
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ China Southern လေကြောင်းလိုင်းဖြင့် ဇန်နဝါရီ ၃၁ရက်နံနက်ပိုင်းက လိုက်ပါလာသော တရုတ်နိုင်ငံသားခရီးသည် တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာများ တွေ့ရှိ၍ရောဂါအတည်ပြုနိုင်ရန် စစ်ဆေးခဲ့ရာ သွေးစစ်ဆေးမှုအဖြေတွင် ကိုရိုနာဗိုင်း ရပ်စ်ပိုး တွေ့ရှိခြင်း မရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“တရုတ်နိုင်ငံသားရဲ့ အဖြေတော့ရပါ ပြီ။ သတင်းကောင်းပါ။ ပထမဆုံး ဝေဘာဂီ လူနာ ဓာတ်ခွဲအဖြေက Negative ပါ” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသား အမျိုးသား ခရီးသည် တစ်ဦးတွင် ကိုယ်အပူချိန်အနည်း ငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေး တွေ့ရှိသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းသို့ ပို့ဆောင်ထားရှိပြီး လုပ်ငန်းလမ်းညွှန်၊ စံ လုပ်ထုံးလုပ်နည်းများနှင့်အညီ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် သံသယလူနာ၏ သွေး နှင့် နှာခေါင်းတို့ပတ်နမူနာကို ကမ္ဘာ့ကျန်းမာရေးအသိအမှတ်ပြု ထိုင်းနိုင်ငံရှိ ရည်ညွှန်း ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။
အဆိုပါ ခရီးသည်ထံမှ ဓာတ်ခွဲနမူနာရယူ၍ Novel Coronavirus (2019 – nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါရှိမရှိကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ပြီး အဆိုပါ လေယာဉ်ဖြင့် လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသားခရီးသည်နှစ်ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှုရှိမရှိ စနစ်တကျစောင့်ကြပ် ကြည့်ရှုဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်