပ်ရှားမှုကာလဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် ဖြစ်သည်။
ထိုင်ဝမ်တွင် ခိုလှုံခွင့် သို့မဟုတ် ဒုက္ခသည် ဥပဒေမရှိသကဲ့သို့ အာဏာရှင်ဆန်သည့် တရုတ်ပြည်မကြီးမှ လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်လာမည့်အရေးကို စိုးရိမ်မှုကြောင့် ဒုက္ခသည်အဖြစ် လျှောက် ထားမှုကိုလည်း လက်မခံခဲ့ပေ။
မည်သို့ပင်ဆိုစေ ဟောင်ကောင်ဒေသခံများမှာမူ ရင်းနှီးမြှုပ်နှံမှုဗီဇာများအပါအဝင် အခြားလမ်းကြောင်းများမှတစ်ဆင့် ထိုင်ဝမ်တွင် နေထိုင်ခွင့် လျှောက်ထားနိုင်သည်။
ထိုင်ဝမ်သမ္မတ ဆန်အင်ဝမ်အစိုးရအဖွဲ့သည် ဟောင်ကောင်၏ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်းပြသခဲ့ပြီး ထိုင်ဝမ်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး နေထိုင်ခွင့်ရရှိ ရန်ကြိုးပမ်းနေသည့် ဟောင်ကောင်ဒေသခံများ၏ အရေးကို ဖြေရှင်းရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်းက ဟောင်ကောင်၏ စာအုပ်ရောင်းချသူ လမ်ဝင်ကီ နှင့် အနုပညာရှင် ကေစီ ဝေါင်တို့အပါအဝင် အထင်ကရ အတိုက်အခံအချို့သည် ထိုင်ဝမ်တွင် ခိုလှုံခွင့်တောင်းခံခဲ့သည်။
သို့သော်လည်း တရုတ်၏ ကျူးကျော်ဝင်ရောက်မည့် ခြိမ်းခြောက်မှုများအောက်တွင် ရှိနေသည့် ထိုင်ဝမ်သည် အမျိုးသားလုံခြုံရေး စိုးရိမ်မှုများကြောင့် အချို့ ခိုလှုံခွင့်လျှောက်ထားမှုများကို ငြင်းပယ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်အစိုးရသည် ဟောင်ကောင် ရုပ်ရှင်လောကမှ သြဇာကြီးမားသည့် သူဌေးကြီးတစ်ဦးဖြစ်သည့် ချားလ်စ်ဟွမ်၏ နေထိုင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ခဲ့သည်။ ချားလ်စ်ဟွမ်၏ မိသားစုမှာ တရုတ်အာဏာပိုင်များနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသဖြင့် အမျိုးသားလုံခြုံရေး စိုးရိမ်မှုများကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်ဝမ် အစိုးရက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်