
နယူးဇီလန်၏ နယ်စပ်များကို သြဂုတ် ၁ ရက်တွင် အပြည့်အဝပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း COVID-19 ကပ်ရောဂါအခြေပြု ခရီးသွားလာရေးကန့်သတ်ချက်ကို ရုပ်သိမ်းခဲ့ပြီးနောက် နိုင်ငံတကာခရီးသွားများနှင့် ကျောင်းသားများ ပြန်လည်လာရောက်မှုသည် တဖြည်းဖြည်းပြန်လည်စတင်လာလိမ့်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
လွန်ခဲ့သည့် ခုနစ်ရက်ကျော်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၂၅၃၈ ဦးရှိသည့် နယူးဇီလန်သည်ခရီးသွားများ ပြန်လည်စတင်ဝင်ရောက်မှုကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေသည်။
၎င်း၏နယ်စပ်ပြန်လည်ဖွင့်လှစ်မှု နောက်ဆုံးအဆင့်ကို ဇူလိုင် ၃၁ ရက် ဒေသစံတော်ချိန် ညသန်းခေါင်တွင်စတင်ခဲ့ပြီး ရေကြောင်းနှင့် ပြည်ပခရီးသွားများအားလုံးကို ဗီဇာလျှောက်လွှာတင်ခွင့်ပြုခဲ့သည်။
သို့သော် Tourism New Zealand ၏ အမှုဆောင်ချုပ် ရီနီဒီမွန်ချီက COVID-19 မတိုင်မီအဆင့်များနှင့် နှိုှုင်းယှဉ်လျှင် စီးပွားရေးလုပ်ငန်းများ နှေးကွေးစွာ ပိုမိုကောင်းမွန်လာရန် မျှော်မှန်းထားသည်။
“ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူတွေအနေနဲ့ ခရီးသွားလာဖို့ ယုံကြည်ချက်ရတဲ့အချိန်အထိ နိုင်ငံတကာခရီးသွားလာရေးကို ပြန်လည်စတင်ဖို့ အချိန်ယူရမယ်လို့ မျှော်မှန်းထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“Tourism New Zealand အနေနဲ့ ခရီးသွားကဏ္ဍကို ပြန်လည်နာလန်ထူနိုင်ဖို့နဲ့ နိုင်ငံရဲ့စီးပွားရေးကို ထောက်ပံ့ပေးဖို့အတွက် အဓိကစျေးကွက်တွေကနေ အလည်အပတ်လာရောက်ဖို့ အားပေးတာကို ကြိုးကြိုးစားစား လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။
သြဂုတ်လလယ်ပိုင်းတွင် အောက်ကလန်းရှိ ဆိပ်ကမ်းမှ ထွက်ခွာရန် ပထမဆုံးမျှော်မှန်းထားသော အပျော်စီးသင်္ဘောခရီးစဉ်အပါအဝင် ခရီးသွားကဏ္ဍနှင့် နိုင်ငံတကာကျောင်းသားများသည် နယူးဇီလန်၏ စီးပွားရေးအတွက် အဓိကဝင်ငွေဖန်တီးပေးသူများဖြစ်သည်။
COVID-19 ကပ်ရောဂါမတိုင်မီ၂၀၂၀ ခုနှစ် မတ်လမတိုင်မီ ၁၂ လကျော်အတွင်း ကမ္ဘာလှည့်ခရီးသွားငွေကြေးသုံးစွဲမှုသည် နိုင်ငံ့ဘဏ္ဍာအတွက် ဒေါ်လာ၂၅.ရသန်း ထုတ်ပေးခဲ့သည်။
ယင်းကာလတူအတွင်း ခရီးသွားကဏ္ဍသည် နယူးဇီလန်၏ GDP ဒေါ်လာ ၁၆.၄ ဘီလျံကို တိုက်ရိုက်ထောက်ပံ့ပေးနေသည်။
ခရီးသွားကဏ္ဍသာမက ပညာရေးနယ်ပယ်တွင်လည်း ပြည်ပကျောင်းသားများကို ကပ်ရောဂါမတိုင်မီ အရေအတွက်အတိုင်းပြန်လည်ရောက်ရှိလာစေရန် မျှော်လင့်ထားကြသည်။ နိုင်ငံတကာကျောင်းသားများမှ တစ်နှစ်လျှင် ဝင်ငွေဒေါ်လာငါးဘီလျံဝန်းကျင်ရရှိပြီး ယင်းသည် နယူးဇီလန်၏စတုတ္ထအကြီးဆုံး ပို့ကုန်ဝင်ငွေရရှိမှု ဖြစ်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ယင်းအရေအတွက် ကျဆင်းခဲ့သည်။
ကပ်ရောဂါမတိုင်မီက အောက်ကလန်း၏ Macleans ကောလိပ်တွင် ပြည်ပကျောင်းသား ၃၀၀ ခန့်ရှိသည်။ ကျောင်းအုပ်ကြီး စတီဗင်ဟာဂရိဗ်က လွန်ခဲ့သည့်လပေါင်းများစွာက ကျောင်းဝင်ခွင့်ကိုလက်ခံနိုင်ရန် မျှော်လင့်ခဲ့ပြီး ယင်းကဲ့သို့လုပ်ဆောင်ခဲ့လျှင် သြဂုတ်၁ ရက်တွင် ကျောင်းသားများ ပြန်လည်လာရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်