Top News

ဟူနန်ပြည်နယ်တွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက် ဖြစ်ပွားနေ
24htopnews | December 15, 2024 7:12 AM CST

တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ် ဆောင်ယန်မြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခု၌ အပြင်းစားကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်ကူးစက်ပျံနှံ့နေသည်ဟု တရုတ်စိုက်ပျိုး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသရေးရာ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းရောဂါကူးစက်ဖြစ်ပွားမှုသည် ကြက်အကောင်ရေ ၇,၈၅၀ မွေးမြူထားသော ကြက်ခြံတစ်ခြံမှ စတင်ဖြစ်ပွား ခဲ့ပြီး ထိုကြက်ခြံထဲမှ ကြက်အကောင်ရေ ၄,၅၀၀ မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် အာဏာပိုင်များသည် ကြက်အကောင်ရေ ၁၇,၈၂၈ ကို သုတ်သင်ခဲ့သည်။ H5N1 ဗိုင်းရပ်စ်ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရန် ကြိုးပမ်းနေရသည်မှာ တရုတ်တစ်နိုင်ငံတည်းမဟုတ်ဘဲ အိန္ဒိယတွင်လည်း ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပျံနှံ့မှုကို ထိန်း ချုပ်ရန် ကြက်များ သုတ်သင် ခြင်းနှင့် ကြက်ဥများ ဖျက်ဆီးခြင်းတို့ကို စတင်လုပ်ဆောင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်၌ ကြက်ငှက်တုပ်ကွေးရောဂါ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး စီးပွားရေးဆုံးရှုံးမှု ဒေါ်လာ ၆.၅ ဘီလျံအထိ ရှိခဲ့သည်။                 

 

 


READ NEXT
Cancel OK