
နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လတ်တလောတွင် သေဆုံးသူများ၏ ရာခိုင်နှုန်း ၈၀ သည် အသက် ၆၀ သို့မဟုတ် ယင်းနှင့်အထက် ဖြစ်ကြပြီး ၇၅ ရာခိုင်နှုန်းတွင်မူ ဆီးချိုကဲ့သို့ ရောဂါအခံများ ရှိကြကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC) က ထုတ်ပြန်ခဲ့သည်။
၂၀၀၂- ၀၃ တွင် ဖြစ်ပွားခဲ့သော ဆားစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးမှုနှုန်း ၁၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ပြီး ယခုဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းမှာ ၂.၁ ရာခိုင်နှုန်းသာ ရှိနေသည်။ သေဆုံးသူများ၏ ၉၇ ရာခိုင်နှုန်းကျော်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုဗဟိုချက် ဝူဟန်မြို့မှဖြစ်ပြီး ဝူဟန်ရှိသည့် ဟူပေပြည်နယ်ပြင်ပတွင် သေဆုံးမှုနှုန်း ၀.၁၆ ရာခိုင်နှုန်းသာ ရှိသည်။ တရုတ်ပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖိလစ်ပိုင်နှင့် ဟောင်ကောင်တို့၌ တစ်ဦးစီ သေဆုံးခဲဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းတွင် ထိုဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာသူ ၆၃၂ ဦးရှိကြောင်း NHC က ဖေဖော်ဝါရီ ၄ တွင် ထုတ်ပြန်ခဲ့သည်။
သေဆုံးသူအများစုမှာ အသက် ၆၀ ကျော် အရွယ်များဖြစ်
ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူများသည် အသက် ၃၆ နှစ်နှင့် ၈၉ နှစ် အကြားဖြစ်ကြပြီး ငါးဦးထက်မနည်းသည် အသက် ၆၀ အောက်ဖြစ်ကြသည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အသက်အငယ်ဆုံးမှာ ဝူဟန်မှ အသက် ၃၆ နှစ်ရှိ အမျိုးသားဖြစ်ပြီး ကူးစက်ခံရပြီး နှစ်ပတ်အကြာတွင် နှလုံးဖောက်ပြန်မှုဖြင့် သေဆုံးခဲ့သည်။
ဆေးရုံမှ ပြန်ဆင်းသူများထဲတွင် စင်ကျင့်မှ အသက် ၃၅ နှစ်ရှိ အမျိုးသားတစ်ဦးအပါအဝင် လူငယ်များ ပါဝင်သည်။ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော ပေကျင်းမှ အသက် ကိုးလ အရွယ်မိန်းကလေးသည်လည်း ပြန်လည်သက်သာလာဟု အစိုးရမီဒီယာက ဆိုသည်။
ရောဂါအခံ ရှိထားသူများဖြစ်
ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့သူအများအပြားတွင် မကူးစက်ခံရမီ ဆီးချိုနှင့် သွေးတိုးကဲ့သို့ ရောဂါအခံများ ရှိကြသည်။ ဇန်နဝါရီ ၉ တွင် ဆေးရုံတက်ခဲ့သော အသက် ၈၆ နှစ်ရှိ အမျိုးသားတစ်ဦးသည် ယင်းကူးစက်မှုမတိုင်မီ လေးနှစ်က အူမကင်ဆာအတွက် ခွဲစိတ်ကုသမှု ခံယူထားပြီး သွေးတိုးနှင့် ဆီးချိုလည်း ရှိသည်ဟု ဆိုသည်။
နောက်ထပ်တစ်ဦးဖြစ်သူ အသက် ၈၀ ရှိ အမျိုးသမီးသည် ပါကင်ဆန်ရောဂါ ခံစားနေရပြီး သွေးတိုးနှင့် ဆီးချိုဖြစ်ပွားမှု အနှစ် ၂၀ ကျော်ကြာပြီဖြစ်ကြောင်း သိရသည်။
သေဆုံးသူအားလုံး အဖျားရောဂါ ခံစားရခြင်း မရှိ
ယခုအခါ လေဆိပ်၊ ဘူတာရုံနှင့် ကားဂိတ်များတွင် ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးနေကြသော်လည်း ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးခဲ့သူအားလုံးသည် ဆေးရုံမတက်မီ အဖျားရောဂါ ခံစားခဲ့ရခြင်း မရှိဟု NHC က ထုတ်ပြန်ခဲ့သည်။
အဓိကစိုးရိမ်စရာမှာ ထိုဗိုင်းရပ်စ်၏ ရောဂါလက္ခဏာ ပြင်းထန်မှုပမာဏဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော လူအချို့တွင် ရောဂါလက္ခဏာများ မဆိုစလောက်သာ ပြသမှု သို့မဟုတ် လုံးဝ ပြသခြင်းလည်း မရှိမှုမှာ သိသာနေကြောင်း Welcome Trust ၏ ညွှန်ကြားရေးမှူး ဒေါက်တာဂျရီမီဖာရာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်