
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်ရှိကာ ရာအိုကေဘားတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၁၁ ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းမီးလောင်မှုဖြစ်စဉ်သည် ရှို့မီးဟုသံသယရှိကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ရက် တွင် ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားသည့် နေရာတွင် ရိုက်ကူးထားသော ဓာတ်ပုံများအရ အထပ်မြင့်အဆောက်အအုံတွင် မီးတောက် များမှထွက်ရှိလာသော မီးခိုးများဖြင့်မဲမှောင်နေသည်။ဒီဇင်ဘာ ၁၉ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် မီးလောင်နေကြောင်းနှင့်မီးအတွင်း လူအများအပြား ပိတ်မိနေကြောင်း သတင်းရရှိခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားသည့်နေရာကိုအလျင်အမြန်လာရောက်ပြီး လူခုနစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကာ၎င်းင်းတို့ထဲမှနှစ်ဦးကို ဆေးရုံပို့ပေးခဲ့ပြီး နောက်ထပ် ၁၁ ဦးကို သေဆုံးလျက်အနေအထားဖြင့် တွေ့ရှိခဲ့သည်။
“ဒီမီးလောင်မှုဟာ ရှို့မီးဖြစ်ပြီးသံသယရှိသူကို ဖမ်းဆီးထားပါတယ်”ဟုဟနွိုင်းရဲတပ်ဖွဲ့က ဆိုသည်။မျက်မြင်တွေ့ရှိသူများ၏အဆိုအရ မီးကြီးသောကြောင့် ပိတ်မိနေသူများကို မည်သူမှ မကယ်တင်ရဲကြောင်း ပြောပြခဲ့သည်။အဆောက်အအုံ၏ ဝရံတာတွင်သတ္တု ဘားအပျက်အစီးများဖြင့် ပိတ်နေသောကြောင့် လွတ်မြောက်နိုင်ရန်ခက်ခဲခဲ့ဖွယ်ရှိသည်။အခင်းဖြစ်ပွားသည့်နေရာ၌မီးသတ်ယာဉ် ၁၀ စီးကျော်နှင့်လူနာတင်ကားများကို တွေ့ရသည်ဟုဆိုသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်