Top News

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၀၀၀ ကျော် ရှိလာပြီး ၅၇ ဦး ထပ်မံသေဆုံးကာ သေဆုံးသူ ၃၆၀ ကျော် ရှိလာ
24htopnews | December 15, 2024 7:12 AM CST

တရုတ်တွင် ကိုရိုနာ‌ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၅၇ ဦး ထပ်မံ သေဆုံးပြီး သေဆုံးသူ ၃၆၁ ဦး ရှိလာခဲ့ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် ကူးစက်မှုသစ် ၂၈၂၉ မှု ထပ်တိုးလာခြင်းကြောင့် စုစုပေါင်းကူးစက်မှု ၁၇၂၀၀ ကျော် ခဲ့ပြီဖြစ်သည်။

ထပ်မံသေဆုံးသူ အားလုံးသည် ဟူပေပြည်နယ်မှဖြစ်ပြီး အနောက်တောင်ပိုင်း မြို့ကြီး ချုံကင်းတွင် တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဝူဟန်မှ ကီလိုမီတာ ၈၀၀ ခန့် ဝေးကွာသော အဓိကမြို့ ဝမ်ကျိုးအား အာဏာပိုင်များက အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး တရုတ်ပြင်ပ ပထမဆုံး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး‌‌ နောက်တစ်ရက်အကြာတွင် ထိုကိန်းဂဏန်းသစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ၃၆၀ ကျော်လာသောကြောင့် ၂၀၀၂-၀၃ ခုနှစ်တွင် SARS ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်ပြည်မကြီးတွင် သေဆုံးခဲ့သူ ၃၄၉ ဦးထက် ကျော်လွန်သွားပြီဖြစ်သည်။

ပြည်ပတွင် ကူးစက်မှုအများစုသည် ဝူဟန် သို့မဟုတ် ဟူပေပြည်နယ်ပတ်လည် ဒေသများသို့ သွားရောက်ခဲ့ကြသူများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်တွင် သေဆုံးခဲ့သူသည် ဝူဟန်မှ အသက် ၄၄ နှစ်ရှိ တရုတ်အမျိုးသား တစ်ဦးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဂျီ ၇ အဖွဲ့ဝင် နိုင်ငံအားလုံးတွင် ထိုဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားကြောင်း အတည်ပြုခဲ့ကြပြီး ပူးတွဲတုံ့ပြန်ရန် ဆွေးနွေးသွားမည်ဟု ဂျာမနီက ထုတ်ပြန်ခဲ့သည်။

 

 


READ NEXT
Cancel OK