
အိန္ဒိယသမုဒ္ဒရာထဲမှ ပြင်သစ်ပိုင်နယ်မြေ မယ်ရော့ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သွားပြီးနောက် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို အချိန်လုရှာဖွေနေကြသည်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် မယ်ရော့၏မြို့စွန်ရပ်ကွက် အများအပြားသည် အပျက်အစီးပြင်ကြီး ဖြစ်ခဲ့ရသည်။
ချီဒိုဆိုင်ကလုန်းသည် ဒီဇင်ဘာ ၁၄ ရက်တွင် ပြင်သစ်၏အဆင်းရဲဆုံး နယ်မြေကို ဝင်ရောက်သည့်အခါ မယ်ရော့ လေဆိပ်ကို ကြီးကြီးမားမား ပျက်စီးစေခဲ့ပြီး ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေးများကို ပြတ်တောက်စေခဲ့ သည်။
နောက်ဆုံးပိတ် သေဆုံးသူအရေအတွက် စုစုပေါင်းသည် တစ်ထောင်အနီးသို့ ရောက်လာမည် သို့မဟုတ် ရာဂဏန်းကို တောင်ရောက်လာမည်ဟု မျှော်လင့်ထားကြောင်း မယ်ရော့နယ်မြေ အုပ်ချုပ်ရေးမှူး ဖရန်ဆွာဇာဘီးဗျူးဗီးလ်က မာရော့လာပရီ မီယာရုပ်သံလွှင့်ဌာနကို ပြောကြားခဲ့သည်။
မုန်တိုင်းသည် မည်သည့်အရာကိုမျှ ချမ်းသာပေးခဲ့ခြင်းမရှိဟု မယ်ရော့၏မြို့တော် မာမူဇူး မြို့တော်ဝန် အုန်ဒီလွိုက်ဒူဆူမိန်လာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
“ဆေးရုံလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ စာသင်ကျောင်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။ အိမ်တွေကတော့ လုံးဝပျက်စီးကုန်တာပါ”ဟု ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘရူနိုရီတိုင်ယိုက ဒီဇင်ဘာ ၁၆ ရက်တွင် မယ်ရော့ကိုသွားမည်ဟု ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။ ဖြန့်ကြက်ထားသော စစ်သားနှင့် မီးသတ်သမား ၁၁၀ ကို နောက်ထပ်စစ်သားနှင့်မီးသတ် သမား ၁၆၀ ဖြင့် အားဖြည့်မည်ဟု ဆိုသည်။
ချီဒိုဆိုင်ကလုန်းသည် မိုဇမ်ဘစ်အရှေ့ဘက်တွင် တည်ရှိသောမယ်ရော့ကို ဝင်ရောက်တိုက်ခတ်သည့်အခါ တစ်နာရီလေတိုက်နှုန်း အနည်းဆုံး ၂၂၆ ကီလိုမီတာ (မိုင် ၁၄၀) ရှိသည်။
ယင်းနယ်မြေ၏ နယ်ခံ ၃၂၀,ဝဝဝထဲက အနည်းဆုံး သုံးပုံတစ်ပုံသည် မြို့စွန်တဲစုရပ်ကွက်များတွင် နေထိုင်ကြခြင်းဖြစ်ပြီး ၎င်းတို့ ၏ သွပ်မိုးအိမ်များသည် မုန်တိုင်းကြောင့် ပြားပြားဝပ်သွားခဲ့သည်။
ပိတ်နေသော ကားလမ်းများကို ကိုယ်တိုင်ရှင်းလင်း၍ ကျွန်းမကြီးတစ်လျှောက် သွားသည့်အခါ ကမ္ဘာပျက်ရလောက်အောင် ဆိုးရွားသော မြင်ကွင်းများကို တွေ့ရကြောင်း နယ်ခံတစ်ဦးဖြစ်သည့် အီဗရာဟင်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
အာဏာပိုင်တို့က မုန်တိုင်း၏ထိခိုက်ပျက်စီးမှု အတိုင်းအတာကို စိစစ်လျက်ရှိစဉ် ပထမဆုံးအကူအညီ လေယာဉ်သည် ဒီဇင်ဘာ ၁၅ ရက်တွင် မယ်ရော့ကို ရောက်ရှိလာခဲ့သည်။
အဆိုပါ လေယာဉ်သည် ဆေးဘက်ဆိုင်ရာပစ္စည်း သုံးတန်နှင့်အတူ သွေးသွင်းကုသမှုများအတွက် သွေးများ၊ ဆေးဘက်ဝန်ထမ်း ၁၇ ဦးတို့ကို တင်ဆောင်လာခဲ့သည်ဟု လာဟီးယူနီယံက အာဏာပိုင်တို့၏ ပြောကြားမှုအရ သိရသည်။
အိန္ဒိယသမုဒ္ဒရာ၌ ကီလိုမီတာ ၁,၄၀၀ အကွာတွင်တည်ရှိပြီး ပြင်သစ်၏အခြားပိုင်နက် နယ်မြေဖြစ်သည့် လာဟီးယူနီယံသည် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ထောက်ပို့ အခြေစိုက်စခန်းအဖြစ် လုပ်ဆောင်ပေးနေ သည်။
“မယ်ရော့ နယ်ခံတွေဟာ အလွန်ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ကြီးမားလှတဲ့ ထိခိုက်ပျက်စီးမှုနဲ့ ရင်ဆိုင်နေကြရတာပါ”ဟု လာဟီးယူနီယံ အုပ်ချုပ်ရေးမှူး ပတ်ထရစ်လာထရွန်က ပြောကြားသည်။
စစ်လေယာဉ်နှစ်စီးသည် ကနဦး ထောက်ပ့ံရေး ခရီးစဉ်အဖြစ် ပျံသန်းလာမည်ဟု မျှော်လင့်ရပြီး ရေတပ် လှည့်ကင်းသင်္ဘောသည် လာဟီးယူနီယံမှ ထွက်ခွာသွားခဲ့သည်။
ချီဒို ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယသမုဒ္ဒရာထဲတွင် တိုက်ခတ်သော မုန်တိုင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် မိုဇမ်ဘစ်နိုင်ငံ၌ ကုန်းတွင်းကို ဝင်ရောက်ခဲ့သည်။ မိုဇမ်ဘစ်တွင် သုံးဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်