
ဗြိတိန်က လာမည့်နှစ်အတွက် ယူကရိန်းထံပေးမည့် စစ်ရေးအကူအညီသစ် ပေါင် ၂၂၅သန်း (ကန်ဒေါ်လာ ၂၈၆ သန်း) ကို ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့ရာ ပေးအပ်မည့် စစ်လက်နက်ပစ္စည်းများထဲတွင် ဒရုန်းများ၊ သင်္ဘောငယ်များ၊ လေကြောင်းကာကွယ်ရေးစနစ်များ ပါဝင်သည်။
ဒီဇင်ဘာ ၁၈ ရက်တွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီကိယက်ဗ်ကို သွားခဲ့ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စတမ်အူမာနော့နှင့် ဆွေးနွေးခဲ့ပြီးနောက် ဗြိတိန်အစိုးရက စစ်ရေးအကူအညီသစ်များကို ကြေညာလိုက်ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးနှစ်ဦး ဆွေးနွေးရာတွင် ဗြိတိန်က ၂၀၂၅ ခုနှစ်တွင် ယူကရိန်းကို အကူအညီများ ပိုမိုပေးမည်ဟုလည်း ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီက ပြောကြားခဲ့သည်။
“ရဲရင့်တဲ့ ယူကရိန်းပြည်သူတွေဟာ မချိုးနှိမ်နိုင်တဲ့ စိတ်ဓာတ်တွေနဲ့ မျှော်မှန်းချက် အားလုံးကို ဆက်လက်အာခံနေတာကြောင့် ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်ဖို့ အမိန့်ပေးခဲ့ပြီးနောက် သုံးနှစ်အကြာမှာ သူ့ရဲ့အတွက်အချက်မှားယွင်းမှုဟာ ပိုမိုရှင်းလင်းလာပါတယ်” ဟု ဟီးလီက ပြောကြားခဲ့သည်။
“ဒါပေမဲ့ အာခံတာကို သူတို့ချည်းပဲ မလုပ်နိုင်ပါဘူး” ဟု ဟီးလီက ဖြည့်စွက်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် ဗြိတိန်၏ ပံ့ပိုးမှုသည် ပြောင်းလဲ၍မရအောင် အလွန်ခိုင်မာနေပြီး ဗြိတိန်အနေဖြင့် ပူတင် အနိုင်မရစေရန် အမြဲပခုံးချင်းယှဉ် ရပ်တည်သွားလိမ့်မည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ဗြိတိန်၏လေဘာအစိုးရအဖွဲ့သစ်က ယူကရိန်းအတွက် စစ်ရေးအကူအညီ တစ်နှစ်ကို ပေါင်သုံးဘီလျံကို ၂၀၃၀-၂၀၃၁ အထိ ပေးသွားမည်ဟု ဇူလိုင်လတွင် ကတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်