
ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒေသတွင်းအ စည်းအဝေးနှစ်ခုပြုလုပ်မည်ဟု ထိုင်းအာဏာပိုင်များက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ထိုအစည်းအဝေးနှစ်ခုအနက် တစ်ခုကို မြန်မာတပ်မတော်၏ ကိုယ်စားလှယ်များ တက်ရောက်လိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထိုအားထုတ်ကြိုးပမ်းမှုများသည် အာ ဆီယံတွင် မြန်မာ့အရေးကို ဦးစားပေးဖြေရှင်း ရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာ ဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ် ပွားခဲ့သည့် အကျပ်အတည်းကို အဖြေရှာရန် အတွက် အလွတ်သဘောဆွေးနွေးပွဲများကို လက်ခံကျင်းပပေးမည်ဟု ထိုင်းနိုင်ငံက အောက်တိုဘာလထဲတွင် ကမ်းလှမ်းခဲ့ပြီး နောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန် ဂျီယမ်ပွန်ဆာသည် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် သီးခြားအစည်းအဝေးများ ကို ပြုလုပ်သွားမည်ဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်တွင်ပြုလုပ်မည့်အ စည်းအဝေးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ် များ တက်ရောက်မည်ဖြစ်ပြီး ထိုအစည်းအ ဝေးသည် နယ်စပ်ဒေသလုံခြုံရေးနှင့် နယ်စပ် ဖြတ်ကျော်ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးညှိနှိုင်းမှုဖြစ်လာ လိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နီကွန်းဒက်ဂျ် ဘာလန်ကူ ရက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေ သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း အစည်းအဝေးတက်ရောက်မည်ဖြစ်သည်။
ဒီဇင်ဘာ ၂၀ ရက်တွင်မူ အာဆီယံ၏ ဘုံသဘောတူညီချက်ငါးချက်အပါအဝင် မြန် မာ့အရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန် ကြီးအဆင့် အစည်းအဝေးကို ပြုလုပ်မည်ဖြစ် ကြောင်း နီကွန်းဒက်ဂျက်က ပြောကြားခဲ့ သည်။
ဒီဇင်ဘာ ၂၀ ရက်တွင်ပြုလုပ်မည့်ထို အစည်းအဝေးကိုမူ မြန်မာကိုယ်စားလှယ်များ တက်ရောက်မည်ဟုတ်၊ မဟုတ်ကို ရှင်းလင်း စွာမသိရပေ။
၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုရယူမည့် မလေးရှားနိုင်ငံ၏ ဝန်ကြီး ချုပ် အန်ဝါ အီဘရာဟင်က ၂၀၂၁ ခုနှစ် ဧပြီ လက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ ၏ ဘုံသဘောတူညီချက်ကို အကောင်အ ထည်ဖော်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဒီဇင် ဘာ ၁၉ ရက်က ပြောကြားခဲ့သည်။
“မြန်မာကိုယ်စားလှယ်တွေပါဝင်ခွင့်ရ အောင် မတူညီတဲ့အဆင့်တွေနဲ့ အလွတ်သ ဘောဆွေးနွေးမှုတွေကတစ်ဆင့် ဆွေးနွေးညှိ နှိုင်းမှုတွေကတဆင့် မြန်မာ့အရေးကို အာဆီ ယံက နောက်တစ်ကြိမ်ဦးစားပေးဖြေရှင်းဖို့ အစီအစဉ်တွေလုပ်ဆောင်နေပါတယ်”ဟု အန်ဝါက ကွာလာလမ်ပူမြို့တော်တွင် ထိုင်း ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်နှင့်ပြုလုပ် သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံကလည်း ၎င်းင်း၏နိုင်ငံ ခြားရေးဝန်ကြီးသည် ဒီဇင်ဘာ ၂၀ ရက်$ ထိုင်းနိုင်ငံတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Ref; Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်