
လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာ ရွေးချယ်ပွဲ၌ နိုင်ငံခြားရေးဝန်ကြီး ဂျရမီးဟန့်ကို အနိုင်ရရှိကာ ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်နေရာကို ရရှိခဲ့ကြောင်း သိရသည်။ ဂျွန်ဆင်သည် ကွန်ဆာဗေးတစ်ပါ တီဝင်များ၏ မဲပေးမှုတွင် ဟန့်ကို ၉၂၁၅၃ မဲ - ၄၆၆၅၆ မဲဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဘောရစ်ဂျွန်ဆင်သည် ဇူလိုင် ၂၄ ရက်တွင် ရာထူးမှ ထွက်ခွာတော့မည့် ဝန်ကြီးချုပ် ထရီဆာမေ၏နေရာသို့ တရားဝင် ဝင်ရောက်မည် ဖြစ်သည်။
ယင်းသည် ထိုထိပ်တန်းရာထူးအား အမြဲတမ်းလိုလားသူ ဂျွန်ဆင်အတွက် အောင်ပွဲတစ်ရပ်ဖြစ်သော်လည်း ၎င်း၏ဟာသများနှင့် လေလုံးထွားမှုများအတွက်လည်း လူသိများသည့် ဂျွန်ဆင်သည် ဧရာမနိုင်ငံရေး ကသောင်းကနင်းကာလကို ဆက်ခံရမည် ဖြစ်သည်။ ဥရောပသမဂ္ဂမှ ထွက်ခွာရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ဗြိတိန်သည် ထိုထွက်ခွာ ရေးအစီအစဉ်အား နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီး မည်သို့ရှေ့ဆက်မည်နှင့်ပတ်သက်၍ ပါလီမန်တွင်သာမက နိုင်ငံထဲတွင်လည်း သဘောထားကွဲလွဲနေချိန်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ရှိနေဆဲဖြစ်သည်။
ဂျွန်ဆင်သည် ၂၀၁၆ ခုနှစ်တွင် Brexit လှုပ်ရှားမှုအား ဦးဆောင်ခဲ့ပြီး ထွက်ခွာမည်ဟု နောက်ဆုံးသတ်မှတ်ထားသည့် အောက်တိုဘာ ၃၁ ရက်တွင် ဥရောပသမဂ္ဂနှင့် အပေးအယူ သဘောတူညီချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ထွက်ခွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ရာထူးမှ ထွက်ခွာသွားသည့် ဝန်ကြီးချုပ်ဟောင်း ထရီဆာမေနှင့် ညှိနှိုင်းရရှိထားသည့် Brexit သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းသွားမည် မဟုတ်ကြောင်း ဘရပ်ဆဲလ်က သတိပေးထားသည်။
ဂျွန်ဆင်၏ လုပ်ဖော်ကိုင်ဖက်အများ အပြားအပါအဝင် ဥပဒေပြုအမတ် အများစုက အပေးအယူမပါသော Brexit သဘောတူညီချက်ကို ဆန့်ကျင်ထားကြသည်။ အစိုးရ အဖွဲ့ဝင်ဝန်ကြီး သုံးဦးကလည်း ဂျွန်ဆင်လက်အောက်တွင် ထမ်းဆောင်မည်မဟုတ်ကြောင်း ပြောကြားထားပြီး ဗြိတိန်၏ အနီးကပ်ဆုံးကုန်သွယ်ဖက် ဥရောပသမဂ္ဂနှင့် မည်သည့်စီစဉ်မှုသစ်မျှ မပါဘဲ ထွက်ခွာမှုသည် အလွန်အမင်း တာဝန်မဲ့ရာကျကြောင်း ပြောကြားခဲ့ကြသည်။
ဥရောပသမဂ္ဂနှင့် အပေးအယူမပါဘဲ ထွက်ခွာမည်ဆိုပါက ဗြိတိန်သည် နှစ်နှင့်ချီကြာမြင့်သည့် စီးပွားရေးကျဆင်းမှုကို ကြုံရနိုင်ကြောင်း အစိုးရက ပြီးခဲ့သောသီတင်းပတ်တွင် ခန့်မှန်းထားသည်။
Brexit နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ လအနည်းငယ်သာ ကျန်တော့ချိန်တွင် ဂျွန်ဆင်သည် လာမည့်ရက်များအတွင်း ၎င်း၏ အစိုးရအဖွဲ့နှင့် အခြားထိပ်တန်းရာထူးများကို ကြေညာဖွယ်ရှိသည်။ မေ၏ အစိုးရသည် လတ်တလောတွင် အမတ်နေ ရာ ၆၅၀ ရှိသော အောက်လွှတ်တော်၌ နှစ်နေရာတည်းဖြင့် အသာရထားရာ မြောက်အိုင်ယာလန်မှ Democratic Unionist Party (DUP) ၏ အမတ် ၁၀ ဦးဖြင့် မဟာ မိတ်ဖွဲ့မှုမှတစ်ဆင့် ကျော်ဖြတ်နိုင်ခြေရှိသည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်