Top News

ပြီးခဲ့သည့်တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု ရုရှားနိုင်ငံတွင် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ ၂၁ ရာခိုင်နှုန်း လျော့ကျ
24htopnews | December 19, 2024 6:12 AM CST

ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု ရုရှားနိုင်ငံတွင် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အိန္ဒိယနိုင်ငံတွင်၂၁ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှု ရုရှားနိုင်ငံ၌သာ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တူရကီနိုင်ငံ၊ UK နိုင်ငံ၊ အမေရိကန်နိုင်ငံတွင် ယခင်အပတ်နည်းတူ ဖြစ်ပွားခဲ့ကာ ရာခိုင်နှုန်းထပ်တိုးခြင်း မရှိကြောင်း သိရသည်။

လူငယ်များအကြားတွင် Moderna ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသုံးပြုခြင်းကို ယာယီရပ်ဆိုင်းလိုက်သည်ဟု အောက်တိုဘာ ၆ ရက်တွင် ဆွီဒင်၏ ပြည်သူ့ကျန်းမာရေးဌာနက အကြံပြုလိုက်ပြီး နှလုံးကိုရှားရှားပါးပါး ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ကို စိုးရိမ်သည်ဟု ကိုးကားပြောဆိုသည်။

Moderna ကာကွယ်ဆေးကို အသက် ၁၈ နှစ်အောက်အရွယ်အတွက် အကြံပြုထားခြင်းမရှိဟု အောက်တိုဘာ ၆ ရက်တွင် ဆွီဒင်၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော နော်ဝေနှင့် ဒိန်းမတ်က ထပ်လောင်းပြောကြားခဲ့ကြသည်။

၁၉၉၁ ခုနှစ်နောက်ပိုင်း မွေးဖွားခဲ့သူများအတွက် ကာကွယ်ဆေးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဆွီဒင်ကျန်းမာရေးဌာနက ပြောကြားပြီး ကနဦးအားဖြင့် ဒီဇင်ဘာ ၁ ရက်အထိ ရပ်ဆိုင်းထားမည်ဟု ဆိုသည်။

နှလုံးကြွက်သားရောင်ရမ်းခြင်း၊ နှလုံးကို ဖုံးထားသည့်အလွှာ ရောင်ရမ်းခြင်းတို့ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားမည့် အန္တရာယ်မြင့်တက်လာသည့် အထောက်အထားကို လက်ခံရရှိထားသည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

“၁၉၉၁ ခုနှစ်မှာ မွေးသူတွေနဲ့ အဲဒီနောက်ပိုင်းမွေးသူတွေအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Moderna ရဲ့ Spikevax ကာကွယ်ဆေး အသုံးပြုတာကို ရပ်ဆိုင်းဖို့ ပြည်သူ့ကျန်းမာရေးဌာနက ဆုံးဖြတ်ခဲ့ပါတယ်” ဟု ယင်းဌာနက ထုတ်ပြန်ခဲ့ပြီး အဆိုပါအသက်အရွယ်အုပ်စုများသည် Moderna ကာကွယ်ဆေးအစား Pfizer/BioNTech ကာကွယ်ဆေးထိုးနှံမှု ခံယူသင့်သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။

ဘေးထွက်ဆိုးကျိုး အန္တရာယ်သည် ဒုတိယအကြိမ် Moderna ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းနှင့် အထူးသဖြင့် ဆက်စပ်နေပြီး ဒုတိယအကြိမ်ထိုးနှံပြီးနောက် သီတင်းပတ် အနည်းငယ်အတွင်း လူငယ်လူရွယ်များနှင့် ယောကျ်ားလေးများတွင် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မှု ပိုမိုများပြားသည်ဟု ဆွီဒင်ပြည်သူ့ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။

ရောဂါလက္ခဏာများသည် သူ့ဘာသာသူ ပြောင်းလဲသွားလေ့ရှိသည် ဆိုသော်လည်း ဆရာဝန်က အကဲဖြတ်ပေးသင့်သည်ဟု ဆိုသည်။

“မကြာသေးခင်က Moderna ကာကွယ်ဆေးကို ပထမအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ်ထိုးနှံမှု ခံယူထားသူတွေအနေနဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ် အလွန်နည်းတဲ့အတွက် စိုးရိမ်နေဖို့ မလိုပါဘူး” ဟု နိုင်ငံ၏ကပ်ရောဂါပညာရှင် အန်ဒါးစ်တက်နယ်လ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များသည် ဆွီဒင်နိုင်ငံ၏ ဒေသဆိုင်ရာ ခရိုင်ကျန်းမာရေးဌာနများအတွက် လမ်းညွှန်ဖြစ်ပြီး ၎င်းတို့ကို ယေဘုယျအားဖြင့် လိုက်နာကြရမည်ဟု ဆိုသည်။

အဆိုပါ အသက်အရွယ်အုပ်စုအတွင်းမှ လူ ၈၁၀၀၀ ခန့်မှာ ဆွီဒင်နိုင်ငံတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ခံယူထားကြပြီး ဖြစ်သော်လည်း ၎င်းတို့ကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကမ်းလှမ်းမည်မဟုတ်ဟု ဆွီဒင်ပြည်သူ့ ကျန်းမာရေးဌာနက ဖြည့်စွက်ဖော်ပြခဲ့ပြီး ဤအုပ်စုအတွက် အကောင်းဆုံးအဖြေကို ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ဒိန်းမတ်တွင် Pfizer ကာကွယ်ဆေးကို အသက် ၁၂ နှစ်မှ ၁၇ နှစ် အရွယ်ရှိသူများကိုသာ ထိုးနှံပေးနေသည်။


READ NEXT
Cancel OK