Top News

ဗြိတိန်က အင်ဒို-ပစိဖိတ်ကုန်သွယ်ရေးအဖွဲ့ကို တရားဝင် ဝင်ရောက်
24htopnews | December 16, 2024 4:12 PM CST

ဒီဇင်ဘာ ၁၅ ရက်တွင်ဗြိတိန်သည် အင်ဒို-ပစိဖိတ်ကုန်သွယ်ရေး အဖွဲ့ကြီးကို ဝင်ရောက်သည့် ပထမအဆုံး ဥရောပနိုင်ငံဖြစ်လာခဲ့သည်။

 ယင်းသည် ဘရက်ဇစ်နောက်ပိုင်း ဗြိတိန်၏ အကြီးမားဆုံး ကုန်သွယ်ရေး သဘောတူညီချက်အဖြစ် ကြိုဆိုဂုဏ်ပြုခံရသည်။

ယူကေသည် ယခုအခါ CPTPP ၏၁၂ နိုင်ငံမြောက်အဖွဲ့ဝင် နိုင်ငံဖြစ်လာသည်။

 CPTPP သည် Comprehensive and Progressive Agreement for Trans-Pacific Partnership ၏အတိုကောက်စာလုံးများဖြစ်ပြီး ပစိဖိတ်ဖြတ်ကျော် စီးပွားဖက်နိုင်ငံများအတွက် ကျယ်ပြန့် တိုးတက်သော သဘောတူညီချက် အဖွဲ့ဖြစ်သည်။

ယူကေသည် ယင်းအဖွဲ့သို့ ဝင်ရောက်ရန် လွန်ခဲ့သော နှစ်တွင် တရားဝင်အားဖြင့် လက်မှတ် ရေးထိုးခဲ့သည်။

ယခုကဲ့သို့ CPTPP အဖွဲ့ဝင်ဖြစ်သွားခြင်းက ဗြိတိန်၏ခြေကုန်လက်ပန်းကျနေသော စီးပွားရေးကို တစ်နှစ်လျှင် ပေါင် နှစ်ဘီလျံ(ကန်ဒေါ်လာ ၂ဒသမ ၅ ဘီလျံ) အထိမြင့်တက်လာစေလိမ့်မည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားသည်။

 စက်တင်ဘာလကုန်အထိ ၁၂ လအတွင်းယူကေ စုစုပေါင်းကုန်သွယ်ရေးတန်ဖိုးသည် ပေါင် ၁ ဒသမ ၇ ထရီလီယမ်ရှိသည်ဟု အစိုးရကိန်းဂဏန်းများအရ သိရသည်။

ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေးအဖွဲ့တွင်ဗြိတိန်၏‌ရောင်းရင်းဂျီ-၇ အဖွဲ့ဝင်များဖြစ်သော ကနေဒါ၊ဂျပန်တို့အပြင်ကာလရှည်မဟာမိတ်များဖြစ်သော ဩစတြေးလျ၊နယူးဇီလန်တို့နှင့်အတူဘရူနိုင်း၊ချီလီ၊မလေးရှား၊မက္ကဆီကို၊ပီရူး၊စင်ကာပူ၊ ဗီယက်နမ်တို့ ပါဝင်သည်။

CPTPP အဖွဲ့ကို ဝင်ရောက်ရန် တရုတ်က ‌လျှောက်ထားသည်ဆိုသော်လည်း ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ယင်းကုန်သွယ်ရေးအဖွဲ့သည် ဒေသတွင်း တရုတ်လွှမ်းမိူမှုကို ကာကွယ်ရန် ဖွဲ့စည်းသော ကုန်သွယ်ရေးအဖွဲ့အဖြစ် ရှုမြင်ခံထားရသည်။

 


READ NEXT
Cancel OK