Top News

COVID-19 စည်းမျဉ်းများအပေါ် စိတ်မရှည်နိုင်တော့သည့် ဂျပန်နိုင်ငံသားများ
24htopnews | December 12, 2024 5:12 PM CST

ဂျပန်နိုင်ငံတွင် သီတင်းတစ်ပတ်ကြာ အားလပ်ရက်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်လာကြသူများဖြင့် ရထားများတွင် ခရီးသည်များပြည့်သိပ်ကျပ်နေသည်။ဘားများပိတ်ထားသောကြောင့် လူငယ်များသည် လမ်းများပေါ်တွင် အရက်သောက်နေကြသည်။ အိုလံပစ်အရာရှိချုပ်၏ အလည်အပတ် ခရီးစဉ်အပေါ်ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်နေသည်။

တိုကျိုအိုလံပစ် မတိုင်မီရက်သတ္တပတ် ၁၁ ပတ်အလိုခန့်၌ ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အနည်းဆုံးတွင် ပါဝင်နေသည့် ဂျပန်နိုင်ငံတွင် လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးအခြေအနေ နှစ်မျိုးလုံးတွင် ရုန်းကန်နေရသည့် လက္ခဏာများကို မြင်တွေ့နေရသည်။

ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသော်လည်း ကပ်ရောဂါကြောင့် နိုင်ငံသားများက ကန့်ကွက်နေသည့် အားကစားအခမ်းအနားကြီးကို ပြုလုပ်ရန် ကြိုးပမ်းနေသည့်အစိုးရသည် တိုကျိုမြို့တော်နှင့်အခြားဒေသများတွင် မေ ၃၁ရက်အထိ အရေးပေါ်အခြေအနေ ထပ်တိုးထုတ်ပြန်ခဲ့သည်။

အိုလံပစ်ပွဲကို ကျင်းပရန်ဆုံးဖြတ်မှုအပေါ် နိုင်ငံသားများ၏ဝေဖန်မှုများမြင့်တက်နေခြင်းကြောင့် ဝန်ကြီးချုပ် ယိုရှီဟီဒေဆူဂါအတွက်မူ အရေးပေါ်အခြေအနေ ကြေညာခြင်းသည် ကျန်းမာရေးကန့်သတ်ချက် စည်းမျဉ်းများနှင့်နိုင်ငံရေး ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရခြင်းဖြစ်သည်။

ဂျပန်သည် ကူးစက်မှုများကို တားဆီးနိုင်ရန်တင်းကျပ်သည့် Lockdown ချမှတ်မှုကို အကောင်အထည်ဖော်မှုအား ရှောင်လွှဲခဲ့ပြီး လွန်ခဲ့သော အရေးပေါ်အခြေအနေ ထုတ်ပြန်မှုသည် လူများနှင့်စီးပွားရေးလုပ်ငန်းများသည် ယင်းပြဋ္ဌာန်းချက်များအပေါ်လျစ်လျူရှုခဲ့သည်။

ထို့နောက် စည်းမျဉ်းများကို တင်းကျပ်ခဲ့သော်လည်း ပြည်သူများ၏ စိတ်မရှည်မှုနှင့် ပူးပေါင်းလိုစိတ် လျော့နည်းမှုများကြောင့် အရေးပေါ်ထုတ်ပြန်ချက်များမှာ သက်ရောက်မှု လျော့နည်းခဲ့သည်။

တိုကျို၊ အိုဆာကာနှင့် နိုင်ငံအနောက်ပိုင်း ယိုဂိုစီရင်စုများတွင် လက်ရှိထုတ်ပြန်ထားသော အရေးပေါ်အခြေအနေသည် မေ ၁၁ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။တာဝန်ရှိသူများက ယင်းနေရာများနှင့် နိုင်ငံအလယ်ပိုင်း အိုက်အီချီနှင့် တောင်ပိုင်း ဖူကူအိုကာစီရင်စုများတွင် အရေးပေါ်အခြေအနေ ထပ်တိုးထုတ်ပြန်လိုက်ကြောင်း ဆူဂါက မေ ၇ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရွှေရောင်သီတင်းပတ် အားလပ်ရက်ပြီးနောက် နှစ်ရက်အကြာ မေ ၇ ရက်တွင် နိုင်ငံသားများသည် ၎င်းတို့၏နေ့စဉ် လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်ခဲ့ကြသည်။

လွန်ခဲ့သည့်လက တိုကျိုမြို့တော်တွင် အရေးပေါ်အခြေအနေ စတင်ထုတ်ပြန်ခဲ့ချိန်တွင် ကူးစက်ခံရသူသစ် ၆၃၅ ဦးမှ ၉၀၇ ဦးထိမြင့်တက်ခဲ့သော်လည်း နေ့အလိုက်ကူးစက်ခံရသူသစ် ၁၀၀ သာ ရှိရန်ရည် မှန်းချက်ထက် များစွာကွာဝေးလွန်းနေသည်ဟု ကျွမ်းကျင်သူများကအကြံပြုထားသည်။

အားလပ်ရက်အတွင်း စစ်ဆေးသည့်စင်တာများနှင့် ဆေးရုံများကို ပိတ်ထားသောကြောင် လူအနည်းကိုသာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးနိုင်ခဲ့သည့်အတွက်ထိုအချိန်တွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် အမှန်တကယ် ကူးစက်ခံရသူဦးရေအပေါ် သက်ရောက်မှုမရှိနိုင်ဟု တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများကဆိုသည်။

နေအိမ်တွင်သာ နေထိုင်ရန် အကြံပြုထားသော်လည်း အားလပ်ရက်အတွင်း လူအများအပြားသည် ကျိုတိုနှင့်နာရာမြို့များရှိ ခရီးသွားများလာရောက်ရာနေရာများတွင် လွန်ခဲ့သည့်နှစ်ထက် ပိုမိုများပြားနေသည်ကိုတွေ့ရှိခဲ့သည်။

ဘားများပိတ်ထားမှုနှင့်အတူ လူငယ်များသည် ဘီယာများနှင့်မုန့်များကို ယူဆောင်၍ တိုကျိုမြို့တော်ရှိ လမ်းများနှင့် ဥယျာဉ်များတွင် သောက်သုံးနေကြသည်။အားလပ်ရက်ကုန်ဆုံးချိန်၌ နေအိမ်တွင်သာ အလုပ်လုပ်ကြရန်အစိုးရက တောင်းဆိုထားသော်လည်း လူအများအပြားသည်အလုပ်များကို သွားရောက်ကြသော်ကြောင့် ရထားများတွင်လူများ ပြည့်ကျပ်နေသည်။

မေ ၁၇ ရက်တွင် နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဌ သောမတ်ဘတ်ချ်သည် ဂျပန်သို့လာရောက်မည်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကနောက်ဆုုတ်ခဲ့သော နွေရာသီအိုလံပစ်ပွဲများကို ယခုနှစ် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ပြုလုပ်ရန်သတ်မှတ်ထားသည်။

အစိုးရသည် ဖေဖော်ဝါရီလလယ်ပိုင်း၌ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်စတင်ချိန်ကတည်းက လူဦးရေ၏ ၂ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည့်အတွက် ၎င်း၏နှောင့်နှေးကြန့်ကြာနေသော ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အပေါ်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။                              


READ NEXT
Cancel OK