
အာဆတ်အစိုးရမရှိတော့သည့်နောက် ဆီးရီးယားနိုင်ငံတွင်းရှိ စစ်လက်နက်ပစ္စည်းများ အစွန်းရောက်များ၏ လက်ထဲမကျရောက်စေရန် ရှင်းလင်းသည့် အနေဖြင့် ဆီးရီးယားရေတပ်သင်္ဘောစုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုထားသည်။
အစ္စရေးစစ်တပ်၏ထုတ်ပြန်ချက်တွင် Al-Bayda နှင့် Latakia ရှိဆိပ်ကမ်းများကို ဒီဇင်ဘာ ၉ ရက်ညက တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၁၅ စင်းဆိုက်ကပ်ထားသည်ဟု ဖော်ပြထားသည်။
အစ္စရေးမြေပြင်တပ်ဖွဲ့များက ဆီးရီးယားနှင့် ဂိုလန်ကုန်းမြင့်ဒေသကြား စစ်မဲ့ဇုန်အတွင်းသို့လည်း ရောက်ရှိနေပြီဖြစ်ပြီး တစ်ဖက်တွင် အစ္စရေးစစ်လေယာဉ်များက ဆီးရီးယားအနှံ့ လေကြောင်းတိုက်ခိုက်မှု ၃၅၀ ကျော်ပြုလုပ်ခဲ့သည်ဟု အစ္စရေးစစ်တပ်ကဆိုသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အစ္စရေးနိုင်ငံတော်ကိုခြိမ်းခြောက်နေသည့် မဟာဗျူဟာအင်အားများကို ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ရေတပ်သင်္ဘောစုကိုတိုက်ခိုက်သည့်စစ်ဆင်ရေး အလွန်အောင်မြင်သည်ဟု ကြေညာခဲ့သည်။
အစ္စရေးစစ်တပ်က မြို့တော်ဒမတ်စကတ်၊ ဟုမ်းစ် ၊ တာတပ်စ်နှင့် ပါမီရာမြို့ကြီးများကို ပစ်မှတ်ထားခဲ့ပြီး ၎င်းနေရာများရှိ လေယာဉ်ကွင်းများ ၊ စစ်ကားများ ၊ လေယာဉ်ခွင်းလက်နက်များ၊ လက်နက်ထုတ်လုပ်သည့်နေရာများ၊ လက်နက်သိုလှောင်ရုံများကို ချိန်ရွယ်တိုက်ခဲ့သည်။ အစွန်းရောက်သမားများ ၎င်းလက်နက်များကို ရမသွားစေရန် ဖျက်ဆီးရခြင်းဖြစ်သည်ဟုလည်း အစ္စရေးစစ်တပ်ကပြောသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အာဆတ်ကိုဖြုတ်ချလိုက်သည့် HTS အတိုက်အခံသူပုန်အဖွဲ့ကို ဗီဒီယိုမက်ဆေ့ဖြင့် သတိပေးထားပြီး အီရန်အား ဆီးရီးယားတွင် ပြန်လည်နေရာပေးမည်ဆိုပါက အစ္စရေးဘက်ကလည်းတုံ့ပြန်ရလိမ့်မည်ဟု ဆိုထားသည်။သို့သော် ဆီးရီးယားအစိုးရသစ်နှင့် ဆက်ဆံရေးပြေပြေလည်လည်ဖြစ်လိုကြောင်း နေတန်ရာဟုက သူပုန်အဖွဲ့ကို ပြောဆိုထားပြီးဖြစ်ကာ အစ္စရေးဝင်ပါနေခြင်းက ကာကွယ်ရေးအတွက်ပါဟု အသိပေးထားသည်။အစ္စရေးစစ်တပ်က ဆီးရီးယားပိုင်နက်အတွင်း ၎င်းတို့ စစ်သားများရောက်နေခြင်းကို ဝန်ခံသော်လည်း မြို့တော်သို့ အစ္စရေးတင့်ကားများ ချဉ်းကပ်လာသည့်သတင်းက သတင်းအမှားဟု ဘီဘီစီကိုပြောသည်။
ကုလသမဂ္ဂ ဓာတုလက်နက်စောင့်ကြည့်ရေးအဖွဲ့က ဆီးရီးယားတွင်သိုလှောင်ထားသည့် ဓာတုလက်နက်များ လုံခြုံမှုရှိရေးကိုတာဝန်ယူပေးရန်လည်း ဆီးရီးယားအာဏာပိုင်များအား သတိပေးထားသည်။ ဓာတုလက်နက်များ မည်သည့်နေရာတွင် အရေအတွက်မည်မျှရှိနေသည်ကို ရှင်းရှင်းလင်းလင်းမသိကြသော်လည်း သမ္မတအာဆတ်လက်ထက် အများအပြားစုဆောင်းထားသည်ဟု ယူဆနေကြသည်။
Ref: BBC
Photos - Getty Images
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်