
အာဖဂန်နစ္စတန်တွင် ဘတ်စ်ကားနှစ်စီး၊ လောင်စာတင်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးပါဝင်သည့် ယာဉ်မတော်တဆမှုနှစ်ခုကြောင်း လူ ၅၂ ဥိးသေဆုံးကာ ၆၅ ဦးဒဏ်ရာရခဲ့ကြောင်းတာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ထိုမတော်တဆမှုများသည် ဂါဇ်နီပြည်နယ်၏ အဝေးပြေးလမ်းပေါ်တွင် ဒီဇင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုအဝေးပြေးလမ်းမသည် ကာဘူးမြို့တော်နှင့် ကန်ဒါဟာမြို့တို့ကို ဆက်သွယ်ထားသည့်လမ်းဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာ သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုအကြီးအကဲ ဟာမီဒူလာနီဆာက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
မတော်တဆမှုတစ်ခုတွင် ဘတ်စ်ကားတစ်စီးသည် ဂါဇ်နီပြည်နယ် အလယ်ပိုင်း ရှာဘက်ကျေးရွာအနီးတွင် လောင်စာတင်ကားတစ်စီးကို ဝင်တိုက်ခိုက်ခဲ့ဖြစ်သည်။ နောက်ထပ်မတော်တဆမှုတွင် ဘတ်စ် ကားတစ်စီးသည် အန်ဒါရက်ကွက်တွင် ထရပ်ကားတစ်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်းနီဆာက ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ်များစွာကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးများညံ့ဖျင်းကာ ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်