Top News

အောက်တိုဘာလ ပထမပတ်အတွင်း COVID-19 ကြောင့် သေဆုံးသူ ၃၀၀ နီးပါးရှိပြီး ပိုးတွေ့ရှိမှု ရှစ်ရာခိုင်နှုန်း ဝန်းကျင်ရှိ
24htopnews | December 19, 2024 6:12 AM CST

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ပထမပတ်အတွင်း COVID-19 ကြောင့် သေဆုံးသူ ၃၀၀ နီးပါးရှိပြီး ပိုးတွေ့ရှိမှု ရှစ်ရာခိုင်နှုန်း ဝန်းကျင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရောဂါပိုး စစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့ရှိမှုအနေဖြင့် အောက်တိုဘာ ၁ ရက်တွင် ၇ ဒသမ ၈၃ ရာခိုင်နှုန်း၊ အောက်တိုဘာ ၂ ရက်တွင် ၆ ဒသမ ၆၇ ရာခိုင်နှုန်း၊ အောက်တိုဘာ ၃ ရက်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း၊ အောက်တိုဘာ ၄ ရက်တွင် ၇ ဒသမ ၆၈ ရာခိုင်နှုန်း၊ အောက်တိုဘာ ၅ ရက်တွင် ၈ ဒသမ ၄၁ ရာခိုင်နှုန်း၊ အောက်တိုဘာ ၆ ရက်တွင် ၈ ဒသမ ၄၂ ရာခိုင်နှုန်း၊ အောက်တုုိဘာ ၇ ရက်တွင် ၇ ဒသမ ၄၄ ရာခိုင်နှုန်း ရှိခဲ့သည်။

သေဆုံးသူအနေဖြင့် အောက်တိုဘာ ၁ ရက်တွင် သေဆုံးသူ ၅၄ ဦး၊ အောက်တိုဘာ ၂ ရက်တွင် ၄၆ ဦး၊ အောက်တိုဘာ ၃ ရက်တွင် ၄၈ ဦး၊ အောက်တိုဘာ ၄ ရက်တွင် ၃၈ ဦး၊ အောက်တိုဘာ ၅ ရက်၌ ၃၆ ဦး၊ အောက်တိုဘာ ၆ ရက်တွင် ၄၁ ဦး၊ အောက်တိုဘာ ၇ ရက်တွင် ၃၆ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂၉၉ ဦးရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့ရှိမှု သိသိသာသာလျော့ကျခဲ့သည့် စက်တင်ဘာလအစပိုင်းတွင် သေဆုံးသူဦးရေ ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး လကုန်ပိုင်းတွင် သေဆုံးသူဦးရေ ၅၀ ဝန်းကျင်အထိ လျော့ကျကာ တစ်လအတွင်းသေဆုံးသူ စုစုပေါင်း ၂၃၄၆ ဦး ရှိခဲ့သည်။

ထို့ပြင် ရောဂါပိုးစစ်ဆေးနိုင်မှုအရ စက်တင်ဘာ ၁ ရက်တွင် ၈ ဒသမ ၅၁ ရာခိုင်နှုန်း၊ စက်တင်ဘာ၂ ရက်တွင် ၉ ဒသမ ၈ ရာခိုင်နှုန်း၊ စက်တင်ဘာ ၃ ရက်တွင် ၁၀ ဒသမ ၂၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၄ ရက်တွင် ၉ ဒသမ ၆၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၅ ရက်တွင် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်း၊ စက်တင်ဘာ ၆ ရက်တွင် ၁၀ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင်ဘာ ၇ ရက်တွင်  ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ စက်တင်ဘာ ၈ ရက်တွင် ၁၀ ဒသမ ၆၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၉ ရက်တွင် ၉ ဒသမ ၀၁ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၀ ရက်တွင် ၈ ဒသမ ၄၇ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၁ ရက်တွင် ၉ ဒသမ ၀၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၂ ရက်တွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၃ ရက်တွင် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၄ ရက်တွင် ၉ ဒသမ ၇၅ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၅ ရက်တွင် ၉ ဒသမ ၉၅ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၆ ရက်တွင် ၈ ဒသမ ၇၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၇ ရက်တွင် ၉ ဒသမ ၅၉ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၈ ရက်တွင် ၉ ဒသမ ၂၄ ရာခိုင်နှုန်း၊ စက်တင်ဘာ ၁၉ ရက်တွင် ၉ ဒသမ ၀၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၀ ရက်တွင် ၉ ဒသမ ၁၆ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၁ ရက်တွင် ၈ ဒသမ ၁၉ ရာ ခိုင်နှုန်း၊ စက်တင်ဘာ၂၂ ရက်တွင် ၉ ဒသမ ၀၁ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၃ ရက်တွင် ၈ ဒသမ ၈၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၄ ရက်တွင် ၉ ဒသမ ၀၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၅ ရက်တွင် ၈ ဒသမ ၅၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၆ ရက်တွင် ၈ ဒသမ ၃၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၇ ရက်တွင် ၇ ဒသမ ၂၃ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၈ ရက်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ စက်တင်ဘာ ၂၉ ရက်၌ ၈ ဒသမ ၂၄၊ စက်တင်ဘာ ၃၀ ရက်တွင် ၈ ဒသမ ၀၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါ ပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုးဖြစ်ပွားလာကာ ဇွန်လအတွင်း ပိုးတွေ့လူနာ နေ့စဉ် ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ရှိခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူ မြင့်တက်ခဲ့ကာ သေဆုံးသူ စုစုပေါင်း ၆၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ပိုးတွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်မှုအရ သိရသော်လည်း ယင်းကာလတွင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မိမိနေအိမ်တွင်ပင် ဆေးကုသမှုပြုလုပ်ခဲ့ကြကာ COVID-19 သံသယလက္ခဏာများဖြင့် အမြို့မြို့အနယ်နယ်တွင် သေဆုံးသူအများအပြားခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။            

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု အခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့စဉ်ရောဂါပိုုးတွေ့ရှိမှု မြင့်တက်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၅ ရက်နောက်ပိုင်းတွင် ပိုးတွေ့ရှိမှုရာခိုင်နှုန်း ပြန်လည်လျော့ကျပြီး ရာခိုင်နှုန်း ၂၀ ကျော်တွင် တွေ့ရှိလာပြီး သေဆုံးသူများအနေဖြင့် နေ့စဉ် ၁၀၀ ကျော်မှ ၂၀၀ ဝန်းကျင်အထိရှိကာ သြဂုတ်လတစ်လအတွင်း သေဆုံးသူ ၆၀၀၀ ကျော်ရှိခဲ့သည်။


READ NEXT
Cancel OK