
လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုသည် ဒီဇင်ဘာ ၁၆ ရက်က စုံစမ်းစစ်ဆေးသူများ၏ ဆင့်ခေါ်မှုကို ဒုတိယအကြိမ် ငြင်းဆိုခဲ့သည်။
စုံစမ်းစစ်ဆေးသူများသည် ယခုလအစောပိုင်းက ယွန်း၏ အောင်မြင်ခြင်းမရှိသည့် စစ်အုပ်ချုပ်ရေး အမိန့်ကြေညာမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန် ယွန်းကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၄ ရက်ကတည်းက လွှတ်တော်တွင် သမ္မတအဖြစ်မှ ဆိုင်းငံ့ခံခဲ့ရသည့် ယွန်းသည် တောင်ကိုရီးယား အစိုးရရှေ့နေများနှင့် ရဲတပ်ဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစုံစမ်းစစ် ဆေးသူများ ပူးတွဲဖွဲ့စည်းထားသည့် အဖွဲ့တို့က စွပ်စွဲထားသည့် ပုန်ကန်မှုစွဲချက်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများနှင့် တပြိုင်နက်တည်း ရင်ဆိုင်နေရသည်။
တောင်ကိုရီးယား၏ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဒီဇင်ဘာ ၁၆ ရက်မှစပြီး လာမည့်ခြောက်လအတွင်း ယွန်းအား ရာထူးမှ ဖယ်ရှားမည် ဟုတ်၊ မဟုတ်ကို စီရင်ချက်ချရန် လုပ်ထုံးလုပ်နည်းများ စတင်ခဲ့သည်။
ယွန်းနှင့် ၎င်း၏ အတွင်းစည်းမှ ပုဂ္ဂိုလ်အချို့သည် ပြစ်မှုထင်ရှား တွေ့ရှိခဲ့မည်ဆိုပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။
အစိုးရရှေ့နေများသည် ဒီဇင်ဘာ ၁၅ ရက်က ယွန်းအား ပုန်ကန်မှုနှင့် အာဏာအလွဲ သုံးမှုစွဲချက်များနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခဲ့သော်လည်း ယွန်းက လာရောက်ခြင်းမရှိခဲဘဲ ဒီဇင်ဘာ ၁၆ ရက် တွင် ဒုတိယအကြိမ်မြောက် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ယွန်းကို ဒီဇင်ဘာ ၁၆ ရက်တွင် စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခဲ့သော်လည်း ယွန်း၏ ရုံးက ငြင်းပယ်ခဲ့သည်ဟု ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးသူများက ယွန်းအနေဖြင့် ဆက်လက်ငြင်းဆို နေမည်ဆိုပါက တရားရုံး၏ ဖမ်းဝရမ်းကို ရရှိရန် ကြိုးပမ်းဖွယ်ရှိသည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
လွှတ်တော်က ယွန်းအား စွပ်စွဲပြစ်တင်ရန် မဲပေးခဲ့ပြီးနောက် ထိုအမှုကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက ရက်ပေါင်း ၁၈၀ အတွင်း စီရင်ချက်ချမည်ဖြစ်ကာ ထိုကာလအတွင်း ယွန်းသည် သမ္မတအဖြစ်မှ ဆိုင်ငံ့ခံခဲ့ရပြီး ဝန်ကြီးချုပ် ဟန်ဒွတ်ဆူးက ယာယီသမ္မတအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အကယ်၍ ယွန်းကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက သမ္မတရာထူးမှ ဖယ်ရှားရန် အတည်ပြုခဲ့မည်ဆိုပါက နှစ်လအတွင်း ရွေးကောက်ပွဲ ပြုလုပ်ရမည်ဖြစ်သည်။
အခြေခံဥပဒေဆိုင်ရာခုံရုံး၏ တရားသူကြီးများက ယွန်း၏ စွပ်စွဲပြစ်တင်ခံရမှုနှင့်ပတ်သက်ပြီး ကနဦး ကြားနာစစ်ဆေးမှုကို ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ လီဂျန်းက သ တင်းထောက်များကို ပြောကြားခဲ့သည်။
ထိုကြားနာစစ်ဆေးမှုကို ယွန်းတက်ရောက်ရန် လိုအပ်မည် မဟုတ်ပေ။
“ကနဦးကြားနာစစ်ဆေးမှုမှာ အစိုးရရှေ့နေတွေ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွေကို ရယူသွားမှာဖြစ်ပါတယ်။ ဒီအမှုကို ထိပ်သီးဦးစားပေး အမှုအဖြစ် သတ်မှတ်ပါလိမ့်မယ်”ဟု လီက သတင်းထောက်များကို ပြောကြားခဲ့သည်။
အတိုက်အခံခေါင်းဆောင် လီဂျေမြောင်ကမူ ယွန်းကို အမြန်ဆုံးရာထူးမှဖယ်ရှားရန် တရားသူကြီးများကို တိုက်တွန်းခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်