
ဆီးရီးယားသူပုန်တို့၏ နောက်ဆုံးအမာခံနယ်မြေကို ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် နှစ်လအတွင်း လူ ၅၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ဒီဇင်ဘာ ၁ ရက် နောက်ပိုင်းမှာ လူ ၅၂၀၀၀၀ ခန့်က သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြတယ်။ အခြေအနေမဲ့ ဖြစ်ခဲ့သူတွေထဲမှာ ရာခိုင်နှုန်း ၈၀ ကျော်က အမျိုးသမီးတွေနဲ့ ကလေးတွေ” ဟု UNOCHA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေးဗစ်ဆွမ်ဆန်က ပြောကြားခဲ့သည်။
ယင်းသည် လွန်ခဲ့သည့် ကိုးနှစ်ခန့်တွင် ဆီးရီးယားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း လူဦးရေအများဆုံး အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုများထဲမှ တစ်ခုဖြစ်သည်။
“နောက်ဆုံးအိုးအိမ်စွန့်ခွာထွက်ပြေးမှုဟာ ရှိနှင့်နေပြီးဖြစ်တဲ့ ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေကို ပိုမိုဆိုးရွားစေတယ်။ ၂၀၁၉ ခုနှစ် ဧပြီနှောင်းပိုင်းကနေ သြဂုတ်နှောင်းပိုင်းအထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့သူ ၄၀၀၀၀၀ ကျော်ရှိတယ်။ အများစုက အကြိမ်ကြိမ် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ သူတွေပါတယ်” ဟု ဆွမ်ဆန်က ပြောကြားခဲ့သည်။
အိုင်ဒလစ်ပြည်နယ်နှင့် အနီးဝန်းကျင်ရှိ ပြည်နယ်များရှိ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသူ ထက်ဝက်ကျော်ပါဝင်သည့် လူဦးရေ သုံးသန်းကျော်၏ အတိဒုက္ခကို ကုလသမဂ္ဂက သတိပေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
သူပုန်များနှင့် ဂျီဟာ့ဒ်တို့ ထိန်းချုပ်ထားဆဲဖြစ်သည့် နောက်ဆုံးခြေကုပ်ကို အစိုးရတပ်ဖွဲ့ဝင်များ၊ ရုရှားကျောထောက်နောက်ခံပြု ပြည်သူ့စစ်များနှင့် အခြားမဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့သည့်သီတင်းပတ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ယခင်က သူပုန်ခံတပ်ဖြစ်သည့် Maaretal- Numan အပါအဝင် ဒါဇင်နှင့်ချီသော ကျေးရွာများနှင့် အဓိကမြို့အချို့ကို အစိုးရတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ပိုင်းကို ဆက်လက်ထိုးစစ်ဆင်ခဲ့မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူများကို တူရကီနယ်စပ်အနီးသို့ ပိုမိုရောက်ရှိစေခဲ့သည်။
ဆီးရီးယားရှိ ရေနံစက်ရုံများ ဒုံးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံရ
ဆီးရီးယားရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံလေးခုကို ဒုံးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံရမှုကြောင့် မီးလောင်မှုဖြစ်ပြီး အချို့စက်ရုံများ ပျက်စီးခဲ့သည်ဟု အစိုးရပိုင် သတင်းအေဂျင်စီ SANA က ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြခဲ့သည်။
“အကြမ်းဖက်သမားတွေနဲ့ သူတို့ကို ထောက်ပံ့ပေးတဲ့သူတွေ ရေနံကဏ္ဍနဲ့ ရေနံစက်ရုံတွေကို ဖေဖော်ဝါရီ ၄ ရက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တယ်” ဟု စွမ်းအင်ဝန်ကြီး Ali Ghanem က ပြောကြားခဲ့သည်။
ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် စက်ရုံများတွင် Ebla နှင့် တောင်ပိုင်းရှိ သဘာဝဓာတ်ငွေ့စက်ရုံများ၊ Al- Rayyan ဓာတ်ငွေ့စက်ရုံနှင့် ဟွမ်းပြည်နယ်ရှိ ရေနံသန့်စင်စက်ရုံတို့ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ်းလွန်ပိုက်လိုင်းများကို ပစ်မှတ်ထားသည့် ပင်လယ်ရေအောက်တိုက်ခိုက်မှုများဖြစ်ပြီး သီတင်းတစ်ပတ်အကြာတွင် ဖြစ်ပေါ်ခဲ့သည့် ယင်းတိုက်ခိုက်မှုများကို မည်သူက လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။
Banias ရေနံချက်စက်ရုံနှင့် ဆက်သွယ်သည့် ရေအောက်ပိုက်လိုင်းများကို ရေငုပ်သမားများက ဗုံးထောင်တိုက်ခိုက်ခဲ့သည်ဟု အစိုးရက ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကိုးနှစ်နီးပါးကြာပြီဖြစ်သော ဆီးရီးယားစစ်ပွဲတွင် ဒမတ်စကတ်အစိုးရသည် အဓိကရေနံတွင်းများကို ထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့ပြီး ပြည်ပမှတင်သွင်းသည့် ရေနံကိုသာ အားထားခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်