Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူ ၃၀၀၀ ကျော်ထိ ရှိလာ
24htopnews | December 13, 2024 1:12 PM CST

ကိုရိုနာဗိုင်းရပ်စ် အစပြုရာ ဗဟိုချက် ဖြစ်သော တရုတ်တွင် ဒါဇင်နှင့်ချီ သေဆုံးခဲ့ ပြီး အမေရိကန်တွင် ဗိုင်းရပ်စ်ကြောင့် ဒုတိ ယမြောက် လူသေဆုံးမှု ဖြစ်ခဲ့ပြီးနောက် မတ် ၂ တွင် ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း၌ သေဆုံးသူ ၃၀၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။

တရုတ်အလယ်ပိုင်းတွင် ယမန်နှစ်က စတင်ပေါ်ထွက်ခဲ့ပြီးနောက် နိုင်ငံပေါင်း ၆၀ ကျော်သို့ ကူးစက်ပျံ့နှံ့ခဲ့သည့် ယင်းဗိုင်းရပ်စ် ကို ကူးစက်ခံရသူ ၈၉ç၀၀၀ ကျော် ရှိခဲ့ပြီဖြစ် သည်။ ၀ါရှင်တန် အနောက်မြောက်ဘက် တွင် ဒုတိယမြောက် လူသေဆုံးမှု ဖြစ်ခဲ့ပြီး နောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ် ကို ပယ်ချထားခဲ့သော သမ္မတ ဒေါ်နယ်ထ ရန့်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ တရုတ် အပြင်ဘက်တွင် ဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးနေရာ ဖြစ်သော တောင်ကိုရီးယား ၌ ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၅၀၀ နီးပါး  ရှိကြောင်း မတ် ၂ တွင် ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားတွင် ဗိုင်းရပ်စ် ကူးစက်ခံ ထားရသူ ၄၀၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။

တောင်ကိုရီးယား၌ ဗိုင်းရပ်စ် ကူးစက် မှု အားလုံး၏ထက်ဝက်နီးပါးနှင့်ဆက်နွှယ် နေသော ခရစ်ယာန် ဘာသာရေးဂိုဏ်း၏ ခေါင်းဆောင်က ဗိုင်းရပ်စ် ကူးစက်မှုအတွက် မတ် ၂ တွင် တောင်းပန်စကားပြောကြားခဲ့ သည်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက် လာနေမှုကို စိုးရိမ်နေကြချိန်တွင်          ရောဂါ ကု သရေးအတွက် အသက်ရှူစက်များ စုဆောင်း ထားကြရန် နိုင်ငံအားလုံးကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က တိုက်တွန်းခဲ့သည်။ ဗိုင်းရပ်စ် အ လျင်အမြန် ကူးစက်မှုက ကမ္ဘာ့စီးပွားရေးအား သက်ရောက်မည်ကို စိုးရိမ်မှု မြင့်တက်ခဲ့ပြီး ကမ္ဘာ့စျေးကွက်တွင် စတော့များ စျေးကျမှု သည် ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်း နောက်ပိုင်း အကြီးမားဆုံး ဖြစ်ခဲ့သည်။

ဗိုင်းရပ်စ် ကူးစက်မှုကို တုံ့ပြန်ရန် ပူး ပေါင်းဆောင်ရွက်ရေးအတွက် ဂျီ-၇ နှင့်ယူ ရိုဇုန် ဘဏ္ဍာရေးဝန်ကြီးများသည် မတ် ၄ တွင် ဖုန်းဆက်ဆွေးနွေးကြရန် စီစဉ်ထား သည်။ ခရီးသွားလာမှုကို ကန့်သတ်ရန် အ ရေးယူဆောင်ရွက်မှုများကြောင့် တရုတ်စီး ပွားရေးတုံ့ဆိုင်းခဲ့သည်။ တရုတ်တွင် မတ် ၂ က ၄၂ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူအား လုံးသည် ဟူပေပြည်နယ်မှ ဖြစ်သည်။ ကိုရို နာဗိုင်းရပ်စ်သည် ဟူပေပြည်နယ်၏မြို့တော် ဝူဟန်ရှိ တောရိုင်းတိရစ္ဆာန်စျေးတစ်ခုမှ အစ ပြုခဲ့သည်ဟု ယူဆထားသည်။

ယင်းဗိုင်းရပ်စ်ကြောင့် တရုတ် တစ်နိုင် ငံတည်းတွင် ၂၉၁၂ ဦးသေဆုံးခဲ့ပြီး အခြား နိုင်ငံများတွင်လည်း သေဆုံးမှု မြင့်တက်ခဲ့ သည်။ အီရန်တွင် ၆၆ ဦး သေဆုံးခဲ့ပြီး ဒုတိ ယမြောက် အများဆုံး သေဆုံးမှု ဖြစ်နေသည်။ အမေရိကန်နှင့်သြစတြေးလျတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဗိုင်းရပ်စ်ကြောင့် သေ ဆုံးမှုကို ပထမဆုံး ကြုံခဲ့ကြသည်။

အသက် ၆၀ အထက်နှင့် အခြားဖျား နာမှုများကြောင့် အားနည်းနေသူများကို ဗိုင်းရပ်စ်က အဓိကတိုက်ခိုက်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် ၂ ရာ ခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းကြားရှိပြီး ရာသီ တုပ်ကွေးထက် ပိုမြင့်မားကြောင်း သို့သော် လည်း SARS ကဲ့သို့ အခြားကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးမှုထက် နိမ့်သည်ဟုဆိုသည်။ ၂၀၀၂-၂၀၀၃ ခုနှစ်က ဖြစ်ခဲ့သော ဆားစ် သည် လူ ၈၀၀ နီးပါး သေဆုံးခဲ့ပြီး သေဆုံးမှု နှုန်း ၉.၅ ရာခိုင်နှုန်း ရှိခဲ့သည်။

သို့သော်လည်း တရုတ်တွင် ကူးစက်မှု နှုန်းထက် ပြင်ပတွင် ကူးစက်မှုနှုန်းက ပိုမြန် လာနေသည်။ တရုတ်တွင် ဗိုင်းရပ်စ် ထပ်မံ ကူးစက်ခံရသူ ၂၀၂ ဦး ရှိကြောင်း တရုတ် အ မျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ် ပြန်ခဲ့ရာ တရုတ်တွင် ကူးစက်ခံထားရသူ ၈၀ç၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

အခြေအနေ တိုးတက်လာသော ကြောင့် ဝူဟန်အာဏာပိုင်များသည် ယာယီ ဆေးရုံ ၁၆ ရုံအနက် တစ်ရုံကို မတ် ၁ တွင် ပိတ်ပင်ခဲ့သည်။

ဥရောပတွင် ဗိုင်းရပ်စ်မှု အများဆုံး နိုင် ငံဖြစ်သော အီတလီတွင် ကူးစက်မှုသည် ပြီး ခဲ့သည့် သီတင်းပတ်ကုန်၌ နှစ်ဆနီးပါး ခုန် တက်ခဲ့ပြီး ၁၇၀၀ ခန့် အထိ ရောက်ရှိခဲ့သည်။

တောင်ကိုရီးယားတွင် လေးဦး ထပ်မံ သေဆုံးခဲ့ပြီး ၂၂ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ ရှင်ချွန်ဂျီ ဘုရားကျောင်းနှင့်ဆက်နွှယ်နေသူ ၂၆၀ç၀၀၀ ကျော်ကို အာဏာပိုင်များက စမ်း သပ်နေသောကြောင့် ဗိုင်းရပ်စ် ကူးစက်မှု အ ရေအတွက် ထပ်မံ မြင့်တက်လာဖွယ်ရှိသည်။

အီရန်ကို သွားခဲ့သော အမျိုးသမီးတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရမှုကို တွေ့ရှိခဲ့ ကြောင်း နယူးယောက်က ၎င်းင်း၏ပထမဆုံး ကူးစက်မှုကို ကြေညာခဲ့သည်။ အခြား ကျန်း မာရေး နောက်ခံအခြေအနေများ ရှိသူ အသက် ၇၀ ကျော် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီ ၂၉ က သေဆုံးခဲ့ကြောင်း အမေ ရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းသေဆုံးမှုက အမေရိကန်တွင် ဗိုင်းရပ်စ် ကြောင့် ဒုတိယမြောက် သေဆုံးမှု ဖြစ်သည်။

 

 


READ NEXT
Cancel OK