
ပြန်လည်အားကောင်းလာသော အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် Super Tuesday အဖြစ် သုံးနှုန်းသော မတ် ၃ တွင် ဒီမိုကရက်ပါတီကိုယ်စားလှယ် အကြိုရွေးချယ်ပွဲ ပြုလုပ်သည့် ဒေသ ၁၅ ခု အနက် တက္ကဆက်မှသည် မက်ဆာချူးဆက်အထိ ပါဝင်သော ဒေသကိုးခုတွင် အနိုင်ရခဲ့ရာ အစောပိုင်းရက်များက အခြေအနေ ဆိုးရွားနေခဲ့ရာမှ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာရန် အခြေအနေကို ပြန်လည်အားကောင်းလာစေခဲ့သည်။
သို့သော် အဓိကပြိုင်ဘက်ဖြစ်သော ဒီမိုကရက် ဆိုရှယ်လစ်ဝါဒကို လက်ခံသည့် ဘာနေးဆန်းဒါးက ကယ်လီဖိုးနီးယားတွင် အနိုင်ရပြီး အကြီးမားဆုံးဆုလာဘ် ရရှိခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် ပြီးခဲ့သောသီတင်းပတ်က ဒီမိုကရက်ကိုယ်စားလှယ်လောင်းဖြစ်လာရန် ကြိုးပမ်းသူ ဒါဇင်ဝက်ကျော်ရှိနေသည့် ပြိုင်ဆိုင်မှုသည် နှစ်ဦးတည်းပြိုင်သည့်ပွဲအဖြစ် ပြောင်းသွားခဲ့သည်။
အမေရိကန်အနာဂတ်အတွက် အလွန်အမင်းကွဲပြားသော သဘောထားအမြင်များ ရှိကြသည့် ဘဝတစ်လျှောက်လုံး နိုင်ငံရေးသမားများဖြစ်ခဲ့ကြသည့် ဘိုင်ဒင်နှင့် ဆန်းဒါးတို့က ပြည်နယ် ၁၄ ခုနှင့် ပြည်နယ်အဆင့် အောက် ဒေသတစ်ခုတို့တွင် ကျင်းပခဲ့သည့် အကြိုရွေးချယ်ပွဲများ၌ ကိုယ်စားလှယ်များ ရရှိနိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။
သီတင်းပတ်နှင့်ချီ သို့မဟုတ် လနှင့်ချီ ကြာမြင့်နိုင်သော ထိုအကြိုရွေးချယ်ပွဲများမှ တစ်ဆင့်လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရန့်အား စိန်ခေါ်နိုင်မည့် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။
ဘိုင်ဒင်သည် သဘောထား အလယ်အလတ်ရှိသူများနှင့် ကွန်ဆာဗေးတစ်များ၊ အာဖရိကန် အမေရိကန်များနှင့် အသက် ၄၅ နှစ်ကျော် မဲဆန္ဒရှင်များပါဝင်သော ကျယ်ပြန့်သည့်မဲဆန္ဒရှင်များ၏ ထောက်ခံမှုများ ရရှိထားသည်။ ဆန်းဒါးသည် တက်ကြွသော လစ်ဘရယ်များ၊ လူငယ်များနှင့် တောင်အမေရိက တိုက်သားများ၏ထောက်ခံမှုကို အခြေပြုထားသော်လည်း ဒီမိုကရက်တစ်မဲဆန္ဒရှင်များအနက် အတော်အသင့်ကြီးသောပမာဏရှိသည့် သက်ကြီးမဲဆန္ဒရှင်များနှင့် ကောလိပ်ဘွဲ့ရများ၏ ထောက်ခံမှုများကို ရရှိနိုင်ရန် ကြိုးပမ်းနေရဆဲဖြစ်သည်။
ဒီမိုကရက်တစ်သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်လာရန် ကြိုးပမ်းနေသူများတွင် ပါဝင်သည့် အခြားထင်ရှားသူနှစ်ဦးမှာ နယူးယောက်ဘီလျံနာ မိုက်ဘလွန်းဘာ့ဂ်နှင့် မက်ဆာချူးဆက် အထက်လွှတ်တော် အမတ် အလိဇဘတ်ဝါရင်းတို့ ဖြစ်ကြသည်။ ၀ါရင်းသည် ၎င်း၏ဇာတိပြည်နယ်တွင် တတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့ပြီး ဘလွန်းဘာ့ဂ်သည်လည်း အမေရိကန် ဆာမိုအာဒေသတွင် အနိုင်ရနိုင်ရန် ဒေါ်လာ ဘီလျံဝက်ကျော် သုံးစွဲထားခဲ့ပြီးနောက် ၎င်း၏အခြေအနေကို မတ် ၄ တွင် ပြန်လည်သုံးသပ်မည်ဖြစ်သည်။
ဘိုင်ဒင်က ကိုးနေရာနှင့် ဆန်းဒါးက လေးနာရီ အသီးသီး အနိုင်ရခဲ့သော Super Tuesday ရလဒ်များကြောင့် ဒီမိုကရက်တစ်ကိုယ်စားလှယ် အကြိုရွေးချယ်ပွဲများသည် ဇူလိုင် ပါတီညီလာခံအထိ ရောက်ရှိသွားနိုင်မှု သို့မဟုတ် မကြာမီတွင် အဖြေပေါ်သွားနိုင်မှုတို့နှင့် ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
ဆောက်ကယ်ရိုလိုင်းနားတွင် အနိုင်ရခဲ့ပြီးနောက် ဘိုင်ဒင်သည် မက်ဆာချူးဆက်၊ တက္ကဆက်၊ မင်နီဆိုးတား၊ ဗာဂျီးနီးယား၊ အလာဘားမား၊ နော့ကယ်ရိုလိုင်းနား၊ တင်နက်ဆီ၊ အာကင်ဆက်နှင့် အိုုကလားဟိုးမားတို့တွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်