
ယူအေအီးနိုင်ငံမှ မကြာသေးမီက ပြန်လည်ရောက်ရှိလာခဲ့ပြီး မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းနှင့် ယင်းသည် အာရှဒေသတွင် မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်ဖွယ်ရှိကြေင်း အိန္ဒိယအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။
အသက် ၂၂ နှစ်အရွယ် အဆိုပါအမျိုးသားကို ဆေးစစ်ရာတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု ကီရာလာပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာအရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့(WHO) က ကြေညာခဲ့သည့် မျောက်ကျောက်ရောဂါနှင့်ဆက်နွှယ်၍ သေဆုံးခဲ့သူဦးရေမှာ အာဖရိကပြင်ပတွင် သုံးဦးရှိလာခဲ့ပြီဖြစ်သည်။
အဆိုပါအိန္ဒိယအမျိုးသားသည် ယူအေအီးနိုင်ငံမှ ပြန်ရောက်လာပြီးနောက် ဆေးရုံသို့ တက်ရောက်ကုသခဲ့ပြီး တစ်ပတ်ခန့်အကြာ ဇူလိုင် ၃၀ ရက်တွင် ကီရာလာပြည်နယ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်။ သို့ရာတွင် မျောက်ကျောက်ရောဂါကြောင့် သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“အဲဒီလူငယ်မှာ မျောက်ကျောက်ရောဂါလက္ခဏာမျိုး မတွေ့ခဲ့ရပါဘူး။ ဦးနှောက်ရောင်ရမ်းခြင်းနဲ့ မောပန်းနေတဲ့ လက္ခဏာတွေကြောင့် ဆေးရုံတင်ခဲ့တာဖြစ်တယ်” ဟု ကီရာလာပြည်နယ် ကျန်းမာရေးဝန်ကြီး ဗီနာဂျော့ဂျ်က ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်ဟု Indian Express သတင်းစာက ဖော်ပြခဲ့သည်။
၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေများအပါအဝင် ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသည့် လူ ၂၀ ဦးကို အခြေအနေ စောင့်ကြည့်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ မေလမှစတင်၍ ကမ္ဘာတစ်ဝန်း အာဖရိကပြင်ပ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၈၀၀၀ ကျော် တွေ့ရှိထားပြီး အများစုမှာ ဥရောပတိုက်မှဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က စပိန်တွင် မျောက်ကျောက်ရောဂါနှင့် ဆက်နွှယ်သည့် သေဆုံးသူနှစ်ဦး တွေ့ရှိခဲ့ပြီး ဘရာဇီးတွင် တစ်ဦး တွေ့ရှိခဲ့သည်။ သို့ရာတွင် ၎င်းတို့သုံးဦးစလုံးသည် မျောက်ကျောက်ရောဂါကြောင့် သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို အတိအလင်းအတည်ပြုနိုင်ခြင်း မရှိသေးပေ။
WHO ၏ ဥရောပဆိုင်ရာ အရေးပေါ်ဌာနအဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ ကက်သရင်းစမောလ်ဝုဒ်ကလည်း ဥရောပတွင် မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် လူသေဆုံးမှုများနှင့် ထပ်မံကြုံတွေ့ရဖွယ်ရှိကြောင်း သတိပေးခဲ့သည်။ ဥရောပတွင် ရောဂါကူးစက်ပြန့်ပွားမှုများကို အလျင်အမြန် ထိန်းချုပ်သွားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အိန္ဒိယတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ လေးဦးထက်မနည်း တွေ့ရှိထားပြီး ဇူလိုင် ၁၅ ရက်က ယူအေအီးနိုင်ငံမှ ကီရာလာပြည်နယ်သို့ ပြန်ရောက်လာသည့် အမျိုးသားတစ်ဦးတွင် ပထမဆုံးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကီရာလာပြည်နယ် ကျန်းမာရေးအာဏာပိုင်အဖွဲ့မှ အဆင့်မြင့်အဖွဲ့တစ်ဖွဲ့က လတ်တလော လူသေဆုံးမှုကို စစ်ဆေးသွားမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်