
သမ္မတ ဘာရှာအယ်လ်အာဆက် ပြုတ်ကျသွားခဲ့ပြီးနောက် အားလုံးပါဝင်သော အသွင် ကူးပြောင်းရေးကို တိုက်တွန်းရန် ဒီဇင်ဘာ ၁၂ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းသို့ ထွက်ခွာလာစဉ် ဆီးရီးယားယာယီဝန်ကြီးချုပ်သစ်က လူနည်းစုအခွင့်အရေးမျာကို အကာအကွယ်ပေးမည်ဟု ကတိပြုခဲ့သည်။
ရန်သူ၏လျင်မြန်သောထိုးစစ်ကြောင့် နယ်မြေအများအပြားကို ဆုံးရှုံးသွားပြီးနောက် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်သည်နိုင်ငံမှ ထွက်ပြေးသွားခဲဲ့ရာ ဆီးရီးယား နိုင်ငံတစ်ဝန်းနှင့်ကမ္ဘာတစ်ဝန်းရှိဆီးရီးယား နိုင်ငံသားများ အောင်ပွဲခံခဲ့သည်။
ဒမတ်စကတ်မြို့ကို သိမ်းပိုက်လိုက်ပြီး နောက်သူပုန်အဖွဲ့ကဆီးရီးယားနိုင်ငံတွင် ဆယ်စုနှစ်ငါးခုကြာ Baath ပါတီအုပ် စိုးမှုအဆုံးသတ်သွားပြီဟုကြေညာခဲ့သည်။
အာဆက်ဖခင်နှင့်အာဆက်တို့ ဆီးရီးယားနိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်စိုးခဲ့ချိန်အတွင်း အစိုးရဆန့်ကျင်သူများ ထောင်ချခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းတို့ရှိခဲ့သည်။ ထို့အပြင် ၁၄ နှစ်ကြာ ဆီးရီးယား ပြည် တွင်းစစ်အတွင်းလူ ၅၀၀,၀၀၀ သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရသည်။
“ကျွန်တော်တို့ဟာဖိနှိပ်မှုနဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ထုတ်ဖော်ပြောဆိုလို့ မရနိုင်ပါဘူး”ဟု အာဆက်၏ မွေးရပ်မြေမြို့ ကာဒါဟာ၏မြို့ခံ အစ်ဘ်တစ်ဆမ်ကပ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ဘယ်အချိန်မှာမဆို ထုတ်ဖော်ပြောဆိုချင်တဲ့အခါတိုင်း သူတို့ကကျွန်တော်တို့နဲ့ ကျွန်တော်တို့သားသမီးတွေကို အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
အာဆက်ပြုတ်ကျသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်မှုသည် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံရှိသော နိုင်ငံနှင့်ပတ်သက်၍ မရေမရာမှုတို့ ပူးတွဲပါလာခဲ့သည်။ ဆီးရီးယားခေါင်းဆောင်သစ်များ က လူနည်းစုကို အကာအကွယ်ပေးမည်ဟု ပြောကြားခဲ့သည်။
ဆွန်နီ မွတ်စလင် HTS သူပုန်အဖွဲ့သည် ဆီးရီးယား၏ အယ်လ်ကေဒါအဖွဲ့ခွဲအဖြစ် အရင်းခံခဲ့ခြင်းဖြစ်သည်။ အနောက်အုပ်စုက HTS ကို ထိန်းထိန်းသိမ်းသိမ်းပြောဆိုလာသည့်တိုင် HTS ကို အကြမ်းဖက်အုပ်စုအဖြစ် အနောက်အစိုးရများက ပိတ်ပင်ထားသည်။
“ကျွန်တော်တို့က အစ္စလာမ်မစ်တွေဖြစ်တာကြောင့် ကျွန်တော်တို့ဟာ ဆီးရီးယားနိုင်ငံက ပြည်သူအားလုံးအခွင့်အရေးနဲ့ဂိုဏ်းအားလုံးရဲ့အခွင့်အရေးတွေကို အာမခံသွားမှာဖြစ်ပါတယ်”ဟု မတ် ၁ ရက်အထိ အသွင်ပြောင်းအစိုးရ အဖွဲ့၏အကြီးအကဲအဖြစ် ထမ်းဆောင်မည့် မိုဟာမက်အယ်လ်ဘာရှာက ဒီဇင်ဘာ ၁၁ ရက်ထုတ် အီတလီသတင်းစာ ကော်ရီယာဒယ်လာဆာရာကို ပြောကြားခဲ့သည်။
ဆီးရီးယားအုပ်ချုပ်သူအသစ်များက အာဆက်၏အာဏာရှင်အစိုးလက်ထက်က ဒုက္ခရောက်ခဲ့သူများအတွက် တရားမျှတမှုရှိအောင်လုပ်ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။ ထိန်းသိမ်းခံရသူများကို နှိပ်စက်ညှဉ်း ပန်းရာတွင် ပါဝင်ပတ်သက်နေသော တာဝန်ရှိသူများကို ချမ်းသာပေးမည်မဟုတ်ဟု HTS ခေါင်းဆောင်အဘူမိုဟာမက်အယ်လ် ဂျိုနီက ပြောကြားခဲ့သည်။
ရာဇဝတ်မှုကျူးလွန်သူများကိုတရား စီရင်နိုင်ရေးအတွက် ၎င်းတို့ ထွက်ပြေးသွားဖွယ်ရှိသော နိုင်ငံများက ၎င်းတို့ကိုလွှဲပြောင်း ပေးရေးအတွက်ဂျိုလာနီကနိုင်ငံများကို တိုက်တွန်းပြောကြားထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဒီဇင်ဘာ ၁၂ ရက်တွင် ဂျော်ဒန်နိုင်ငံကို ရောက်ရှိလာမည်ဖြစ်သည်။ ဒေသတွင်းခရီးစဉ်၏ပထမဆုံး ခရီးတစ်ထောက်ဖြစ်သည့် ဂျော်ဒန်ခရီးတွင် ဘလင် ကင်သည် အားလုံးပါဝင်ပြီး ဆီးရီးယား ဦးဆောင်သော အသွင်ကူးပြောင်းရေးကို တာဝန်ခံမှုရှိပြီး ကိုယ်စားပြုသော အစိုးရဖြစ်ရေးအတွက် အမေရိကန်၏အကူအညီအားကမ်းလှမ်းမည်ဖြစ်သည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်