
တောင်ကိုရီးယားလွှတ်တော်အမတ်များသည် အက်ပလီကေးရှင်း ရေးဆွဲသူများကို ၎င်းတို့၏ ငွေပေးချေမှုစနစ်အား အတင်းအကျပ် အသုံးပြုစေသည့် Google နှင့် Apple ကုမ္ပဏီများ၏ လုပ်ဆောင်ချက်ကို သြဂုတ်လ ၃၁ ရက်တွင် တားမြစ်ပိတ်ပင်ဖွယ်ရှိပြီး ယင်းကုမ္ပဏီများ၏ အကျိုးအမြတ်များသည့် App Store နှင့် Play Store တို့ကို တရားမဝင်နည်း ပညာလက်ဝါးကြီးအုပ်မှုအဖြစ် ထိရောက်စွာ ကြေညာနိုင်မည်ဖြစ်သည်။
တောင်ကိုရီးယား အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည့် ယင်းဥပဒေမူကြမ်းသည် တောင်ကိုရီးယားအတွက် နည်းပညာဆိုင်ရာ ငွေပေးချေသည့်အငြင်းပွားမှုအပေါ် ဥပဒေတစ်ရပ် ထုတ်ပြန်မည့် ပထမဆုံးစီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာမည်ဖြစ်ပြီး ယင်းလှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းတွင်လည်း ထိုကဲ့သို့ဥပဒေများ ထုတ်ပြန်ရန် တွန်းအားတစ်ရပ် ဖြစ်လာစေမည် ဖြစ်သည်။
Apple ကုမ္ပဏီအနေဖြင့် ၄င်း၏ App Store ကို အပြောင်းအလဲများပြုလုပ်ရန် ဖိအားသက်ရောက်လာစေမည့် ဥပဒေတစ်ရပ် ထုတ်ပြန်ရန် ဥရောပ လွှတ်တော်အမတ်များက အကျေအလည် ဆွေးနွေးနေစဉ် ယခုလအတွင်း အမေရိကန် အထက်လွှတ်တော်အမတ် သုံးဦးသည် နည်းပညာကုမ္ပဏီကြီးများအား ၎င်းတို့၏ အက်ပလီကေးရှင်း စတိုးများကို ချုပ်ကိုင်ထားသည့် စည်းကမ်းချက်များကို ဖြေလျှော့ပေးစေရန် ဥပဒေမူကြမ်းတစ်ရပ် အဆိုပြုခဲ့သည်။
Google နှင့် Apple တို့သည် ၎င်းတို့၏ store များပေါ်၌ အက်ပလီကေးရှင်းရောင်းချမှုများတွင် ၃၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခ ကောက်ခံနေပြီး ငွေကြေးလွှဲပြောင်းရယူရန် ၎င်းတို့၏ ငွေပေးချေမှုစနစ်များကိုသာ အသုံးပြုရမည်ဟု သတ်မှတ်ခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် တောင်ကိုရီးယား လွှတ်တော်အမတ်များ၏ စီမံချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
တောင်ကိုရီးယားတွင် Google ဆန့်ကျင်ရေးဥပဒေဟု အမည်ပေးထားသည့် ယင်းဥပဒေသည် အသုံးပြုသူများအနေဖြင့် အက်ပလီကေးရှင်းမှငွေပေးချေမှု ဝန်ဆောင်မှုပေးသည့်စနစ်များကို မိမိစိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ပြီး အက်ပလီကေးရှင်းရေးဆွဲသူများအနေဖြင့် store ပိုင်ရှင်များ၏ ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်ခ ကောက်ခံမှုမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
“ ဒီဥပဒေဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အက်ပလီကေးရှင်းရေးဆွဲသူတွေနဲ့ content ဖန်တီးသူတွေအပါအဝင် အခြားနိုင်ငံတွေအတွက် ဥပမာတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ကိုရီးယား မိုဘိုင်းအင်တာနက် စီးပွားရေးအသင်းမှ ကန်ကီဟွမ်က ပြောကြားခဲ့သည်။
Google သည် ယခုနှစ်ကုန်ပိုင်းတွင် တစ်ကမ္ဘာလုံးရှိ အက်ပလီကေးရှင်းရေးဆွဲသူများအား ၎င်း၏ ငွေပေးချေမှုစနစ်ကိုသာ အသုံးပြုရန်နှင့် အက်ပလီကေးရှင်းအတွင်း ငွေကြေးဖြင့်ဝယ်ယူမှုများတွင်ဝန်ဆောင်ခ အနေဖြင့် ၃၀ ရာခိုင်နှုန်းအထိကောက်ခံရန် စီစဉ်ထားသည်။
တောင်ကိုရီးယားတွင်လည်း အောက်တိုဘာလမှစပြီး content ဝယ်ယူမှုအားလုံးအပေါ် ဝန်ဆောင်ခ ကောက်ခံမည်ဖြစ်ပြီး အွန်လိုင်းဂိမ်းများအတွက် ဝန်ဆောင်ခကင်းလွတ်ခွင့်ကို အဆုံးသတ်မည်ဟု ကြေညာခဲ့သည်။ ယင်းအပေါ်တောင်ကိုရီးယား အနုပညာရှင်များနှင့် ဖန်တီးသူများက ဒေါသထွက်ခဲ့ကြပြီး Google သည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်နေသည်ဟု စွပ်စွဲခဲ့ကြပြီး ထိုလုပ်ဆောင်ချက်အပေါ်ဥပဒေဖြင့် တားမြစ်ပိတ်ပင်ရန် စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်