
နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဟောင်ကောင်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဟောင်ကောင်မီဒီယာများက ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြခဲ့ရာ ဟောင်ကောင်၏ ပထမဆုံးနှင့် တရုတ်ပြည်မကြီးပြင်ပတွင် ဖိလစ်ပိုင်ပြီးလျှင် ဒုတိယမြောက် သေဆုံးမှုဖြစ်သည်။
အသက် ၃၉ နှစ်ရှိ ထိုအမျိုးသားသည် ဝူဟန်သို့ ဇန်နဝါရီတွင် သွားရောက်ခဲ့ပြီး ထိုဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဇန်နဝါရီ ၃၁ တွင် အတည်ပြုခဲ့ကာ ဆေးရုံတွင် ကုသနေစဉ် ရုတ်တရက် နှလုံးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
ထိုအမျိုးသားသည် ဟောင်ကောင်တွင် ထိုဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုထားမှု ၁၅ ခုအနက် ၁၃ ဦးမြောက် ကူးစက်ခံရမှု ဖြစ်သည်။
တရုတ်တွင် ဟူပေပြည်နယ်၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဖေဖော်ဝါရီ ၄ ရက်တွင် ၆၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီးနောက် သေဆုံးသူ ၄၂၅ ဦးအထိ မြင့်တက်လာခဲ့သည်။
ကူးစက်မှုသစ် ၃၂၃၅ မှု ဖြစ်ပွားခဲ့ပြီး တရုတ်တွင် ကူးစက်မှု စုစုပေါင်း ၂၀၄၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်မှုသည် လတ်တလောတွင် ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ အမေရိကန် အပါအဝင် တရုတ်ပြည်မကြီး ပြင်ပမှ နိုင်ငံနှင့်ဒေသ ၂၃ ခုတွင် ဖြစ်ပွားခဲ့ပြီး ကူးစက်မှု ၁၅၁ မှုထက်မနည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်