Top News

ဥရောပမှ ဂျာမနီထွက်ခွာရေးအတွက် အလားအလာအများကို လက်ယာစွန်းတို့ ဆွေးနွေး
24htopnews | December 18, 2024 4:12 PM CST

ဂျာမနီလက်ယာစွန်းပါတီ AFD သည် ကုလသမဂ္ဂမှ ဂျာမနီနုတ်ထွက်ရေးအတွက် အလားအလာများကို ဆုံးဖြတ်ရန်အတွက် ဇန်နဝါရီ ၁၁ ရက်တွင် တွေ့ဆုံခဲ့ကြသည်။ ရွှေ့ပြောင်းအခြေချ ဆန့်ကျင်ရေးပါတီဖြစ်သော AFD သည် မေ ၂၃ ရက် ဥရောပ ပါလီမန် ရွေးကောက်ပွဲမတိုင်မီ လေးရက်ကြာ ကွန်ဂရက်ကိုကျင်းပပြီး ၎င်းတို့၏ မဲဆွယ်ရေး လှုပ်ရှားမှုအတွက် မူဝါဒထုတ်ပြန်ရန် ဆွေးနွေးကြမည်ဖြစ်သည်။

ဥရောပတစ်ဝန်းတွင် အများကြိုက်ဝါဒီနှင့် အမျိုးသားရေးဝါဒီတို့ ခြေကုပ်ခိုင်မာလာနေချိန်နှင့် ဗြိတိန်က ဥရောပမှ နုတ်ထွက်ရန်နီးကပ်လာနေချိန်တွင် ဂျာမနီလက်ယာစွန်းတို့၏ အစီအစဉ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ AFD ပါတီ၏ ခေါင်းဆောင်များက ခွဲထွက်ရေးအစီအစဉ် Dexit ကို လက်ခံခဲ့လျှင် AFD သည် ဂျာမနီတွင် ပင်မနိုင်ငံရေး လူတန်းစားနှင့် စစ်မျက်နှာသစ်တစ်ရပ် ထပ်မံဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော AFD ပါတီသည် ဥရောပသမဂ္ဂဆန့်ကျင်ရေး မူဝါဒရှိပြီး ရွှေ့ပြောင်းအခြေချ အကျပ်အတည်း ပေါ်ပေါက်လာနေချိန်တွင် ရွှေ့ပြောင်းအခြေချ ဆန့်ကျင်ရေးကို ပြောင်းရွှေ့အာရုံစိုက်ခဲ့သည်။ ဥရောပလိုလားသူအများစု ရှိနေဆဲဖြစ်သော ဂျာမနီတွင် ဥရောပမှခွဲထွက်ရေး ရှေ့ဆောင်မှုသည် အန္တရာယ်ကြီးသော လှုပ်ရှားမှုတစ်ခုဖြစ်လာနိုင်သည်။

AFD ပါတီကိုယ်တိုင်ကလည်း ၂၀၂၄ ခုနှစ်တွင် ဥရောပမှ ဂျာမနီခွဲထွက်ရေး အလားအလာအတွက် သဘောထားကွဲလွဲမှု များရှိနေသည်။ ပါတီကွန်ဂရက်တွင် ဆွေးနွေးမည့် ၅၈ မျက်နှာပါ မဟာဗျူဟာစာတမ်းတွင် ကုလသမဂ္ဂသည် ဒီမိုကရက်တစ်မဆန်သော ဖွဲ့စည်းပုံကို ဆောင်ရွက်နေကြောင်း AFD က ဖော်ပြထားသည်။

လာမည့် ၅ နှစ်အတွင်း ပြဿနာများကို ဖြေရှင်းရန် ပြုပြင်ပြောင်းလဲမှုများ မဆောင်ရွက်လျှင် ဥရောပမှ ဂျာမနီထွက်ခွာရေး သို့ မဟုတ် ဥရောပသမဂ္ဂအား အစီအစဉ်တကျ ဖျက်သိမ်းရေးအပြင် ဥရောပစီးပွားရေး အသိုက်အဝန်းသစ် ဖွဲ့စည်းရေးတို့ လိုအပ်လာမည်ဖြစ်ကြောင်း AFD ၏ ရွေးကောက်ပွဲ မဟာဗျူဟာက ဆိုထားသည်။

AFD က လိုလားသော ပြုပြင်ပြောင်းလဲမှုများတွင် ဥရောပပါလီမန်ကို ပြင်ဆင်ရေးလည်း ပါဝင်သည်။ လက်ရှိတွင် ပါလီမန်အမတ် ၇၀၀ ကျော်ရှိသော ဥရောပပါလီမန်ကို အများဆုံး ကိုယ်စားလှယ် ၁၀၀ သာရှိသော ပါလီမန်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် AFD က လိုလားနေသည်။ သို့သော်လည်း AFD ၏ အကြံပြုချက်များသည် ပါတီတွင်းမှ ရှေ့ဆောင်အဖွဲ့ဝင်များ၏ ကန့်ကွက်မှုကို ကြုံနေရသည်။

ဥရောပပါလီမန် ရွေးကောက်ပွဲများအတွက် AFD ၏ အဓိက ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သော ရိုအာမူထန်က ယင်းအကြံပြုချက်များကို ကန့်ကွက်ထားသည်။

“ကျွန်တော်တို့ဟာ လက်တွေ့ကျမယ်ဆိုရင် ငါးနှစ်အတွင်း ကျွန်တော်တို့ဥရောပနိုင်ငံရေး လိုလားချက်တွေအားလုံးကို အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆရပါလိမ့်မယ်” ဟု ၎င်းက Welt နေ့စဉ်သတင်းစာသို့ ပြောကြားခဲ့ သည်။

AFD ၏ Dexit အကြံပြုချက်သည် စမ်းသပ်ခြင်းသာဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ကလော့ပ်ပီတာဆစ်က ယူဆထားသည်။ AFD အတွက် ဥရောပရွေးကောက်ပွဲများသည် အရေးမကြီးသောကြောင့် ဒေသတွင်းနှင့် နိုင်ငံအထွေထွေ ရွေးကောက်ပွဲများအတွက် ပါတီတွင်း၌ သဘောထားစမ်းသပ်ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။


READ NEXT
Cancel OK