Top News

အိန္ဒိယရေတပ်၏ စပိဘုတ်နှင့် ကူးတို့သင်္ဘော တိုက်မိခဲ့ပြီး လူ ၁၃ ဦး သေဆုံး
24htopnews | December 19, 2024 10:12 PM CST

အိန္ဒိယ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မွန်ဘိုင်းတွင် အိန္ဒိယရေတပ်၏ စပိဘုတ်တစ်စင်းက စမ်းသပ်မောင်းနှင်နေချိန်အတွင်း အရှိန်မထမ်းနိုင်ဘဲ ကူးတို့သင်္ဘောတစ်စင်းကို ဝင်တိုက်မိသဖြင့် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေတပ်နှင့်အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။

 အိန္ဒိယသတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည့်ဗီဒီယိုမှတ်တမ်းများအတွင်း စပိဘုတ်တစ်စင်းသည် ကူးတို့သင်္ဘောကို အရှိန်ပြင်းပြင်းဝင်တိုက်ခဲ့ပုံကိုမြင်တွေ့ရသည်။ ထို့နောက် နောက်ပိုင်းထွက်ပေါ်လာသည့် ဓာတ်ပုံများတွင် ကူးတို့သင်္ဘောနစ်မြုပ်ခဲ့သည့်ပုံများကို တွေ့ရသည်။

“လူ ၁၃ ဦးသေဆုံးတယ်လို့ ဆရာဝန်တွေက ကြေညာခဲ့ပါတယ်”ဟု မဟာရက်ရှ်ထရာပြည်နယ် ဝန်ကြီးချုပ် ဒီဗန်ဒရာဖက်နာဗစ်က သတင်းထောက်များကို ပြောကြားခဲ့ပြီး လူ ၁၀၀ ကျော်ကို ကယ်တင် နိုင်ခဲ့သည်ဟုဆိုသည်။

ကူးတို့သင်္ဘောသည် ကိုလိုနီခေတ်ကတည်ဆောက်ခဲ့သည့် အထိန်းအမှတ်အဆောက်အအုံဖြစ်သည့် Gateway of India မှ ဆင်ကျွန်းသို့သွားရောက်ချိန်တွင် အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရေတပ်၏ စပိဘုတ်သည် အင်ဂျင်စမ်းနေချိန်အတွင်း ထိန်းချုပ်မှုချွတ်ယွင်းကာ ကူးတို့သင်္ဘောကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယရေတပ်က ထုတ်ပြန်ခဲ့သည်။ သေဆုံး သူ ၁၃ ဦးအနက် ရေတပ်အမှုထမ်းတစ်ဦးပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။  

Ref: AFP


READ NEXT
Cancel OK