
ဖေဖော်ဝါရီ ၂ ရက်က လန်ဒန်မြို့တောင်ပိုင်း လူစည်ကားရာ လမ်းတစ်လမ်းပေါ်၌ လူနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အစ္စလာမ္မစ်အစွန်းရောက်တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက် အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည့် ပြစ်ဒဏ်ကျခံပြီးသား အကြမ်းဖက်သမားများကို ကိုင်တွယ်ရန် စနစ်ကို အကြီးအကျယ် အပြောင်းအလဲပြုလုပ်မည်ဟု ဗြိတိန်အစိုးရက ကတိပြုပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်၌ စျေးဝယ်သူများနှင့် ပြည့်နှက်နေသော စထရိဟမ်းဟိုက်ရုဒ်လမ်းပေါ်တွင် အသေခံဗုံးခွဲ ဝတ်စုံအတုကို ဝတ်ဆင်ထားသည့် ဆူဒစ်အမ်မန် (၂၀ နှစ်)အား ပစ်သတ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အမ်မန်သည် အကြမ်းဖက်မှုများဖြင့် ထောင်ဒဏ်ကျခံရပြီးနောက် ထောင်မှနေ၍ မကြာသေးမီကမှ စောစီးစွာ လွတ်မြောက် လာသူဖြစ်သည်။
လန်ဒန်မြို့လယ်ကောင်ရှိ လန်ဒန်တံတားအနီးတွင် အကျဉ်းသားများ ပြန်လည်နာလန်ထရေး ညီလာခံတစ်ရပ်သို့ တက်ရောက်လာသူနှစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် အကျဉ်းထောင်မှ စောစီးစွာ လွတ်မြောက်လာသူ အကြမ်းဖက်သမားတစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ရပြီးနောက် နှစ်လကျော်အကြာတွင် ယခုဖြစ်ရပ်ထပ်မံဖြစ်ပွား ခြင်းဖြစ်သည်။
အကြမ်းဖက်မှုကျူးလွန်သူများကို ပိုမိုရှည်လျားသော ထောင်ဒဏ်ချမှတ်ရန်၊ စောစီးစွာ လွှတ်ပေးခြင်းကို အဆုံးသတ်ရန်နှင့် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့အတွက် ဘတ်ဂျက်တိုးမြှင့်ရန်တို့အား ကြေညာခြင်းဖြင့် အစိုးရက ယခုတိုက်ခိုက်မှုကို တုံ့ပြန်ခဲ့သည်။
ယခုနောက်ဆုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က “မနက်ဖြန် (ဖေဖော်ဝါရီ ၃ ရက်) မှာ ကျွန်တော်တို့ အကြမ်းဖက်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်စီရင်ခံရသူတွေကို ကိုင်တွယ်ဖို့ရာ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့ အပြောင်းအလဲတွေလုပ်ဖို့ နောက်ထပ်အစီအစဉ်တွေကို ကြေညာပါမယ်” ဟု ပြောကြားခဲ့သည်။
လက်ထောက်ရဲမင်းကြီး လူစီဒီအော်စီက နယူးစကော့တလန်ယာ့ဒ်အပြင်ဘက်၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်တွင် “အစ္စလာမ္မစ်အစွန်းရောက်မှုနဲ့ ပတ်သက်တဲ့ ကျူးလွန်မှုတွေအတွက် ထောင်ဒဏ်ကျခံရပြီး ထောင်ကနေ မကြာသေးမီကမှ လွှတ်ပေးလိုက်သူဟာ အခု ကျူးလွန်သူဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
“ဒီဖြစ်ရပ်က မသင်္ကာသူကို မည်သူမည်ဝါဖြစ်ကြောင်း တရားဝင်မထုတ်ပြန်ရ သေးပေမဲ့ သူဟာ အသက် ၂၀ အရွယ်ရှိ ဆူဒစ်အမ်မန်ဖြစ်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟုလည်း လက်ထောက်ရဲမင်းကြီးက ပြောကြားခဲ့သည်။
အမ်မန်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက အကြမ်းဖက်ပြစ်မှု ၁၃ ခုဖြင့် ထောင်ဒဏ် ကျခံခဲ့ရပြီး မကြာသေးမီ သီတင်းပတ်အနည်းငယ်ကမှ လွတ်မြောက်လာသူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စောင့်ကြည့်မှတ်တမ်းများအရ သိရသည်။
လုံခြုံသည့် မက်ဆေ့ချ်ပေးပို့ရာ ဝန်ဆောင်မှုတစ်ခုဖြစ်သော Telegram ၌ ၎င်းရေးသားခဲ့သည့် ပို့စ်များနှင့်ပတ်သက်၍ ရဲအရာရှိများက အကြောင်းကြားပြီးနောက် တစ်လအကြာ ၂၀၁၈ ခုနှစ် မေလတွင် အမ်မန်ကို အကြမ်းဖက်တိုက်ခိုက်မှု စီစဉ်ခြင်းနှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် လန်ဒန်မြောက်ပိုင်း၌ ဖမ်းဆီးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်