
တောင်ကိုရီးယား သမ္မတယွန်းဆော့ယိုကို ရာထူးမှ အလျင်အမြန်ဖယ်ရှားရန် အတိုက်အခံခေါင်းဆောင် လီဂျေမြောင်က ဒီဇင်ဘာ ၁၅ ရက်တွင် တိုက်တွန်းခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်က လွှတ်တော်အမတ်များသည် ယွန်းအား စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး စွပ်စွဲပြစ်တင်ရန် မဲပေးခဲ့ကြပြီးနောက် တရားရုံးအနေဖြင့် ယွန်းအား စွပ်စွဲပြစ်တင်မှုကို တရားဝင်လုပ်ထုံးလုပ် နည်းများ အလျင်အမြန်လုပ်ဆောင်ရန် လီက တိုက်တွန်းခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
လွှတ်တော်က ယွန်းအား စွပ်စွဲပြစ်တင်ရန် မဲပေးခဲ့ပြီးနောက် ထိုအမှုကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက ရက်ပေါင်း ၁၈၀ အတွင်း စီရင်ချက်ချမည်ဖြစ်ကာ ထိုကာလအတွင်း ယွန်းသည် သမ္မတအဖြစ်မှ ဆိုင်ငံ့ခံခဲ့ရပြီး ဝန်ကြီးချုပ် ဟန်ဒွတ်ဆူးက ယာယီသမ္မတအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အတိုက်အခံခေါင်းဆောင်လီကမူ ယွန်းကို ရာထူးမှ အလျင်အမြန်ဖယ်ရှားရန် တရားသူကြီးများကို တိုက်တွန်းခဲ့သည်။
“နိုင်ငံအတွင်း ပရမ်းပတာအခြေအနေကို အနည်းဆုံးဖြစ်စေဖို့နဲ့ လူထုခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို လျော့ပါးသက်သာစေဖို့ ဒါက တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
“ဒီလိုအဓိပ္ပာယ်မရှိတဲ့ အခြေအနေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိနေဖို့နဲ့ ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်အောင် တားဆီးဖို့အတွက် ဒီနည်းလမ်းဟာ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ တာဝန်ခံမှုတောင်းဆိုရေးအတွက် အဓိကကျနေပါတယ်”ဟု လီက ပြောကြားခဲ့သည်။
ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး ယွန်း၏ အတွင်းစည်းမှ လူများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် အစိုးရရှေ့နေများက ၎င်းတို့သည် စစ်တပ်အထူးစစ်ဆင်ရေးဌာန၏ အကြီးအကဲ ကွက်ဂျုံကွမ်ကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကွက်သည် စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချိန်အတွင်း လွှတ်တာ်သို့ အထူးတပ်ဖွဲ့များ စေလွှတ်ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရသည်။
ဒီဇင်ဘာ ၁၄ ရက်တွင် ရဲတပ်ဖွဲ့သည် ကာကွယ်ရေး တန်ပြန်ထောက်လှမ်းရေးဌာန အကြီးအကဲ ယိုအင်ဟွမ်ကို ပုန်ကန်မှုအပါ အဝင်အခြားစွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။
ယွန်းကမူ သူသည် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မည်သည့်အခါမျှ အရှုံးပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာမှုကြောင့် လူထုကို အံ့အားသင့်စေပြီး ပူ ပင်သောက ရောက်စေခဲ့တဲ့အတွက် ကျွန်တော်နောက်တစ်ကြိမ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးကြပါ”ဟု ယွန်းက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်၌ စွပ်စွဲပြစ်တင်ခံရပြီး နောက်တွင်လည်း ယွန်းက သူသည် မည်သည့်အခါမျှ အရှုံးပေးသွားမည်မဟုတ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် စုံစမ်းစစ်ဆေးခံနေရသည့် ယွန်းနှင့်၎င်း၏ အတွင်းစည်းမှ ထိပ်သီးပုဂ္ဂိုလ်များကို တရားရေးဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့်ပိတ်ပင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်