
မြန်မာတွင် ဘင်္ဂါလီမွတ်စလင်များအား လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သူများကို တရားခွင်သို့ တင်ပို့နိုင်ရေးအတွက် လုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာကို ဖေဖော်ဝါရီ ၄ တွင် တိုက်တွန်းခဲ့သည်။
International Court of Justice (ICJ) က ချမှတ်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုအား ကြိုတင်ကာကွယ်ရန် ရည်မှန်းသည့် အရေးယူဆောင်ရွက်မှုများကို ပြည့်မီအောင် မြန်မာက လိုက်နာဆောင်ရွက်ရန် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးအ ပြီး ပြင်သစ်၊ အက်စ်တိုးနီးယား၊ ဂျာမနီနှင့် ဘယ်လ်ဂျီယမ်တို့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံဟောင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ ဝင်ဖြစ်သည့် ပိုလန်ကလည်း လက်မှတ်ထိုးခဲ့သည်။ ယင်းသည် ဇန်နဝါရီ ၃၁ တွင် ဥရောပ သမဂ္ဂမှ တရားဝင် နုတ်ထွက်ခဲ့သော ဗြိတိန် မပါဝင်ဘဲ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လုံခြုံရေးကောင်စီတွင် ပူးတွဲကြေညာချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော် မြန်မာအရေးဆွေးနွေးပွဲပြုလုပ်ရန် တောင်းဆိုခဲ့သောနိုင်ငံများတွင် ပြင် သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် အမေရိကန် နှင့်အတူ ဗြိတိန်လည်း ပါဝင်ခဲ့သည်။ မြန်မာအတွက် အလွန်အမင်းလိုအပ်သောမဟာမိတ် ဖြစ်သည့် တရုတ်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီတစ်ခုလုံး၏ ပူးတွဲကြေညာချက် ထုတ်ပြန်မှုအား ကန့်ကွက်ခဲ့ကြောင်း သံတမန် ရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာသည် ၎င်း၏ပဋိပက္ခများ၏ အရင်း ခံများအား ဖြေရှင်းသင့်ကြောင်း၊ လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား တရားခွင်တင်နိုင်ရန် အများလက်ခံ လောက်နိုင်သောလုပ်ရပ်များ လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ထိုပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။ မြန်မာသည် ဘင်္ဂါလီမွတ် စလင်များ မြန်မာသို့ ၎င်းတို့၏ဆန္ဒအလျောက် နှင့် ဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက် အခြေအနေများ ဖန်တီးသင့်ပြီး ပံ့ပိုးပေးသင့်ကြောင်းလည်း ထိုပူးတွဲကြေညာချက်တွင် တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်