
ရုရှားနိုင်ငံက ထုတ်လုပ်ခဲ့သည့် Sputnik V ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အတည်ပြုရေး လုပ်ငန်းစဉ်များအား ပြန်လည်စတင်သွားရန် စီစဉ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာလ ၇ ရက်တွင် ပြောကြားခဲ့သည်။
WHO သည် လက်ရှိကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် အသုံးပြုနေသည့် ရုရှားနိုင်ငံပိုင် Gamaleya သုတေသနဌာနမှ ထုတ်လုပ်ခဲ့သည့် Sputnik V ကာကွယ်ဆေးကို အတည်ပြုရန် လေ့လာမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။
ကပ်ရောဂါကာလအတွင်း အရေးပေါ်အသုံးပြုရန် WHO ၏ ခွင့်ပြုချက်ရရှိထားသည့် ကာကွယ်ဆေးအချို့ရှိပြီး ယင်းကာကွယ်ဆေးများမှာ Pfizer-BioNTech ၊ Janssen ၊ Moderna ၊ Sinopharm ၊ Sinovac နှင့် AstraZeneca တို့ ဖြစ်သည်။
Sputnik V ကာကွယ်ဆေးအတွက် အတည်ပြုရေး လုပ်ငန်းစဉ်များမှာ တရားရေး လုပ်ထုံးလုပ်နည်းအချို့ လစ်ဟာမှုများရှိနေသဖြင့် ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်ဟု WHO ၏ ဆေးဝါးနှင့် ကာကွယ်ဆေးများဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ် မာရီယန်ဂီလာဆီမာအိုက ပြောကြားခဲ့သည်။
“ရုရှားအစိုးရနဲ့ ညှိနှိုင်းမှုတွေဟာ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ ဖြစ်ပါတယ်။ တရားရေးလုပ်ထုံးလုပ်နည်းတွေကို အပြီးသတ်လုပ်ဆောင်ပြီးတာနဲ့ ကာကွယ်ဆေး အတည်ပြုရေးလုပ်ငန်းစဉ်ကို ကျွန်မတို့ ပြန်လည်စတင်သွားမှာပါ” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
WHO ၏ အရေးပေါ်အသုံးပြုခွင့် ပေးထားသည့် ကာကွယ်ဆေးစာရင်းအရ ယင်းစာရင်းတွင် ပါဝင်သည့် ကာကွယ်ဆေးများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိနေသည်ဆိုသည့်အချက်ကို နိုင်ငံများ၊ ငွေကြေးထည့်ဝင်သူများ၊ ဝယ်ယူရေးအေဂျင်စီများနှင့် အဖွဲ့အစည်းများကို အာမခံချက်ပေးသည့် သဘောသက်ရောက်သည်။
ယင်းစာရင်းသည် နိုင်ငံများ၊ အထူးသဖြင့် နိုင်ငံတကာအဆင့်မီသည့် ဆေးဝါးစံနှုန်း သတ်မှတ်သည့်အဖွဲ့များ မရှိသည့်နိုင်ငံများအတွက် ကာကွယ်ဆေးများ လျင်မြန်စွာဖြန့်ချိရာတွင် ကာကွယ်ဆေးဝယ်ယူတင်သွင်းမှုနှင့် အတည်ပြုရေး လုပ်ငန်းစဉ်များအတွက် အဆင်ပြေချောမွေ့စေရန် လမ်းခင်းပေးရာ ရောက်သည်။
Sputnik V ကာကွယ်ဆေးကို ရုရှားအပြင် အယ်ဂျီးရီးယား၊ အာဂျင်တီးနား၊ အိန္ဒိယ၊ အီရန်၊ မက္ကဆီကို၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ယူအေအီးနှင့် ဗင်နီဇွဲလားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် အသုံးပြုနေသည်။
သို့သော်လည်း ကာကွယ်ဆေး အတည်ပြုရေးအတွက် လျှောက်ထားသည့် အချက်အလက်များမှာ ပြည့်စုံလုံလောက်မှုမရှိသေးကြောင်း ဆီမာအိုက ပြောကြားခဲ့သည်။
ဇွန်လကလည်း WHO သည် Sputnik V ကာကွယ်ဆေး ထုတ်လုပ်သည့်နေရာများကို စုံစမ်းစစ်ဆေးမှု ကိုးကြိမ်ပြုလုပ်ခဲ့ပြီး ရုရှားတောင်ပိုင်း Pharmstandard Ufa Vitamin စက်ရုံတွင် ပြဿနာအချို့ တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ယင်းပြဿနာများကို ဖြေရှင်းခဲ့ပြီးဖြစ်သည်ဟု ရုရှားအစိုးရက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကို ဆိုးရွားစွာခံစားနေရသည့် နိုင်ငံများထဲတွင် ပါဝင်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇,၆၉၀,၁၁၀ ရှိကာ သေဆုံးသူ ၂၁၃,၅၄၉ ဦးရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်