
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း တောဆင်ရိုင်းတစ်ကောင်ကြောင့် အသက် ၄၉ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးနောက် အမျိုးသားဥယျာဉ်ကို ဒီဇင်ဘာ ၁၃ ရက်မှစတင်ပြီး ယာယီပိတ်ထားခဲ့သည်။
ဘန်ကောက်မြို့မှ ရှစ်နာရီကြာကား မောင်း၍သွားရသော နိုင်ငံအရှေ့မြောက်ပိုင်း လိုအီပြည်နယ်ရှိ Phu Kradueng အမျိုးသားဥယျာဉ်တွင် ဒီဇင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်တွင် ထိုဥယျာဉ်၌ ပထမ ဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီဖြစ်စဉ်ဟာ အမျိုးသားဥယျာဉ်ထဲမှာ ခရီးသည်တစ်ဦးကို ဆင်တစ်ကောင်က တိုက်ခိုက်တဲ့ ပထမဆုံးဖြစ်စဉ်ပါပဲ”ဟု ဒေသခံရဲတပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုထားသည်။
အမျိုးသားဥယျာဉ်က ဒီဇင်ဘာ ၁၂ ရက် ညအချိန် Facebook တွင် တင်ထားသော ပို့စ်အရ တောဆင်ရိုင်းများကို ခရီးသွားများ အသုံးပြုလေ့ရှိသော လမ်းများပေါ်တွင် တွေ့ရှိခဲ့သောကြောင့် ဘေးကင်းလုံခြုံရေးနှင့် ထိခိုက်မှုမဖြစ်ပွားစေရန် ကာကွယ်သည့်အနေဖြင့် ခရီးသွားများ လာရောက်လေ့ရှိသော နေရာများနှင့် စခန်းများကို ယာယီပိတ်ထားမည် ဖြစ်ကြောင်း၊ တောင်ခြေဧရိယာ တစ်ဝိုက်ကိုမူ ခရီးသွားများအတွက် ဆက်လက်ဖွင့်လှစ် ပေးထားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သေဆုံးသွားသော အမျိုးသမီးသည် ဂျီရာနန်ဆိုသူဖြစ်ကာ ဘန်ကောက် အရှေ့ဘက်ပိုင်းရှိ ချာချိုအန်ဆောင် ပြည်နည်မှဖြစ်သည်ဟု ဆိုသည်။
ဒေသခံ မီဒီယာများတွင် ဖော်ပြချက်အရ ဂျီရာနန်သည် သူငယ်ချင်းတစ်ဦးနှင့်အတူ ၎င်း၏အခြေချစခန်းမှ Phen Phop Mai ရေတံခွန်သို့ တောင်တက်ခဲ့သည်ဟု ဆိုသည်။
ယင်းဆင်သည် ဂျီရာနန်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ပတ္တရားမေးလ်သတင်းတွင် ဖော်ပြထားသည်။ ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီ ၄၇ မိနစ်ခန့်တွင် ဧည့်သည်များသည် တောခေါင်းများကို အသိပေးခဲ့ပြီးတော ခေါင်းများ ရောက်လာချိန်တွင် ဂျီရာနန်သည် သေဆုံးနေပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
The Naation သတင်းတွင်ဖော်ပြချက်အရ တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာသည် တောဆင်ရိုင်းများ အစာမကြာခဏ လာရောက်ရှာဖွေသည့် နေရာဖြစ်သည်ဟု ဥယျာဉ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ယင်း ဧရိယာနှင့် အဝေးတွင် နေထိုင်ရန် လူအများကို သတိပေးသည့် ဆိုင်းဘုတ်အများအပြားလည်း ရှိကြောင်း ဖော်ပြထားသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသားဥယျာဉ်၊ တောရိုင်းနှင့်အပင် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာန(DNP)က တောဆင်ရိုင်းများ တွေ့ရှိသော လမ်းကြောင်းများကို ပိတ်ထားမှုအပါအဝင် ဘေးကင်းလုံခြုံမှုစီမံ ချက်အများအပြား ချမှတ်ထားသည့်အပြင် နောက်ထပ်တောခေါင်းများကို တပ်ဖြန့်ချထားကာ ခရီးသွားများအကြား ရေပန်းစားသည့် ရေတံခွန်သို့ သွားရာလမ်းကြောင်းများ အားလုံးကို ယာယီပိတ်ထားခဲ့သည်။
DNP က အစောပိုင်းတွင် ပုံမှန်သဘာဝ လမ်းကြောင်းများကို ဆက်လက်အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ယင်းတိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာတစ်ဝိုက်တွင် တောဆင်ရိုင်းများ ဆက်လက်လှည့်ပတ် သွားလာနေကြောင်း လေ့လာသိရှိခဲ့ပြီးနောက် ထိုလမ်းကြောင်းကို ယာယီပိတ်ပင်လိုက်သည်။
Facebook ပို့၌ အမျိုးသားဥယျာဉ်က ၎င်းတို့အနေဖြင့် ကြိုတင်စာရင်း ပေးသွင်းထားသည့် ခရီးသွားများအပါအဝင် သက်ဆိုင်ရာ ခရီးသွားများကို ငွေပြန်အမ်းပေးခြင်းနှင့် တိုက်ရိုက်စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အခြေအနေတွေက ပုံမှန်အတိုင်းပြန်ဖြစ်ရင် ဥယျာဉ်ကို ပြန်ဖွင့်သွားမှာပါ။ ပြန်ဖွင့်တဲ့အခါ Facebook မှာ ကြိုတင်အသိပေးသွားမှာ ဖြစ်ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။
Ref:CNA
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်