
ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင် အားလုံးကို ရုပ်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တောင်းဆိုမှုကို ဖြည့်ဆည်းရန် ပထမဆုံးခြေလှမ်းအဖြစ် အမေရိကန် စစ်ဘက်သည် ဆီးရီးယားမှ စစ်အသုံးအဆောင်များကို စတင်ရုပ်သိမ်းနေကြောင်း၊ သို့သော် တပ်ဖွဲ့ဝင်များ မပါဝင်သေးကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် အချိန်နှင့် ပတ်သက်၍ အမေရိကန်အစိုးရ တာဝန်ရှိသူများ၏ မကြာသေးမီက ကွဲလွဲမှုရှိသော မှတ်ချက်များ ထွက်ပေါ်နေစဉ် ထိုရုပ်သိမ်းသည့် ကြေညာချက်သည် အမေရိကန်က ၎င်း၏ ကာ့ဒ်မဟာမိတ်များအား အလျင်အမြန် စွန့်ခွာနိုင်မှုအတွက် စိုးရိမ်မှုများကို ပိုမိုအားကောင်းစေခဲ့သည်။
အမေရိကန်အစိုးရက IS ဂျီဟတ်အဖွဲ့အား ဆက်လက်ဖိအားပေးသွားမည်ဟု ကတိပေးထားသော်လည်း အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ပါဝင်သော တပ်ဖွဲ့ကို လာမည့်သီတင်းပတ်များတွင် စတင်ရုပ်သိမ်းမည်ဟု မျှော်လင့်ရသည်။ ထိုတပ်ဖွဲ့ဝင် အားလုံးကို ရုပ်သိမ်းပြီးပါက IS ဂျီဟတ်အဖွဲ့အား နှိမ်နင်းရန်အတွက် သမ္မတဟောင်း ဘာရက်အိုဘားမား အစိုးရက စတင်ခဲ့ပြီး သုံးနှစ်ကြာမြင့်လာပြီဖြစ်သည့် ဆီးရီးယား၊ ကာ့ဒ်နှင့် အာရပ် တိုက်ခိုက်ရေးသမားများအား လေကြောင်းထောက်ကူပေးခြင်း၊ အကြံပေးခြင်း၊ လက်နက်တပ်ဆင် ပေးခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းတို့သည် အဆုံးသတ် သွားမည်ဖြစ်သည်။
ယခုနွေရာသီတွင် အာဖဂန်မှ အမေရိကန် တပ်ဖွဲ့ဝင်များအား ထက်ဝက်လျှော့ချရန် ဆန္ဒရှိကြောင်း ထုတ်ဖော်မှု အပါအဝင် ယခုကဲ့သို့ ဆီးရီးယားမှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုတွင် အချိန်ဇယားနှင့် သတ်မှတ်ချက်များ တိတိကျကျ မရှိမှုကြောင့် အစ္စလာမ္မစ် အစွန်းရောက်များအား ချေမှုန်းရန် ထရန့် အစိုးရ၏ မဟာဗျူဟာကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
အမေရိကန်သည် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ဆီးရီးယား၌ IS အဖွဲ့အား လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် မြေပြင်တပ်ဖွဲ့ဝင် အနည်းငယ်ကို စေလွှတ်ခဲ့သည်။ ဆီးရီးယားနိုင်ငံထဲတွင် အမေရိကန်စစ်စခန်း ကွန်ရက်သည် အကန့်အသတ်ဖြင့်သာရှိပြီး တပ်ဖွဲ့ဝင်များသည် ဆီးရီးယား အရှေ့မြောက်ပိုင်း၏ ဝေးလံခေါင်သီသော ဒေသများ၌ စခန်းငယ်များတွင်သာ အများစု ထမ်းဆောင်ခဲ့ကြသည်။
IS အဖွဲ့အား တန်ပြန်ရန်အတွက် ဒေသခံ ဆီးရီးယားတပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးခြင်းနှင့် အတူကင်းလှည့်ခြင်း လုပ်ဆောင်သည့် ဆီးရီးယား တောင်ပိုင်းမှ al-Tanf ဟု ခေါ်သောမြို့တွင် မြို့စောင့်တပ်၌ရှိသော ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၂၀၀ မှ ၃၀၀ အထိတွင် အမေရိကန် တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။ al-Tanf မြို့သည် တီဟီရန်မှ အီရန်ကျောထောက်နောက်ခံပြု တပ်ဖွဲ့များက လက်ဘနွန် တောင်ပိုင်းသို့ သွားရောက်နိုင်သည့် လမ်းကြောင်းအားလုံးနှင့် ချိတ်ဆက်နေပြီး အစ္စရေးသို့ ဝင်ပေါက်အဖြစ်လည်း အလွန်အရေးပါသော လမ်းကြောင်းဖြစ်သည်။
အီရတ်နှင့် ဆီးရီးယားတို့တွင် IS အဖွဲ့အား တန်ပြန်ရေးကို စီမံနေသော ဘဂ္ဂဒက်မှ အမေရိကန် စစ်ဘက်ကွပ်ကဲဌာနက ဆီးရီးယားမှ အမေရိကန် တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းမည့် လုပ်ငန်းစဉ်ကို စတင်ခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးကြောင့် အချိန်ဇယား၊ တည်နေရာနှင့် တပ်ဖွဲ့ဝင် လှုပ်ရှားမှုများကို မထုတ်ပြန်ခဲ့ပေ။ အခြားအမေရိကန် တာဝန်ရှိသူများကမူ ထိုရုပ်သိမ်းမှုတွင် တပ်ဖွဲ့ဝင်များ မပါသေးကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုရုပ်သိမ်းသည့် အစီအစဉ် ချောမွေ့စေရန် အမေရိကန် ညွန့်ပေါင်းမှ တပ်ဖွဲ့ဝင် ရာပေါင်းများစွာကို ဆီးရီးယားသို့ ယာယီတပ်စွဲခြင်းလည်း ပါဝင်သည့် ရုပ်သိမ်းမည့် အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
Ref : AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်