
အိန္ဒိယနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ် မျိုး ကွဲသစ်သည် အလွန်ကူးစက်မြန်ကာ ကာ ကွယ်ဆေး၏ ကာကွယ်နိုင်စွမ်းကို ရှောင်တိမ်းနိုင်ခြေရှိပြီး နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက် ခံရသူ ပိုုမိုများပြားရသည့် အကြောင်းအရင်း ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ သိပ္ပံပညာရှင် ဆိုမြာဆွာမီနာသန်က မေ ၈ ရက်၌ ပြောကြားခဲ့သည်။
“အခုလက်ရှိ ကျွန်မတို့မြင်တွေ့နေတဲ့ အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါ ဆိုင်ရာ အင်္ဂါရပ်များသည် အလွန့်အလွန် ကူးစက်မြန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ဖြစ်ပါ တယ်” ဟု ဆွာမီနာသန်က ဆိုသည်။
အိန္ဒိယတွင် မေ ၈ ရက်၌ ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သေဆုံးသူ ၄,၀၀၀ ကျော်အထိ ပထမဆုံးအကြိမ် စံချိန်တွင်မြင့်တက်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၄၀၀,ဝဝဝကျော် ရှိခဲ့သည်။
နယူးဒေလီမြို့တော်တွင် ဗိုင်းရပ်စ်ကူး စက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရပြီး ကူးစက်ခံရသူဦးရေ များပြားမှုကြောင့်ကျန်း မာရေးစောင့်ရှောက်မှု စနစ်ယိုယွင်းကာ ကျွမ်းကျင်သူများကမူ တရားဝင် ကူးစက်ခံရ သူနှင့် သေဆုံးသူဦးရေသည် အမှန်တကယ် ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေထက် အလွန်လျော့နည်းနေသည်ဟု သံသယရှိနေ သည်။
အိန္ဒိယနိုင်ငံသား အထူးကုဆရာဝန်နှင့် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဆွာမီနာသန် ကလွန်ခဲ့သည့်အောက်တိုဘာလက ပထမဆုံး အကြိမ် စတင်တွေ့ရှိခဲ့သည့်B1 617 ဗိုင်း ရပ်စ်မျိုးကွဲသစ်သည် ၎င်း၏အမိမြေဖြစ် သော အိန္ဒိယတွင် ကူးစက်ခံရသူ အဆမတန် ပိုမိုများပြားလာရသည့် အကြောင်းအရင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
“အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူအ ဆမတန်များပြားလာစေတဲ့ အကြောင်းအရင်း တွေရှိပြီး ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူး စက်ပျံ့နှံ့နေခြင်းက အကြောင်းအရင်းတစ် ရပ်ဖြစ်တယ်” ဟု အသက် ၆၂ နှစ်အရွယ် ဆွာ မီနာသန်က ပြောကြားခဲ့သည်။
B.1 617 ဗိုင်းရပ်စ်မျိုးကွဲသစ်တွင် ဗီဇပြောင်းသည့် အချက်တစ်ခုမက နှစ်ခုရှိနေ သည့်အတွက် ၎င်းအား မျိုးကွဲသစ် နှစ်ကိုယ်ခွဲဟု သိပ္ပံပညာရှင်တွေကြား ရည်ညွှန်းသုံးနှုန်း လေ့ရှိကြသည်။
ယင်းမျိုးကွဲသစ်သည် မူလဗိုင်းရပ်စ်မျိုး ဗီဇထက် ပိုမိုကူးစက်မြန်စေနိုင်ပြီး ပိုမိုသေဆုံး နိုင်ခြေရှိသည့်အပြင်ယခင်ကာကွယ်ဆေး၏ကာကွယ်နိုင်စွမ်းကိုလည်း လျှော့နည်းစေသည်။
အမေရိကန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံ အများအပြားရှိ ကျန်းမာရေးအာဏာပိုင်များ ကလည်း ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်အား စိုးရိမ် ဖွယ်ကောင်းသည့် မျိုးကွဲသစ်ဟုယူဆထားပြီး WHO အနေဖြင့် ယင်းမျိုးကွဲသစ်နှင့်ပတ်သက် ၍ မကြာမီ လေ့လာသွားမည်ဟုမျှော်မှန်းထားကြောင်း ဆွာမီနာသန်က ပြောကြားခဲ့သည်။
သို့သော် ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့်သေ ဆုံးသူမြင့်တက်ရခြင်း၏ အကြောင်းရင်းထဲ တွင်ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခုတည်း ကြောင့် မဟုတ်ဘဲ ကန့်သတ်ချက်စည်းမျဉ်းများလိုက် နာဆောင်ရွက်မှု အားနည်းခြင်း၊ လူမှုရေးဆိုင် ရာ ကြီးမားသည့် ရောယှက်မှုများပြုလုပ်ခြင်းနှင့် လူစုလူဝေးပြုလုပ်မှုကြောင့်လည်းယခုကဲ့သို့ ကူးစက်ခံရသူနှင့် သေဆုံးသူမြင့်တက် ရခြင်းဖြစ်ကြောင်း ဆွာမီနာသန်က ထပ်မံ ပြောကြား ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်