Top News

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၃၇၆ ဦး ထပ်တိုးလာခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၅၂၆ ဦးအထိ ရှိလာ
24htopnews | December 13, 2024 1:12 PM CST

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၇၆ ဦး ထပ်တိုးလာခဲ့ပြီး ကူး စက်ခံရသူအရေအတွက်စုစုပေါင်း ၃,၅၂၆ ဦးရှိလာချိန်တွင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဟန့်တားရန် တုံ့ပြန်လုပ်ဆောင်မှုအား လုံးကို အစိုးရအဖွဲ့က အစွန်းကုန်ကြိုးပမ်း ဆောင်ရွက်နေကြောင်း တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီရက်များအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် သိသိ သာသာမြင့်တက်လာခဲ့ပြီးနောက် တောင်ကို ရီးယားသည် တရုတ်နိုင်ငံပြီးပါက ဗိုင်းရပ်စ် ကူးစက်ခံရသူ နိုင်ငံသားအရေအတွက်အ များဆုံးရှိသည့် နိုင်ငံဖြစ်လာခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်စိုးရိမ်မှု များကြောင့် ပွဲအခမ်းအနားများစွာကို ဖျက် သိမ်း သို့မဟုတ် ဆိုင်းငံ့ခဲ့ရပြီး နိုင်ငံပေါင်း ၇၀ ကျော်ကလည်း တောင်ကိုရီးယားသို့ ခရီး သွားလာရေးကန့်သတ်မှုများကို တိုးမြှင့်ခဲ့ သည်။

“ဗိုင်းရပ်စ်အန္တရာယ် တပ်လှန့်သတိ ပေးမှု အမြင့်ဆုံးအဆင့်သတ်မှတ်ခဲ့ပြီးတဲ့ နောက်မှာ အစိုးရအဖွဲ့က ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး တုံ့ပြန်လုပ်ဆောင်မှုအားလုံးကို အစွန်းကုန်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ COVIC-19 ကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှု ကို ကျွန်တော်တို့ ကျော်လွှားနိုင်ပါလိမ့်မယ်။ ကျဆင်းနေတဲ့စီးပွားရေးကို ပြန်လည် ဦး မော့လာအောင် ကျွန်တော်တို့ လုပ်ဆောင် နိုင်ပါလိမ့်မယ်” ဟု မတ် ၁ ရက်၌ ကျရောက် သော နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုနေ့ အထိမ်းအမှတ်ပွဲအခမ်းအနားတွင် သမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုများ၏ ရာခိုင်နှုန်း ၉၀ သည် ဒေဂူမြို့နှင့် မြောက်ပိုင်း ကယောင် ဆန်းပြည်နယ်တွင် ကူးစက်ဖြစ်ပွားခြင်းဖြစ် ကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ ကိုရီးယားဗဟို ဌာနက ထုတ်ပြန်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တောင်ကိုရီးယားတွင် လူ ၁၇ ဦး သေဆုံးခဲ့သည်။

နိုင်ငံတွင်း၌ ဗိုင်းရပ်စ်ကူးစက်မှုများ၏ ထက်ဝက်ခန့်သည် ခရစ်ယာန်ဘာသာရေး အဖွဲ့ ဖြစ်သော Shincheonji Church of Jesus  နှင့် ဆက်နွှယ်နေခြင်းကြောင့် ထိုဘာ သာရေးအဖွဲ့ဝင် ၂၆၀,၀၀၀ ကျော်ကို အာ ဏာပိုင်များက စမ်းသပ်စစ်ဆေးမှုများပြု လုပ်နေချိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ နိုင်ငံသားအရေအတွက် ထပ်မံမြင့်တက်လာနိုင် သည်ဟု ခန့်မှန်းရသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက် ၆၁ နှစ်အရွယ်အမျိုးသမီးတစ်ဦး၌ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့သော် လည်း ထိုအမျိုးသမီးသည် ရောဂါစမ်းသပ် စစ်ဆေးမှု မပြုလုပ်ရသေးချိန်ထိ လူဦးရေ ၂.၅ သန်းနေထိုင်သော ဒေဂူမြို့ရှိ ဘုရား ကျောင်း လေးကျောင်းထက်မနည်းတွင် ဝတ် ပြုဆုတောင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်းများ ရောင်းချနေသော ဆိုင်အနည်းငယ်တွင် လူများတန်းစီ စောင့် ဆိုင်းဝယ်ယူနေကြခြင်းမှအပ ဒေဂူမြို့တွင်း လမ်းမများထက်တွင် ရက်များစွာ လူခြေ တိတ်လျက်ရှိသည်။ ဗိုင်းရပ်စ်ကူးစက်မှု အ န္တရာယ်ကို သတိထားကြရန်နှင့် ဖျားနာနေ သူ သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင် ရာ ရောဂါလက္ခဏာရှိသူများအနေဖြင့် နေ အိမ်၌သာ နေထိုင်ရန် အာဏာပိုင်များက ပြည်သူလူထုအား တိုက်တွန်းထားသည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံများထဲတွင် အဆင့် ၁၂ နေရာ၌ ရပ် တည်နေသော တောင်ကိုရီးယား၌ ကျောင်း ဖွင့်ရက်ကို သီတင်းပတ်တစ်ပတ် နောက်ကျ မှ ဖွင့်မည်ဖြစ်ပြီး ဒေဂူမြို့တွင်မူ သီတင်းပတ် သုံးပတ်နောက်ကျပြီးမှ ဖွင့်လှစ်မည်ဖြစ် သည်။


READ NEXT
Cancel OK