
ဖိလစ်ပိုင်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်နိုင်ငံပြင်ပ၌ ပထမဆုံး သေဆုံးမှု ဖြစ်ပေါ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့ရာ လူပေါင်း ၃၀၀ ကျော် ကို သေဆုံးစေခဲ့ပြီးဖြစ်သည့် ရောဂါကူးစက် ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကမ္ဘာကြီး၏ စိိုးရိမ်မှုများကို ပိုမိုမြင့်တက်လာစေခဲ့သည်။
ကမ္ဘာတစ်လွှား၌ ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန် တရုတ်နိုင်ငံမှ ဝင်ရောက်မည့်သူများအား တံခါးပိတ်လိုက်သည့် အစိုးရအဖွဲ့များ အရေအတွက် တိုးပွားလာနေချိန်၌ ယခုကဲ့သို့ တရုတ်နိုင်ငံပြင်ပ၌ ပထမဆုံး သေဆုံး မှုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့မှ စတင်ထွက်ပေါ်လာခဲ့သော ကိုရိုနာဗိုင်းရပ်စ်အသစ်သည် တရုတ်နိုင်ငံမှ လူပေါင်း ၁၄,၀၀၀ ကျော်ကို ကူးစက်ခဲ့ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ ပျံ့နှံ့ခဲ့သည်။
တရုတ်သည် ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန်အတွက် ဝူဟန်နှင့် ပတ်ဝန်းကျင်မြို့များကို ပိတ်ဆို့ထားခဲ့သော်လည်း ဆက်လက်ပျံ့နှံ့လျက်ရှိရာ စတင်ပျံ့နှံ့ရာ ဝူဟန်မြို့မှ ဝေးကွာသည့် အရှေ့ပိုင်းမှ မြို့တစ်မြို့ကိုပင် ဖေဖော်ဝါရီ ၂ ရက်တွင် အလားတူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေကို ဇန်နဝါရီ ၃၀ ရက်တွင် ကြေညာခဲ့ရပြီး က မ္ဘာ့နိုင်ငံများအနေဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်ရေးအတွက် ခံတပ်ကြီးများတည် ဆောက်ရန် ပုံမှန်မဟုတ်သည့် ကာကွယ်ရေးနည်းလမ်းများကို လုပ်ဆောင်ခဲ့ရသည်။
အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန် နှင့် အစ္စရေးတို့က မကြာသေးမီက တရုတ်နိုင်ငံတွင် နေထိုင်ခဲ့သည့် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး ၎င်းတို့နိုင်ငံသားများကိုလည်း တရုတ်နိုင်ငံသို့ ခရီးသွား လာခြင်းမပြုရန် သတိပေးထားသည်။
မွန်ဂိုလီးယား၊ ရုရှားနှင့် နီပေါတို့က ၎င်းတို့၏ ကုန်းမြေနယ်စပ်များကို ပိတ်ထားပြီး ပါပူအာနယူးဂီနီကဲ့သို့ အလွန်ဝေးကွာသော နိုင်ငံသည်ပင်လျှင် အာရှတစ်လွှားရှိ သင်္ဘောဆိပ်၊ လေဆိပ်များမှ ရောက်ရှိလာမည့် မည်သူ့ကိုမဆို ပိတ်ပင်ထားသည်။
ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေးနည်းလမ်း များက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးကွေးသွားစေ သော်လည်း ရပ်တန့်ခြင်းငှာ မစွမ်းခဲ့ပေ။
ဖိလစ်ပိုင်၌ သေဆုံးသူသည် အသက် ၄၄ နှစ် အရွယ်ရှိ ဝူဟန်မှ လာသော တရုတ် လူမျိုးဖြစ်သည်ဟု WHO က ပြောကြားခဲ့ သည်။
တရုတ်မှလာသော မည်သည့်နိုင်ငံခြားသားခရီးသွားကိုမဆို ချက်ချင်းပိတ်ပင်လိုက်ကြောင်း ဖိလစ်ပိုင်အစိုးရက ကြေညာပြီး နောက်မကြာမီ ထိုသူ သေဆုံးကြောင်း သ တင်းထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ သေဆုံးကြောင်း ပထမဆုံးသတင်းပို့မှုပါပဲ” ဟု ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် ရာဘင်ဒရာအာဘေးယာဆင်ဟီက မနီလာမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့ သည်။
ဗြိတိန်၊ ရုရှားနှင့် ဆွီဒင်တို့ကလည်း ၎င်းင်းတို့နိုင်ငံများ၌ ရောဂါကူးစက်ခံရသူ ရှိလာကြောင်း ယခုသီတင်းပတ်အကုန်၌ ပထမဆုံး သတင်းပို့ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်