
ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ရာဇဝတ်ကြောင်းဆိုင်ရာစွဲချက်ကို ရင်ဆိုင်နေရစဉ် ပြန်လည်ရွေးကောက်တင် မြှောက်ခံရရန် ကြိုးစားနေခြင်းနှင့်အတူ အစ္စရေးနိုင်ငံသည် မတင်မကျအနေအထားကို အဆုံးသတ်ရန် ကြိုးပမ်းသည့်အနေဖြင့် တစ်နှစ်ပင် မကြာသေးမီအတွင်း တတိယမြောက် ရွေးကောက်ပွဲကို မတ် ၂ ရက်တွင် ကျင်းပခဲ့ သည်။
အစ္စရေးသမိုင်း၌ သက်တမ်းအရှည်ဆုံး ခေါင်းဆောင် လက်ယာဝါဒီ ဝန်ကြီးချုပ် နေတန်ယာဟုသည် ဇန်နဝါရီလ၌ လာဘ်စားမှု၊ လိမ်လည်မှုနှင့် ယုံကြည်မှုကို ချိုးဖောက်မှုတို့ ဖြင့် စွဲချက်တင်ခံရပြီးနောက် တရားရင် မဆိုင်ရမီ သီတင်းနှစ်ပတ်မျှသာလိုချိန်၌ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံးစစ်တမ်းများအရ ရာထူး၌ရှိစဉ် တရားစွဲခံရသည့် ပထမဆုံး အစ္စရေးဝန်ကြီးချုပ်ဖြစ်လာသူ နေတန်ယာဟုအနေဖြင့် ဧပြီနှင့် စက်တင်ဘာလတို့က အပြည့်အစုံမဟုတ်သည့် စစ်တမ်းများနောက်ပိုင်း လူထုထောက်ခံမှု ဆုံးရှုံးခဲ့ခြင်းမရှိ ကြောင်း သိရသည်။
စစ်တမ်းအများစုက နေတန်ယာဟု၏ Likud ပါတီနှင့် စစ်တပ်အကြီးအကဲဟောင်း ဘင်နီဂန့်ဇ် ဦးဆောင်သည့် ဗဟို၀ါဒီ Blue and White ပါတီတို့အကြား နောက်ထပ် အနီးကပ်ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
နှစ်ပါတီစလုံးသည် Knesset ဟုခေါ် သော အစ္စရေးပါလီမန်၌ အများစုဖြစ်ရန်အတွက် လိုအပ်သော အမတ် ၆၁ နေရာရရှိရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ကြောင်းနှင့် တည်ငြိမ်သည့် ညွန့်ပေါင်းဖွဲ့ရန် ပါတီငယ်များနှင့် အ ပြင်းအထန်ညှိနှိုင်းရဖွယ်ရှိကြောင်း ခန့်မှန်း ထားကြသည်။
ယင်းက တရားဝင်မဲပေးခွင့်ရှိသူ ၆.၄ သန်းရှိသည့် သဘောထားကွဲပြားနေသော နိုင်ငံ$ မဆုံးဖြတ်ရသေးသူ အနည်းငယ်မျှ သာရှိနေခြင်းနှင့်အတူ လွန်ခဲ့သည့်ရွေးကောက် ပွဲနှစ်ရပ် ပြီးသွားသည့်တိုင် နောက်ထပ် မတင်မကျအနေအထား ဆက်လက်တည်ရှိ နိုင်ကြောင်းကို ပြသနေသည်။
သို့သော် နိုင်ငံရေးအသိုင်းအဝိုင်းမှ ခေါင်းဆောင်များက အိမ်စောင့်အစိုးရအဖွဲ့ အနေဖြင့် ဘတ်ဂျက်အတည်ပြုပေးနိုင်စွမ်း မရှိသောကြောင့် အဓိကလူမှုရေးစီမံချက် များ ရန်ပုံငွေမရှိဘဲ ဖြစ်နေသဖြင့် ချောင်ပိတ် မိနေသော အနေအထားမျိုးဖြင့် ပျက်စီးမှုကို ဖြစ်စေမည့် စတုတ္ထမြောက်ရွေးကောက်ပွဲ တစ်ရပ်ကို ၎င်းင်းတို့အနေဖြင့် ရှောင်ရှားနိုင်ရန် စိတ်အားထက်သန်နေသည်ဟု ပြောကြား ခဲ့ကြသည်။
နေတန်ယာဟုကို ထောက်ခံသူဖြစ် သည့် အီလာလီဗိုင်းက အစ္စရေးနိုင်ငံသည် ယခုဝန်ကြီးချုပ်၏ ခေါင်းဆောင်မှုအောက်$ ချမ်းသာ<ကယ်ဝလာခဲ့ကြောင်း ပြောကြား လျက် တရားစွဲဆိုမှုများ၏ အရေးပါမှုကို ငြင်း ပယ်ခဲ့သည်။
“ကျွန်မအတွက်တော့ သူတို့ တစ်နည်းနည်းနဲ့ သက်သေမပြနိုင်မချင်း သူဟာ အ ပြစ်ကင်းစင်ပါတယ်” ဟု လီဗိုင်းက ပြောကြား ခဲ့သည်။
ဒေါ်လာထောင်ချီတန်ဖိုးရှိ လက်ဆောင် များကို မသမာသည့်နည်းဖြင့် လက်ခံခဲ့ခြင်း နှင့် ဦးစားပေးမှုများ ပြုလုပ်ရန် အလဲအလှယ် အဖြစ် မီဒီယာသူဌေးကြီးအတွက် အကျိုးအမြတ်များစွာရှိစေမည့် ထိန်းချုပ်ကွပ်ကဲမှုဆိုင် ရာ အပြောင်းအလဲများ ပြုလုပ်ပေးခဲ့ခြင်းတို့ အပါအဝင် စွပ်စွဲချက်များအတွက် အသက် ၇၀ အရွယ်ရှိ ဝန်ကြီးချုပ်သည် မတ် ၁၇ ရက်တွင် တရားရင်ဆိုင်ရမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်