
နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ယွန်းသည် ပြီးခဲ့သည့်သီတင်းပတ်က အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီးနောက် လွှတ်တော်သို့ စစ်သားများစေလွှတ်ခဲ့သည့် ၎င်း၏ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုသည့် မိန့်ခွန်းအတွင်းထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက်ကို မဲခွဲပြီးပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းကစစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၄ ရက်နံနက်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးနိုင်ငံရေးအကျပ်အတည်းကိုဖြစ်စေခဲ့သည့် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယွန်းနှင့် ၎င်း၏အတွင်းစည်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့် အားထုတ်ကြိုးပမ်းမှု၏တစ်စိတ် တစ်ပိုင်းအနေဖြင့် ယွန်းသည် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံခဲ့ရသည်။
ဒီဇင်ဘာ ၇ ရက်က လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံရမည့်အရေးမှ လွတ်မြောက်ခဲ့သည့် ယွန်းက နောက်ဆုံးမိနစ်အထိ လူထုနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။
“စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာမှုကြောင့် လူထုကိုအံ့အားသင့်စေပြီးပူ ပင်သောကရောက်စေခဲ့တဲ့အတွက် ကျွန်တော်နောက်တစ်ကြိမ်တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးကြပါ”ဟု ယွန်းက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ထို့ပြင်ယွန်းက သူသည် စစ်အုပ်ချုပ် ရေးအမိန့်ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကို ရှောင်ရှားမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။လွှတ်တော်ကို ထိန်းချုပ်ထားသည့် အတိုက်အခံများသည် ပိုမိုဆိုးရွားလာကြောင်းလည်း ယွန်းက ပြောကြားခဲ့သည်။
အတိုက်အခံများကမူ ယွန်းကိုနောက်ထပ်တစ်ကြိမ် စွပ်စွဲပြစ်တင်သည့် အဆိုကိုလွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုကို ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“စွပ်စွဲပြစ်တင်ရေးအဆို မဲခွဲဆုံးဖြတ်မှုကို ဒီဇင်ဘာ ၁၄ ရက်၊ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ပြုလုပ်သွားမှာပါ”ဟု အတိုက်အခံဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဂျိုဆန်လဲ့က ပြောကြားခဲ့သည်။
ထိုအဆိုကို အတည်ပြုရန်အတွက် လွှတ်တော်အမတ်စုစုပေါင်း၏ သုံးပုံနှစ်ပုံထောက်ခံမှုကို ရရှိရမည်ဖြစ်သဖြင့် အတိုက်အခံများအနေဖြင့် အာဏာရပြည်သူ့အင်အားပါတီ(PPP)၏ လွှတ်တော်အမတ်ရှစ်ဦး၏ ထောက်ခံမဲကို ရရှိရန်လိုအပ်သည်။
PPP ခေါင်းဆောင် ဟန်ဒေါင်ဟွန်းက မူပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်တွင်ပြုလုပ်မည့် စွပ်စွဲပြစ်တင်မှုအဆိုမဲခွဲဆုံးဖြတ်မှုကို တက်ရောက်ရန်နှင့် မိမိတို့၏စိတ်ဆန္ဒအတိုင်း မဲ ပေးကြရန် ဒီဇင်ဘာ ၁၂ ရက်က တိုက်တွန်းခဲ့သည်။ ထို့ပြင် ယွန်းသည် စွပ်စွဲပြစ်တင်ခံရမည် အရေးမှ လွတ်မြောက်ခဲ့သော်လည်း နောက်ဆုံးတွင် ရာထူးမှနုတ်ထွက်ရလိမ့်မည်ဟု ဟန်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်