
တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၃ တွင် ၃၆၀ ကျော်လာခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုက SARS ကြောင့် သေဆုံးသူဦးရေကို ကျော်လွန်သွားခဲ့သည်။
တရုတ်အလယ်ပိုင်း ဝူဟန်တွင် ဒီဇင်ဘာနှောင်းပိုင်းက စတင်စစ်ဆေးတွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံ ၂၄ နိုင်ငံကျော်ကို ပျံ့နှံ့ကူးစက်ခဲ့ပြီးနောက် သေဆုံးသူဦးရေ မြင့်တက်နေခဲ့သည်။
ဖေဖော်ဝါရီ ၃ တွင် ထပ်မံသေဆုံးသူ ၅၇ ဦးရှိကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ရာ ယင်းတို့အနက် တစ်ဦးမှလွဲလျှင် ကျန်သူအားလုံးသည် ဝူဟန်နှင့် ဟူပေပြည်နယ်၏ ကျန်နေရာများမှ ဖြစ်ကြသည်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ဟန့်တားရန်အတွက် ဟူပေပြည်နယ်ကို ပိတ်ဆို့ထားသည်မှာ သီတင်းပတ်နှစ်ပတ်နီးပါး ရှိပြီဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တစ်နိုင်ငံလုံး၌ သေဆုံးသူဦးရေသည် ၃၆၁ ဦးထိရှိခဲ့ပြီး ၂၀၀၂ -၂၀၀၃ ခုနှစ်က ဆားစ်ကြောင့် သေဆုံးခဲ့သည့် ၃၄၉ ဦးထက် ကျော်လွန်ခဲ့သည်။
တရုတ်တွင်ပင် အစပြုခဲ့သော ဆားစ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် ၇၇၄ ဦး သေဆုံးခဲ့ပြီး အများစုသည် တရုတ်နှင့် ဟောင်ကောင်မှ ဖြစ်ကြသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးသက်ရောက်မှုသည်လည်း ကြီးမားလာခဲ့ပြီး တရုတ်နိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်းများ ပိတ်ထားခဲ့ရခြင်း၊ နိုင်ငံတကာခရီးသွားလာမှု ဆိုင်းငံ့ထားခြင်း၊ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ကြီးများ၏ ထုတ်လုပ်မှုများ ထိခိုက်ခြင်းတို့ကြောင့် စီးပွားရေးကို သက်ရောက်မှု ပြင်းထန်လာခဲ့သည်။
တရုတ်နိုင်ငံတစ်ဝန်း ခရီးသွားလာမှုကို ဟန့်တားရန် နှစ်သစ်ကူးအားလပ်ရက်ကို တိုးထားခဲ့ပြီးနောက် ပိတ်ရက်ကုန်ဆုံးသည့် ဖေဖော်ဝါရီ ၃ တွင် ရှန်ဟိုင်းနှင့်ရှင်ကျန်၌ စတော့စျေးကွက်များသည် ၉ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ပြည်တွင်း ပြည်ပ ခရီးသွားလာမှုအား ဆိုင်းငံ့ထားသောကြောင့် ခရီးသွားစီးပွားလုပ်ငန်းရှယ်ယာများ ထိုးကျခဲ့သည်။
စီးပွားရေး တိုးတက်သည့် ဗဟိုချက်ဖြစ်သော ဝူဟန်မြို့သည် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပြီး ဒေသခံများသည် ဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်ကြီးစွာနှင့် နေထိုင်နေကြရသည်။ လူနာများစုပြုံနေသည့် ဝူဟန်၏ဆေးရုံများသို့ တရုတ်နိုင်ငံတစ်ဝန်းမှ ဆေးဘက်ဝန်ထမ်း ၈၃၀၀ ပါဝင်သည့် အဖွဲ့ ၆၈ ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း အစိုးရမီဒီယာဆင်ဟွာက ဖေဖော်ဝါရီ ၃ တွင် ဖော်ပြခဲ့သည်။
တရုတ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေမှာလည်း ဖေဖော်ဝါရီ ၃ တွင် ၁၇၂၀၀ ကျော် ရှိလာခဲ့သည်။ ဖိအားများမြင့်မားနေ ချိန်တွင် တရုတ်အစိုးရသည် အလွန်တိုတောင်းသည့် ကာလအတွင်း ဆေးရုံသစ် နှစ်ရုံတည်ဆောက်ရန် အပူတပြင်း ဆောင်ရွက်နေသည်။ ယင်းဆေးရုံနှစ်ရုံအနက် ပထမဖြစ်သော ခုတင် ၁၀၀၀ ဆေးရုံကို ဖေဖော်ဝါ ရီ ၃ တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံကို ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုဆေးရုံတွင် စစ်ဘက်ကျန်းမာရေး ဝန်ထမ်း ၁၄၀၀ ခန့်က လူနာများကို စောင့်ရှောက်ပေးမည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။
ဝူဟန်တွင် သေဆုံးမှု မြင့်တက်လာနေသောကြောင့် ထိုဆေးရုံများက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တရုတ်အရှေ့ဘက် စက်မှုလုပ်ငန်းမြို့ ဝမ်ကျိုးကို ဝူဟန်နှင့် အလားတူ ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၂ တွင် ကြေညာခဲ့ရာ တရုတ်၏ အခြားနေရာများသို့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို စိုးရိမ်မှုကြီးမားစေခဲ့သည်။
ဝမ်ကျိုးမြို့ရှိ လမ်းများကို ပိတ်ဆို့ခဲ့ပြီး မြို့နေလူထု ကိုးသန်းကိုလည်း နေအိမ်တွင်း၌သာ နေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။ ဝမ်ကျိုးမှ တစ်အိမ်ထောင်လျှင် တစ်ယောက်စီကိုသာ လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် နှစ်ရက်ခြားတစ်ကြိမ် အပြင်ထွက်ခွင့်ပေးမည်ဟု အာဏာပိုင်များက ကြေညာခဲ့သည်။
ကိုရိုနာ ဗိုင်းရပ်စ်သည် ဂျီ-၇ နိုင်ငံအားလုံးအထိ ကူးစက်ရောက်ရှိခဲ့ပြီးနောက် ပူးပေါင်းတုံ့ပြန်မှုကို ဆွေးနွေးရန် ဆောင်ရွက်နေကြသည်။ တရုတ်နိုင်ငံသို့ မကြာသေးမီက သွားရောက်ခဲ့သော နိုင်ငံခြားသားများကို ဝင်ရောက်ခွင့်တားမြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့်အစ္စရေးတို့က ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်