
အလုပ်မှထုတ်ပယ်ခံရမှုအား ဒေါသထွက်နေသော လုံခြုံရေးအစောင့်တစ်ဦးက ဖိလစ်ပိုင်မြို့တော် မနီလာရှိ ကုန်တိုက်တစ်ခုတွင် မတ် ၂ ၌ လူ ၃၀ ဝန်းကျင်အား ဓားစာခံ များအဖြစ် ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။ ယင်း ဖြစ်စဉ်ကြောင့် စျေးဝယ်သူများ ထိတ်လန့် တကြား ထွက်ပြေးခဲ့ကြရပြီး ထိုလုံခြုံရေး၏ အထက်လူကြီးများက ထိုထိပ်တိုက်တွေ့မှုကို အဆုံးသတ်နိုင်ရေးအတွက် တောင်းပန်မှုများ ပြုလုပ်ခဲ့ရသည်။
လက်ပစ်ဗုံးတစ်လုံးလည်း ရှိသည်ဟု ဆိုသော ထိုလုံခြုံရေးက ၏ရုံးခန်း တစ်ခုတွင် လူများအား ဖမ်းဆီးထားစဉ် တိုက် ခိုက်ရေးရိုင်ဖယ်များ ကိုင်ဆောင်ထားသော ရဲများက ကုန်တိုက်အပြင်ဘက်တွင် နေရာ ယူထားကြသည်။
ကနဦး အခြေအနေတွင် ထိုသေနတ် သမားက ကုန်တိုက်မှ လုံခြုံရေးတစ်ဦးအား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သော ထို လုံခြုံရေးအား ဆေးရုံသို့ အလျင်အမြန်ပို့ ဆောင်ခဲ့ပြီးနောက် အခြေအနေမှာ တည်ငြိမ် ကြောင်း ထိုကုန်တိုက်တည်ရှိသော ၏ မြို့တော်ဝန် ဖရန်စစ်ဇာမိုရာက ပြော ကြားခဲ့သည်။
ထိုကိစ္စအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင် ရန် အစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ထိုသေနတ်သမားသည် ၎င်းင်း အလုပ် ထုတ်ခံရပြီးနောက် ဒေါသထွက်နေကြောင်း ဇာမိုရာက ပြောကြားခဲ့သည်။ ထိုသေနတ် သမား လက်နက်ချရန် အာဏာပိုင်များက ဖျောင်းဖျခဲ့ကြပြီး ကုမ္ပဏီပိုင်ရှင်များကလည်း အလုပ်ဖြုတ်ခဲ့မှုကြောင့် စိတ်ပျက်စေခဲ့ရမှု အတွက် တောင်းပန်ကြောင်း သတင်းစာရှင်း လင်းပွဲပြုလုပ်၍ ထုတ်ပြန်ခဲ့သည်။
ရဲတပ်ဖွဲ့ကလည်း ထိုသေနတ်သမားဟု သံသယရှိသူနှင့် လမ်းလျှောက်စကားပြော စက်ဖြင့် ဆက်သွယ်မှု ပြုလုပ်ခဲ့သည်။
ဖိလစ်ပိုင်တွင် ကုန်တိုက်များ၌ စား သောက်ဆိုင်များနှင့် စျေးဆိုင်များမှသည် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဆေးဘက် ဌာနများအထိ အရာအားလုံးအပါအဝင် လူ သုံးကုန်များစွာ ရောင်းချနေမှုအတွက် အရေး ပါနေသည်။
တွင် ထိုဖြစ်စဉ် ဖြစ်ပွားချိန်၌ စျေးဝယ်သူများဖြင့် စည်ကားနေသည်။
သေနတ်သမားသည် လူ ၃၀ ခန့်အား ဖမ်းဆီးထားသည်ဟု အာဏာပိုင်များက ယူ ဆထားကြောင်း ဇာမိုရာက ပြောကြားခဲ့သည်။
ကုန်တိုက်၏ လုံခြုံရေးဟု ယူဆရသော ဒဏ်ရာရသူတစ်ဦးအား ဝှီးချဲဖြင့် ခေါ်ယူ သွားမှုကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်သက် သေတစ်ဦးဖြစ်သူ ဂျွန်ပေါဗျူနာဗစ္စတာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
သေနတ်သံ သုံးချက် ကြားခဲ့ရပြီးနောက် လူများ ပြေးလွှားနေသည်ကို မြင်တွေ့ခဲ့ရ ကြောင်း၊ တစ်ယောက်ယောက် ပစ်ခတ်ခံခဲ့ရ သည်ကို မြင်တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့ ကြကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။
မနီလာတွင် ၂၀၁၀ ပြည့်နှစ်တွင်လည်း ထင်ရှားသော ဓားစာခံဖမ်းဆီးမှုဖြစ်စဉ်ဖြစ် ပွားခဲ့ဖူးပြီး ဟောင်ကောင်ခရီးသွား ရှစ်ဦး သေဆုံးခဲ့ရမှုဖြင့် အဆုံးသတ်ခဲ့သည်။
တိုက်ခိုက်ရေးရိုင်ဖယ်တစ် လက် ကိုင်ဆောင်ထားသော ရဲတပ်ဖွဲ့ဝင် ဟောင်းတစ်ဦးက ၎င်းင်း၏အလုပ်ပြန်လည်ရရှိ ရေးအတွက် ကြံမိကြံရာအဖြစ် ရဲဌာနချုပ်နှင့် အလွန်အမင်း မဝေးကွာသော ခရီးသွားများ ဖြင့် စည်ကားသည့်နေရာတစ်ခုအနီး ဘတ်စ် ကားတစ်စီးကို ပြန်ပေးဆွဲခဲ့ပြီးနောက် တစ် ရက်ကြာမြင့်သော တုန်လှုပ်ဖွယ်ဖြစ်ရပ် ဖြစ် ပွားခဲ့သည်။ ညအချိန်သို့ရောက်ချိန်တွင် ညှိ နှိုင်းမှု ပျက်ပြားခဲ့ပြီးနောက် ထိုရဲဟောင်းက စတင်ပစ်ခတ်ခဲ့ရာ ကွန်မန်ဒိုများက ဘတ်စ် ကားကို စီးနင်းဖမ်းဆီးခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်