Top News

နန်စီပယ်လိုစီ ထိုင်ဝမ်သွားရန် အလားအလာရှိသော ခရီးစဉ်နှင့် ပတ်သက်၍ တင်းမာမှုများမြင့်တက်လာ အာင်လုပ်ဆောင်ခြင်းမပြုရန် အမေရိကန်က တရုတ်ကို သတိပေး
24htopnews | December 15, 2024 10:12 AM CST

 

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ထိုင်ဝမ်သွားရန်အလားအလာရှိသောခရီးစဉ်နှင့် ပတ်သက်၍ တရုတ်အနေဖြင့် တင်းမာမှုမြင့်တက်စေသော ကိစ္စများကို လုပ်ဆောင်ခြင်းမပြုရန် ဘိုင်ဒင်အစိုးရ တာဝန်ရှိသူ များက သတိပေးလျက်ရှိပြီး သွားရန် အလားအလာရှိသော ခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၌ အပြောင်းအလဲဖြစ်ပေါ်ခြင်းကို အမှတ်အသားပြုမည်မဟုတ်ဟု အလေးပေးပြောဆိုခဲ့ကြသည်။

 

 “ ကာလရှည်အမေရိကန်မူဝါဒနဲ့ကိုက်ညီနေတဲ့ အလားအလာရှိ ခရီးစဉ်ကို ပေကျင်းအနေနဲ့ အကျပ် အတည်းပုံစံ ဒါမှမဟုတ် ပဋိပက္ခပုံစံတစ်မျိုးမျိုးအဖြစ် ပြောင်းလဲသွားအောင် လုပ်ဆောင်ဖို့ အကြောင်းမရှိပါဘူး။ ထိုင်ဝမ်တစ်ဝိုက် ဒါမှမဟုတ် ထိုင်ဝမ်မှာ စစ်ရေးလှုပ်ရှားမှု အတင်းအကျပ်လုပ်ဆောင်တာကို တိုးမြှင့်ဖို့ ပေကျင်း အနေနဲ့ ယိုးမယ်ဖွဲ့တဲ့သဘော ဒီအလားအလာရှိခရီးစဉ်ကိုအသုံးချတာမျိုး လုပ်ဖို့အကြောင်း မရှိပါဘူး”ဟု ဆက်သွယ်ရေးများဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာစေ့စပ်ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက သြဂုတ် ၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ပယ်လိုစီသည် သွားရောက်လျက်ရှိသောအာရှခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် ထိုင်ဝမ်ကို သွားမည်ဟု မျှော်လင့်ရကြောင်း အကြီးတန်းထိုင်ဝမ်တာဝန်ရှိသူတစ်ဦးနှင့် အမေရိကန်တာဝန်ရှိသူတို့၏ ပြောကြားချက်များ အရသိရသည်။ ယခုကဲ့သို့ အထင်ကရခရီးစဉ်အပေါ် တရုတ်၏ တုံ့ပြန်မှုကို စိုးရိမ်နေသော ဘိုင်ဒင်အစိုးရတာ ဝန်ရှိသူများက သတိပေးပြောဆိုမှုများပြုလုပ်နေသည့်တိုင် ပယ်လိုစီအနေဖြင့် ထိုင်ဝမ်ကိုသွားမည်ဟု မျှော်လင့် ရသည်။ ၂၅ နှစ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအတွက် ပထမဆုံးဖြစ်လာမည့် ခရီးတစ် ထောက်မှာ ပယ်လိုစီ၏ ခရီးစဉ်ထဲတွင် လောလောဆယ်ပါဝင်ခြင်းမရှိပေ။ အမေရိကန်-တရုတ်ဆက်ဆံရေးများ အနိမ့်ကျဆုံးဖြစ်နေချိန်တွင် ပယ်လိုစီ ထိုင်ဝမ်ကိုသွားရန် အလားအလာရှိသော ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ် သည်။

 

ပယ်လိုစီသွားရန်ရှိနေသော ထိုင်ဝမ်ခရီးစဉ်မတိုင်မီ တရုတ်အစိုးရတာဝန်ရှိသူများက လေလုံးထွားပြော ဆိုမှုများ ပိုမိုလုပ်ဆောင်ခဲ့ကြသည်။ တရုတ်က မိမိပိုင်နက်ဟု ပြောကြားထားသော ကိုယ့်ဘာသာအုပ်ချုပ်နေ သည့် ထိုင်ဝမ်ကျွန်းကို ပယ်လိုစီသွားရန် စီစဉ်ထားသော ခရီးစဉ်၏ ကမ်းကုန်လောက်သော နိုင်ငံရေးသက် ရောက်မှုကို သြဂုတ် ၁ ရက် ပုံမှန်ပြုလုပ်နေကျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကသတိပေးခဲ့သည်။မိမိ၏အချုပ်အခြာအာဏာနှင့်နယ်မြေစည်းလုံးညီညွတ်မှုတို့ခြိမ်းခြောက်ခံနေ ကြောင်းယူဆပါက တရုတ်နိုင်ငံသည် ဤအတိုင်း ထိုင်နေကြည့်နေမည်မဟုတ်ဟုတရုတ်တာဝန်ရှိသူများက ထပ်လောင်းပြောကြားခဲ့ကြသည်။

 

တရုတ်စစ်တပ်က ထိုင်ဝမ်ကို ရည်ညွှန်းခြင်းမရှိသော်လည်း တရုတ်စစ်တပ်၏ အရှေ့ပိုင်းစစ်ဒေသကွပ် ကွဲရေးဌာနက “ဝင်လာသောရန်သူများကို မြုပ်ပစ်မည်” ဟုပြောကြားထားသော ဗီဒီယိုကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပြီး လက်နက်များနှင့် တိုက်ခိုက်ရေးနည်းဗျူဟာများကို ထုတ်ဖော်ပြခဲ့သည်။

 


READ NEXT
Cancel OK