Top News

၎င်း၏ ငြိမ်းချမ်းရေးနိုဘယ်ဆုသည် ဂျာနယ်လစ်များ အားလုံးအတွက် ဖြစ်သည်ဟု ဖိလစ်ပိုင် ဂျာနယ်လစ် ရက်ဆာ ပြောကြား
24htopnews | December 19, 2024 6:12 AM CST

၎င်း၏ ငြိမ်းချမ်းရေးနိုဘယ်ဆုသည် ကမ္ဘာတစ်ဝန်းရှိ ဂျာနယ်လစ်များအားလုံးအတွက် ဖြစ်သည်ဟု နိုဘယ်ဆုရှင်ဖြစ်သည့် ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာက အောက်တိုဘာလ ၉ ရက်တွင် ပြောကြားခဲ့ပြီး  သတင်းလွတ်လပ်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုခဲ့သည်။

Rappler သတင်းဝက်ဘ်ဆိုက် ပူးတွဲတည်ထောင်သူဖြစ်သည့် ရက်ဆာနှင့် ရုရှားဂျာနယ်လစ် ဒီမီထရီ မူရာတော့ဗ်တို့သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ်ပေးသည့် ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများအတွက် အောက်တိုဘာ ၈ ရက်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲချီးမြှင့်ခံခဲ့ရသည်။

“ဒီဆုဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဂျာနယ်လစ်အားလုံးအတွက် ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ရှေ့တန်းထွက်ပြီး ကူညီကြဖို့လိုပါတယ်။ ဒီနေ့အချိန်အခါမှာ ဂျာနယ်လစ်တစ်ဦးဖြစ်ရတာ ပိုမိုခက်ခဲလာပြီး ပိုပြီးတော့ အန္တရာယ်များလာပါတယ်” ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား ဝေဖန်သူဖြစ်သည့် ရက်ဆာက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သတင်းအဖွဲ့များနှင့် အခွင့်အရေးတက်ကြွ လှုပ်ရှားသူများကလည်း ရက်ဆာ၏ နိုဘယ်ဆုရရှိမှုသည် ဂျာနယ်လစ်များအတွက် အန္တရာယ်အများဆုံးနိုင်ငံများထဲတွင် ပါဝင်သည့် ဖိလစ်ပိုင်နိုင်ငံတွင် အောင်မြင်မှုတစ်ခု ဖြစ်သည်ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။


READ NEXT
Cancel OK