
မိသားစုမှ မတရားဖိနှိပ်သဖြင့် ထွက်ပြေးလာခဲ့သော ဆော်ဒီအမျိုးသမီး၏ခိုလှုံခွင့်တောင်းခံမှုကို ကနေဒါက လက်ခံခဲ့သည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးက ထုတ်ဖော်ပြောကြားခဲ့သည်။
အသက် ၁၈ နှစ်အရွယ်ရှိ ရာဖာမိုဟာမက်အယ်ကူနန်သည် သြစတြေးလျသို ့သွားရန်သေချာနေသည်ဟု တာဝန်ရှိသူများက အလေးအနက်ပြောကြားခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ ရက်ညပိုင်းတွင် တိုရွန်တိုသို့ ၎င်းက သွားနေချိန် လမ်းခရီးတွင် ကနေဒါဝန်ကြီးချုပ်က ၎င်း၏ ခိုလှုံခွင့်ကို လက်ခံခဲ့သည်ဟု အံ့အားသင့်ဖွယ်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
“ကနေဒါဟာ ကမ္ဘာတစ်ဝန်းမှာ လူ့အခွင့်အရေးနဲ ့အမျိုးသမီးအခွင့်အရေးတို့အတွက် ရပ်တည်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ ကုလသမဂ္ဂက ရာဖာမိုဟာမက်အယ်ကူနန်ကို ခိုလှုံခွင့်ပေးပါလို့ ကျွန်တော်တို့ကို မေတ္တာရပ်ခံခဲ့လို့ ကျွန်တော်တို့ လက်ခံခဲ့တာဖြစ်ပါတယ်” ဟု ထရူ ဒိုးက ပြောကြားခဲ့သည်။
ပြီးခဲ့သော သြဂုတ်လတွင် ကနေဒါက ဆော်ဒီအာရေဗျ၏ လူ့အခွင့်အရေးများကို ဝေဖန်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားမှုကို ယခုလုပ်ရပ်က ထပ်မံဆိုးရွားစေမည်မှာ သေချာသည်။ ကနေဒါ၏ဝေဖန်မှုများကြောင့် ဆော်ဒီသည် ကနေဒါသံအမတ်ကိုနှင်ထုတ်ခဲ့ပြီး ဝေဖန်မှုကို ကန့်ကွက်သည့် အနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။
ကွီဘက်မြို့တွင် မိသားစုနေထိုင်နေပြီး ထောင်ချခံထားရသည့် ဘလော့ဂါရာအစ်ဘာဒါဝီ၏ ညီမ ဆာမာဘာဒါဝီအပါအဝင် ထောင်ချခံထားရသော လူ့အခွင့်အရေး လှုံ့ဆော်သူများကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြင့် ကနေဒါသည် ဆော်ဒီကို ဒေါသထွက်စေခဲ့သည်။
အလွန်ရှေးရိုးဆန်သော ဆော်ဒီဘုရင့် နိုင်ငံမှထွက်ပြေးရန် အယ်ကူနန်၏ကြိုးပမ်းမှုကို ဖိနှိပ်မှုအား ဆန့်ကျင်အာခံသည့် သင်္ကေတတစ်ခုအဖြစ် လူ့အခွင့်အရေးအုပ်စုများက ကြိုဆိုခဲ့ကြသည်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၅ ရက်တွင် ရာဖာမိုဟာမက်အယ်ကူနန်ကို ဘန်ကောက်လေဆိပ်တွင် ဟန့်တားခဲ့ပြီး နိုင်ငံတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ကာ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခဲ့သည်။ လေဆိပ်ဟိုတယ်ခန်းတစ်ခုတွင် တားဆီးပိတ်ဆို့ခံထားရစဉ် အယ်ကူနန်သည် ကုလသမဂ္ဂအရာရှိများ၏ အကာအကွယ်ပေးမှုဖြင့် ၎င်းအား ထိုင်းတွင်ယာယီနေထိုင်ခွင့်ပြုရန် Twitter မှတစ်ဆင့် တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးက ဇန်နဝါရီ ၉ ရက်တွင် ၎င်းကို ဒုက္ခသည်အဆင့် သတ်မှတ်ပေးခဲ့သည်။ အယ်ကူနန်၏ဖြစ်ရပ်သည် ဆော်ဒီအာရေဗျတွင် အမျိုးသမီးများ၏အခွင့်အရေးများကို မီးမောင်း ထိုးပြခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်