
ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်တွင် တူရကီက မတ် ၁ ၌ ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့် ဆီးရီးယားစစ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း ဆီးရီး ယားလူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ က ထုတ်ပြန်ခဲ့သည်။ ဂျာဘယ်အယ်ဇာဝီရာ ဧရိယာရှိ စစ်ဘက်ယာဉ်တန်းတစ်ခုနှင့် မားရက်အယ်-နူမန်မြို့အနီးရှိ စခန်းတစ်ခုတို့ အား တိုက်ခိုက်မှုကြောင့် ယင်းကဲ့သို့ သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု ထိုစောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အင်ကာရာကျောထောက်နောက်ခံပြု အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများသည် ဆီးရီးယားတစ်နိုင်ငံလုံးအား ပြန်လည်ထိန်း ချုပ်ရန် ကြိုးပမ်းနေသော သမ္မတ ဘာရှား အယ်အာဆတ်အစိုးရအတွက် အကြီးမား ဆုံး အဟန့်အတားဖြစ်နေသည့် အိုင်ဒလစ် ပြည်နယ်တွင် တင်းမာမှုမြင့်တက်နေစဉ် တူ ရကီက ဆီးရီးယားစစ်လေယာဉ်နှစ်စင်းအား ပစ်ချခဲ့ပြီးနောက် ဒရုန်းဖြင့်တိုက်ခိုက်မှုအ ကြောင်း သတင်းထွက်လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သောသီတင်းပတ်တွင် ဒမတ်စကတ် ၏လက်ချက်ဟု အပြစ်တင်ထားသော လေကြောင်းတိုက်ခိုက်မှုအတွင်း တူရကီစစ်သား ၃၄ ဦး သေဆုံးခဲ့ရပြီးနောက် ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရတပ်များအား ကျယ်ပြန့်သောစစ်ဆင်ရေးလုပ်ဆောင်နေကြောင်း တူရကီက အတည်ပြုခဲ့ သည်။ သို့သော် မော်စကိုနှင့် တိုက်ရိုက်ပဋိပက္ခ မဖြစ်ပွားလိုကြောင်း အင်ကာရာက ထုတ်ပြန်ခဲ့သည်။
လေကြောင်းကာကွယ်ရေးစနစ်တစ်ခုက မိမိတို့၏ လက်နက်တပ် ဒရုန်းတစ်စင်းအား ပစ်ချခဲ့ပြီး အခြားလေကြောင်းကာကွယ်ရေးစနစ်နှစ်ခုသည် ဖျက်ဆီးခံခဲ့ရကာ မိမိတို့၏လေယာဉ်အား တိုက်ခိုက်ခဲ့သော ဆီးရီးယားအစိုးရ၏ Su-24 စစ်လေယာဉ်နှစ် စင်းလည်းပစ်ချခံခဲ့ရကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိုင်ဒလစ်တွင် မိမိတို့၏စစ်လေယာဉ်နှစ်စင်းအား တူရကီက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားအစိုးရမီဒီယာက ဖော်ပြခဲ့သည်။ ရုရှား၏ လေကြောင်းထောက်ကူမှု ယူထားသော ဆီးရီးယားအစိုးရက ကိုးနှစ်ကြာ ပြည်တွင်းစစ်အတွင်း သူပုန်များ၏ နောက်ဆုံးကျန်ရှိသော ခြေကုပ်ကို ပြန်လည် သိမ်းယူနိုင်ရန် ကြိုးပမ်းနေသည့် အိုင်ဒလစ်တွင် ထိုးစစ်ဆင်မှုကို အရှိန်မြှင့်ထားသည်။
ဆီးရီးယားတပ်များနှင့် တူရကီတပ်များအကြား ထိပ်တိုက်တွေ့မှုကြောင့် ပိုမိုကျယ်ပြန့်သော ပဋိပက္ခအဖြစ် ပြောင်းသွားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဥရောပရွှေ့ ပြောင်းအခြေချအကျပ်အတည်းနှင့် အလား တူဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
ဆီးရီးယားအရေးနှင့်ပတ်သက်၍ ဥရောပကို ဖိအားပေးရန် ကြိုးပမ်းနေသော တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က တူရကီသည် ဥရောပသို့သွားမည့် ရွှေ့ပြောင်းအခြေချများအတွက် နယ်စပ်များကို ဖွင့်ပေးမည် ဖြစ်ကြောင်း သတိပေးခဲ့ပြီးနောက် ကြမ်းတမ်းသော နယ်စပ်ဒေသများတွင် ရွှေ့ပြောင်းအခြေ ချအရေအတွက် မြင့်တက်နေပြီးဖြစ်သည်။ တူရကီနှင့်ထိစပ်နေသောနယ်စပ်တွင် ရွှေ့ ပြောင်းအခြေချ ၁၀၀၀၀ နီးပါးအား ပိတ်ဆို့ခဲ့ကြောင်း ဂရိက မတ် ၁ တွင် ထုတ်ပြန်ခဲ့သည်။
တူရကီစစ်သားများ သေဆုံးခဲ့ရသော လေကြောင်းတိုက်ခိုက်မှုအတွက် ဆီးရီးယားသည် ပြန်လည်ပေးဆပ်ရမည်ဟု အာဒိုဂန်က သတိပေးခဲ့ပြီးနောက် Spring Shield စစ်ဆင်ရေးကို တူရကီက စတင်ခဲ့ပြီး ဆီးရီး ယားအစိုးရ၏နေရာများအား တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဟူလူဆီအာကာက ကြေညာခဲ့သည်။ အိုင်ဒလစ်ဝေဟင် တွင် မပျံသန်းရဇုန် သတ်မှတ်နိုင်ရေးအတွက် လုပ်ဆောင်ရန် တူရကီက နိုင်ငံတကာ အသိုင်း အဝိုင်းကို တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်