Top News

အစ္စရေးနှင့်ဟားမာ့စ်တို့ဖြစ်ပွားနေသောစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်၊ အစ္စရေး၊ အီဂျစ်၊ ကာတာတို့က တာဝန်ရှိသူများ ပါရီမြို့တွင် ဆွေးနွေး
24htopnews | December 14, 2024 6:12 AM CST

အီဂျစ်၊ ကာတာ၊ အစ္စရေး တာဝန်ရှိသူများသာမက စီအိုင်အေ အကြီးအကဲသည်လည်း ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအတွက် ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်မြို့တော်ပါရီတွင် ဆွေးနွေးခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူများနှင့်နီးစပ်သည့် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

အစ္စရေး-ဟားမာ့စ် ဖြစ်ပွားနေသော စစ်ပွဲအပစ်အခတ်ရပ်စဲရေးဆိုသောရည်ရွယ်ချက်ဖြင့် ပြင်သစ်အာဏာပိုင်များသည် အဆိုပါလေးနိုင်ငံနှင့်လည်း ဆက်သွယ်ဆောင်ရွက်နေသည်ဟု သတင်းအရင်းအမြစ်များက ပြောကြားသည်။

မော့ဆက်ထောက်လှမ်းရေးအဖွဲ့၏အကြီးအကဲနှင့် ရှင်းဘက်လုံခြုံရေးဌာနက အကြီးအကဲတို့ တက်ရောက်ခဲ့သော ပါရီဆွေးနွေးပွဲသည်အပြုသဘောဆောင်သည်ဟု ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် အစ္စရေးက ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ကြီးကြီ်းမားမား ကွဲလွဲမှုများရှိနေဆဲဖြစ်သည်ဟု ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု၏ရုံးက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံများသည် ယခုသီတင်းပတ်အတွင်းတွင် နောက်ထပ်အပြန် အလှန်ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

စီအိုင်အေအကြီးအကဲ ဝီလျှံဘန်းသည်  အစ္စရေးနှင့်အီဂျစ်ထောက်လှမ်းရေးအကြီးအကဲများကို တွေ့ဆုံမည့်အပြင် ရက်ပိုင်းအတွင်း ကာတာဝန်ကြီးချုပ်နှင့်လည်းတွေ့ဆုံမည်ဟု လုံခြုံရေးသတင်းအရင်းအမြစ်က ပြောကြားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကျန်ရှိနေသည့် ဟားမာ့စ်ထိန်းသိမ်းထားသော အစ္စရေးဓားစာခံများ လွတ်မြောက်ရေးနှင့်အပစ်အခတ်ရပ်စဲရေးကို ဖလှယ်ရေးတို့ အတွက်စေ့စပ်ညှိနှိုင်းရန် ဘန်းကို စေလွှတ် မည်ဟုလွန်ခဲ့သော သီတင်းပတ်တွင် ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်ဦးဆောင်သော စေ့စပ်ဆွေးနွေးရေးသမားများသည် ဓားစာခံ ၁၀၀ ကျော် လွတ်မြောက်ရေးအတွက် ဂါဇာတွင် နှစ်လခန့် အပစ်ရပ်စဲထားရေးကိစ္စသဘောတူညီချက်ရရှိရန် ပိုမိုနီးစပ်လာသည်ဟု ဇန်နဝါရီ  ၂၇ ရက်တွင် နယူးယောက်တိုင်း(မ်)သတင်းစာက ဖော်ပြခဲ့သည်။

စေ့စပ်ဆွေးနွေးသူများသည် အကြမ်းထည် သဘောတူညီချက်တစ်ရပ်ရရှိထားပြီးဖြစ်ကာ ထိုသဘောတူညီချက်ကို ပါရီတွင် ဆက်လက်ဆွေးနွေးနေသည်ဟု အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူများ၏ ပြောစကားများကို နယူးယောက်တိုင်း(မ်)သတင်းစာက ဖော်ပြထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည်ဓားစာခံများ လွတ်မြောက်ရေးကိစ္စကို ဇန်နဝါရီ ၂၇ ရက်တွင် ကာတာစော်ဘွားနှင့်ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ သို့သော်သဘောတူညီချက် ချက်ချင်းရရှိရန် မဖြစ်နိုင်သေးဟု ဖော်ပြခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်ကအစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး အလစ် အငိုက်တိုက်ခိုက်ခဲ့ခြင်းကြောင့်အစ္စရေးတွင်အရပ်သား အများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီးလူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးကပြောကြားထားပြီး ပြန်ပေးဆွဲခံရသူများထဲက ၁၃၂ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟုဆိုသည်။ဟားမာ့စ်ဖမ်းဆီးထားသော ဓားစာခံအနည်းဆုံး ၂၈ ဦးသေဆုံးခဲ့သည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။

Ref: AFP


READ NEXT
Cancel OK