
အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရနှင့် တာလီဘန်အုပ်စုအကြား ပထမဆုံးအကြိမ် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၉ ရက်တွင် စတင်ပြုလုပ်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။
ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် အောက်တိုဘာ ၉ ရက်မှ ၁၀ ရက်အထိ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အကြီးတန်း တာလီဘန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ဆိုသည်။
အမေရိကန်တပ်များ ရုပ်သိမ်းပြီးနောက် သြဂုတ်လထဲတွင် ကာလရှည်ရန်ဘက်ဖြစ်သော တာလီဘန်တို့က အာဖဂန်၏ မြို့တော်ကဘူးကို သိမ်းယူခဲ့ပြီးနောက်တွင်လည်း အမေရိကန်အစိုးရသည် တာလီဘန်တို့နှင့် ဆက်သွယ်မှုများ ဆက်ရှိနေသည့်တိုင် အဆိုပါတွေ့ဆုံမှုသည် ပထမဆုံးအကြိမ် မျက်နှာစုံညီ တွေ့ဆုံမှုဖြစ်သည်။
“အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အာဖဂန်ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရရှိပြီး ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းရေးအတွက် ကျွန်တော်တို့အနေနဲ့ တာလီဘန်တွေကို တွန်းအားပေးသွားမှာ ဖြစ်တယ်” ဟု ၎င်းပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားသည်။
အာဖဂန်နစ္စတန်သည် စီးပွားရေးကျဆင်းမှု ဆိုးရွားစွာဖြစ်ပေါ်နိုင်ခြေနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနှင့်ပါ ရင်ဆိုင်ရနိုင်သည့် အလားအလာမျိုးရှိနေစဉ် အကူအညီလိုအပ်နေသည့် ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် တာလီဘန်တို့ကို တွန်းအားပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ယင်းကဲ့သို့ တွေ့ဆုံမှုသည် အမေရိကန်အစိုးရအနေဖြင့် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ အုပ်ချုပ်မှုကို အသိအမှတ်ပြုသည့် သဘောမျိုးမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အလေးအနက် ပြောဆိုခဲ့သည်။
“တရားဝင်ဖြစ်လာရေးဟာ တာလီဘန်တွေရဲ့ လုပ်ရပ်အပေါ်မှာ မူတည်နေတယ်ဆိုတာကို မိမိတို့ဘက်က ပြတ်ပြတ်သားသား ယုံကြည်လက်ခံထားဆဲဖြစ်တယ်” ဟုလည်း နိုင်ငံခြားရေးဌာနက ပြောခွင့်ရက ဆိုသည်။
အမေရိကန်နိုင်ငံသားများနှင့် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း စစ်ဆင်ရေးလှုပ်ရှားမှုများ၌ ပါဝင်ခဲ့သည့် အာဖဂန်မဟာမိတ်များအနေဖြင့် အာဖဂန်မှ ထွက်ခွာခွင့်ရရေးကို ဦးတည်သည့် သမ္မတဂျိုးဘိုင်ဒင်၏ အဓိကဦးစားပေး အစီအစဉ်နှင့် ပတ်သက်ပြီးလည်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အလေးထား ပြောဆိုသွားမည်ဖြစ်သည်။
တာလီဘန်တို့သည် အာဖဂန်မှ အမေရိကန်နိုင်ငံသားများကို ထွက်ခွာခြင်းပြုရေးအတွက် အလေးအနက် ပူးပေါင်းဆောင်ရွက်နေသည်ဟု အမေရိကန်က ဆိုသည်။ အာဖဂန်မှ ထွက်ခွာခြင်းပြု၊မပြု မဆုံးဖြတ်ရသေးသော အာဖဂန်အခြေစိုက် အမေရိကန်နိုင်ငံသားများ အပါအဝင် လူတစ်ရာခန့် ကျန်ရှိနေဆဲဖြစ်သည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
သြဂုတ်လထဲတွင် အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဖရန့်ခ်မက်ကင်ဇီ အပါအဝင် အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိများသည် ကဘူးမြို့တွင် တာလီဘန်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်